နိုင်ငံတကာသတင်း

ကမ္ဘောဒီးယားက ရန်စ ပစ်ခတ်ခဲ့ပါက ထိုင်းစစ်ဘက် တုံ့ပြန်ရန် အသင့်ရှိ

မဲခေါင် 2 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘောဒီးယားဘက်က ပစ်ခတ်မှုများ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်း – ကမ္ဘောဒီးယား နယ်စပ်အရေးကို ဆွေးနွေးရန် လမ်းကြောင်းများ ရှိနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်ဖွမ်ခက်ကောက ယနေ့ ပြောကြားသည်။ အပစ်အခတ်ရပ်စဲမှု တည်မြဲပြီး တင်းမာမှု အရှိန်မြင့်တက်ခြင်းများ မရှိစေရန် ထိုင်းနိုင်ငံက ကမ္ဘောဒီးယား နှင့်အတူ လုပ်‌ဆောင်နေသည်ဟု သီဟာဆက်က ပြောသည်။ သို့သော် တမင်တကာ ရန်စသလို ပစ်ခတ်မှုများ ရှိလာခဲ့ပါက ၎င်းတို့၏ အချုပ်အခြာကို ကာကွယ်သွားရန် ထိုင်းစစ်တပ်တွင် တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။ နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးမှာ

မဲခေါင်၊ ဖေဖော်ဝါရီ ၂

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘောဒီးယားဘက်က ပစ်ခတ်မှုများ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်း – ကမ္ဘောဒီးယား နယ်စပ်အရေးကို ဆွေးနွေးရန် လမ်းကြောင်းများ ရှိနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်ဖွမ်ခက်ကောက ယနေ့ ပြောကြားသည်။

အပစ်အခတ်ရပ်စဲမှု တည်မြဲပြီး တင်းမာမှု အရှိန်မြင့်တက်ခြင်းများ မရှိစေရန် ထိုင်းနိုင်ငံက ကမ္ဘောဒီးယား နှင့်အတူ လုပ်‌ဆောင်နေသည်ဟု သီဟာဆက်က ပြောသည်။

သို့သော် တမင်တကာ ရန်စသလို ပစ်ခတ်မှုများ ရှိလာခဲ့ပါက ၎င်းတို့၏ အချုပ်အခြာကို ကာကွယ်သွားရန် ထိုင်းစစ်တပ်တွင် တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးမှာ ဦးစားပေးဖြစ်ပြီး ဒေသဆိုင်ရာအဆင့်၌ ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

အချို့ဖြစ်ရပ်များမှာ နားလည်မှု လွဲမှားခြင်းများမှ ထွက်ပေါ်လာတတ်ကြောင်း သို့သော် စိုးရိမ်စရာ ဖြစ်ပေါ် မှုများကို ဆက်သွယ်ပြောဆိုမှု၊ အချက်အလက် စိစစ်မှုများဖြင့် ဖြေရှင်းရမည်ဟု ၎င်းက ဆက်ပြောကာ လက်ရှိ ယန္တရားများ အလုပ်ဖြစ်နေသည်ဟုလည်း ဆိုသည်။

မည်သို့ပင်ဆိုစေ မြေပြင်တွင်ဖြစ်စေ၊ ထုတ်ပြန်ချက်များတွင် ဖြစ်စေ ငြိစွန်းမှုများ၊ ရန်စမှုများ မရှိသော ရေရှည်တည်မြဲသည့် အပစ်ရပ်မှု လိုအပ်ကြောင်း သီဟာဆက်က အလေးပေး ပြောသည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပမည့် ဖေဖော်ဝါရီ ၈ ရက်အထိ မလိုလားအပ်သော ဖြစ်ရပ်များ မဖြစ်ပေါ် စေရန် အာမခံနိုင်ပါသလားဟု မေးမြန်းချိန်တွင်လည်း ထိုသို့ မဖြစ်ရေး သေချာရန်နှင့် အပစ်ရပ်မှုကို စစ်မှန်စွာ ထိန်းသိမ်းထားနိုင်ရန် ကမ္ဘောဒီးယားနှင့် ဆက်လက်၍ ထိတွေ့ဆက်ဆံမှုများ ရှိသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

တစ်ဖက်တွင်လည်း တပ်ဖွဲ့များနှင ့်လက်နက်များ ဖြည့်တင်းခြင်း၊ ကတုတ်ကျင်းတူးခြင်း သတင်းများ အပါအဝင် ကမ္ဘောဒီးယားဘက်ခြမ်းမှ လှုပ်ရှားမှုများကို ထိုင်းအာဏာပိုင်များက စောင့်ကြည့်နေသည်ဟု သီဟာဆက်က ပြောသည်။

ထိုင်းပိုင်နက်ကို ထိပါးလာခြင်း၊ သို့မဟုတ် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမျိုး ရှိလာခဲ့ပါက ထိုင်းဘက်ကလည်း လိုက်ဖက်စွာ တုံ့ပြန်သွားရလိမ့်မည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ဝင်ရောက်စွက်ဖက်မှုဟု ရှုမြင်နိုင်သော မှတ်ချက်များကို သတိထားရန် ကမ္ဘောဒီးယားကို သတိပေးထားသည်ဟုလည်း သီဟာဆက်က ဆိုကာ ထိုင်းဘက်ကလည်း ၎င်းတို့ ထုတ်ပြန်ချက်များတွင် ထိုသို့ ပြောဆိုမှုများကို ရှောင်ရှားသည်ဟုလည်း ပြောသည်။

အေး‌ကျော်
Ref: The Nation
#MeKongNews
#ကမ္ဘောဒီးယား
#ရန်စ
#ပစ်ခတ်
#ထိုင်းစစ်ဘက်
#တုံ့ပြန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now