ကမ္ဘာ့သတင်း

စိတ်ကြွဆေးစွဲပြီး ဆေးပြတ်လပ်သဖြင့် ဟစ်တလာ သတ်သေခဲ့ ဟုဆို

မဲခေါင် 4 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၄ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် ဖြစ်စဉ်မှာ စစ်ရှုံးပြီး ဘန်ကာထဲ ပုန်းအောင်းနေရခြင်း သက်သက်ကြောင့် မဟုတ်ဘဲ စိတ်ကြွဆေး စွဲလမ်းလွန်းနေပြီး ဆေးရှာမရတော့သဖြင့် စိတ်ကစဉ့်ကလျား ဖြစ်ကာ သတ်သေခဲ့ခြင်း ဖြစ်သည်ဟု ဂျာမန်စာရေးဆရာ နော်မန်အိုလာ နောက်ဆုံးရေးသားသည့် Blitzed ဆိုသော စာအုပ်အတွင်း ထည့်သွင်း ရေးသားထားသည်။ ယင်းစာအုပ်သည် ဟစ်တလာနှင့် နီးစပ်ခဲ့သူများ၊ ဒိုင်ယာရီများ၊ ဆွေမျိုးများကို မေးမြန်း ပြုစုထားသည့် မှတ်တမ်းမှတ်ရာများနှင့်အတူ လူအများ မသိသေးသော ဟစ်တလာ၏ နောက်ခံ ဇာတ်ကြောင်းများကို ဖော်ထုတ် ရေးသားထားခြင်းဖြစ်သည်။ ဟစ်တလာ၏ နောက်ဆုံးရက်စွဲများတွင် စစ်ဘေးဒဏ်ကြောင့် ပြိုပျက်နေသည့် ဘာလင်မြို့၌

မဲခေါင်၊ ဖေဖော်ဝါရီ ၄

ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် ဖြစ်စဉ်မှာ စစ်ရှုံးပြီး ဘန်ကာထဲ ပုန်းအောင်းနေရခြင်း သက်သက်ကြောင့် မဟုတ်ဘဲ စိတ်ကြွဆေး စွဲလမ်းလွန်းနေပြီး ဆေးရှာမရတော့သဖြင့် စိတ်ကစဉ့်ကလျား ဖြစ်ကာ သတ်သေခဲ့ခြင်း ဖြစ်သည်ဟု ဂျာမန်စာရေးဆရာ နော်မန်အိုလာ နောက်ဆုံးရေးသားသည့် Blitzed ဆိုသော စာအုပ်အတွင်း ထည့်သွင်း ရေးသားထားသည်။

ယင်းစာအုပ်သည် ဟစ်တလာနှင့် နီးစပ်ခဲ့သူများ၊ ဒိုင်ယာရီများ၊ ဆွေမျိုးများကို မေးမြန်း ပြုစုထားသည့် မှတ်တမ်းမှတ်ရာများနှင့်အတူ လူအများ မသိသေးသော ဟစ်တလာ၏ နောက်ခံ ဇာတ်ကြောင်းများကို ဖော်ထုတ် ရေးသားထားခြင်းဖြစ်သည်။

ဟစ်တလာ၏ နောက်ဆုံးရက်စွဲများတွင် စစ်ဘေးဒဏ်ကြောင့် ပြိုပျက်နေသည့် ဘာလင်မြို့၌ မြေအောက် ဘန်ကာထဲတွင်သာ နေထိုင်နေခဲ့ရကာ ဆရာဝန်များက စိတ်ဓာတ်မကျစေရေး မူးယစ်ဆေးဝါးများ သုံးခိုင်းခဲ့ရာမှ နောက်ပိုင်းတွင် အလွန်အကျူး စွဲလမ်းသွားခဲ့ခြင်း ဖြစ်သည်ဟု စာရေးဆရာအိုလာက ရေးသားထားသည်။

ဟစ်တလာသည် နာဇီပါတီ အာဏာမရမီ ၁၉၃၀ ပြည့်နှစ်အထိ အရက်မသောက်၊ အသီးအရွက်သာစားပြီး အမျိုးသမီးများကို ထိပင်မထိသူအဖြစ် ရင်းနှီးသူတိုင်း သိရှိခဲ့ကြသည်။

ထို့ကြောင့် ၁၉၃၃ ခုနှစ်တွင် နာဇီပါတီ အာဏာရပြီးနောက် အဆိပ်အတောက်ဖြစ်စေသည့် မည်သည့် မူးယစ်ဆေးမှ သုံးစွဲခွင့်မရှိဟု အမိန့်ထုတ်ခဲ့သေးသည်။

သုံးစွဲသူများကို ရာဇဝတ်သားများအဖြစ် ဖမ်းဆီးထောင်ချခြင်း၊ ချွေးတပ်သားအဖြစ် ခိုင်းစေခြင်းများဖြင့် ဒဏ်ပေးနေခဲ့သော်လည်း ဟစ်တလာသည် အရပ်ပု၊ ရုပ်သွင်ပြင် မတင့်တယ်မှုအတွက် အာဏာကြီးထွားလာလေ သိမ်ငယ် စိတ်၊ ရှက်ရွံ့စိတ်များလေ ဖြစ်လာရာမှ ၎င်း၏ ကိုယ်ရေးဆရာဝန် သီယိုမော်ရဲလ်က ကနဦး ၁၉၃၆ တွင် ဗီတာမင် ဆေးများ ထိုးသွင်းမှု စတင်လုပ်ဆောင်ခဲ့သည်။

၎င်းအား ၁၉၃၇ ခုနှစ်မှစတင်ပြီး တက်စတိုစတီရုန်း ဟော်မုန်းဆေးများ စတင်ထိုးပေးခဲ့ဟု ဆိုသည်။

ထို့နောက် ၁၉၄၁ ခုနှစ်တွင် ဟစ်တလာသည် အလွန်ဖျားနာနေရာ ဗီတာမင်များထိုးခြင်းက အဖျားကို မပျောက်ကင်းစေနိုင်သဖြင့် ဆရာဝန်မော်ရဲလ်က တိရစ္ဆာန်ဟော်မုန်းနှင့် Eukodal ခေါ် ဟီးရိုးအင်းနှင့် အစွမ်းသတ္တိ တူသည့် ဆေးများကို ကော့တေးသဖွယ် ဖျော်စပ်ကာ ထိုးသွင်းပေးခဲ့သည်။

Eukodal သည် နာကျင်ကိုက်ခဲမှုကို သက်သာစေသလို ရဲတင်းစေပြီး အကြောက်တရားကို ဖျောက်ဖျက် ပေးစေနိုင်ကာ စစ်သားများအဆက်ဆက် အသုံးပြုခဲ့သည့် စိတ်ကြွမူးယစ်ဆေးဟု အမေရိကန် စိတ်ရောဂါကု ဆရာဝန် ဒေါက်တာဒေးဗစ်ပက်ဒါက ပြောသည်။

“ ဗီလိန်တိုင်းမှာ အကျင့်ဆိုး တစ်ခုတော့ အမြဲ တွဲရှိနေတယ်။ ဒီစိတ်ကြွဆေးက စိတ်ကို ပြောင်းလဲစေခဲ့တာက ဟစ်တလာကို ဒီလို ဆိုးသွမ်းစေခဲ့တာပဲ” ဟု ဒေးဗစ်ပက်ဒါက ဆိုသည်။

နောက်ပိုင်းတွင် ဟစ်တလာသည် Eukadol များကို နေ့စဉ် အကြိမ်များစွာ ထိုးသွင်းပြီး ၁၉၄၄ ခုနှစ်က ၎င်းပုန်း အောင်းရာ ဘန်ကာအနီး ဗုံးကွဲမှုကြောင့် နားစည် ပျက်စီးသွားပြီးနောက် တစ်နေ့ ကိုကင်း ၂ ကြိမ်ပါ ထိုးသွင်းလာသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

ဆရာဝန် ကိုယ်တိုင်ကလည်း ဟစ်တလာ လိုအပ်သည်ထက် ပိုများသော ဟီးရိုးအင်းနှင့် စိတ်ကြွဆေးများကို နေ့စဉ် ထိုးသွင်းပေးခဲ့ကာ နောက်ဆုံး စစ်ရှုံးမှုကြောင့် ထိုဟီးရိုးအင်းနှင့် Eukadol စိတ်ကြွဆေးများကို ၎င်းတပ်များအား ထွက်ရှာခိုင်းသော်လည်း မရနိုင်တော့သဖြင့် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလမှ စကာ ဟစ်တလာ စိတ်ကစဥ့်ကလျား ဖြစ် လာပြီး နောက် ၂ လအကြာတွင် ဘန်ကာအတွင်း ဟစ်တလာနှင့် ဇနီး အီဗာဘရောင်းတို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြခြင်း ဖြစ်သည်ဟု Blitzed စာအုပ်ထဲ ရေးသား ဖော်ပြခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွက် ဂျာမနီသည် မော်ဖိန်းအပါ မူးယစ်ဆးဆက်စပ် ဆေးဝါးများ အထွန်းကားဆုံး ကုန်သွယ်ထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး၁၉၃၆ ခုနှစ်တွင် ဘာလင်မြို့၌ ပထမဆုံး ဂျာမန် မီသိုင်း-အမ်ဖီတမင်း Pervitin စိတ်ကြွဆေး ထုတ်သည့် ကုမ္ပဏီ ထူထောင်ကာ ၁၉၃၉ ခုနှစ်မှ စတင်၍ ဂျာမန်နာဇီ စစ်သားများ သုံးစွဲစေရေး ဆေးလုံး ၃၅ သန်း ထုတ်လုပ်ပေးခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongnews
#ဟစ်တလာ
#စိတ်ကြွဆေးစွဲ
#ဆေးပြတ်လပ်
#သတ်သေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now