မဲခေါင်၊ ဖေဖော်ဝါရီ ၄
၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့များ စုံစမ်းဖော်ထုတ်ခဲ့သည့် မူးယစ်ဆေးဝါးတန်ချီ မှောင်ခိုကူးမှုတွင် ပါဝင်သူ ၈ ဦးစလုံးအား ကမ္ဘောဒီးယား တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ ချမှတ်လိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် တရားရုံးမှ ပြစ်ဒဏ်ချလိုက်ပြီး ၆ ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး တစ်ဦးမှာ ထိုင်ဝမ်သားဖြစ်ကာ နောက်တစ်ဦးမှာ အင်ဒိုနီးရှားသားတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် ကက်တမင်းနှင့် မက်သာဖက်တမင်း တစ်တန်ခွဲအထိ လာအိုမှ ကမ္ဘောဒီးယားနိုင်ငံအတွင်း သယ်ဆောင်လာပြီး ထိုမှတစ်ဆင့် ထိုင်ဝမ်သို့ မှောင်ခိုကူးရန် စီစဉ်နေစဉ် ကမ္ဘောဒီးယားဆိပ်ကမ်းမြို့ ဆီဟာနော့ခ်ရှိ စတန်ဟက်ဗ်ဆိပ်ကမ်း၊ ဖနွမ်ပင်တို့၌ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးမှုတွင် အလေးချိန် ၉၈၀ ကီလိုဂရမ်ရှိသော ကက်တမင်းဘလောက်တုံး ၁၀၀၀ ကျော်၊ အလေးချိန် ၅၃၀ ကီ လိုဂရမ်ရှိသော မက်သာဖက်တမင်း ဘလောက်တုံး ၅၃၄ တုံးတို့ ပါဝင်သည်ဟု သိရသည်။
ထိုမူးယစ်ဆေးများကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျူးလွန်သူ ၈ ဦးစလုံးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် တစ်ဦးလျှင် ဒဏ်ငွေ ဒေါ်လာတစ်သိန်းစီပါ ဒဏ်ရိုက်လိုက်သည်ဟု တရားရုံးက ကြေညာခဲ့သည်။
ကိုကလင်း
Ref: Crime Asia
#MeKongnews
#မူးယစ်ဆေးဝါး
#မှောင်ခိုကူးသူ
#ကမ္ဘောဒီးယား
#တစ်သက်တစ်ကျွန်း








