မဲခေါင်၊ ဖေဖော်ဝါရီ ၂
အဖွဲ့ဝင်နိုင်ငံများ တာဝန်အရ ပေးရန်ရှိသော ငွေများကို မပေးကြခြင်းနှင့် အခြား အကြောင်းရင်းများကြောင့် လာမည့် ဇူလိုင်လအတွင်း အဖွဲ့အစည်းကြီးတွင် သုံးရန် ငွေကျန်တော့မည် မဟုတ်ဟု အဖွဲ့ဝင်နိုင်ငံတိုင်းအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စာရေးသား ထုတ်ပြန် သတိပေးသည်။
ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတအဖြစ် ဒုတိယအကြိမ်မြောက် ပြန်တက်လာပြီးနောက် ကုလသမဂ္ဂ စွမ်းဆောင်ချက်များ အကျိုးမရှိဟု ဆိုကာ ထောက်ပံ့မှုများကို အများအပြားလျှော့ချခြင်း၊ အခြား ကုလအဖွဲ့အစည်းများအား ထောက်ပံမှု ရပ်ဆိုင်းခြင်းများ လုပ်ဆောင်ခဲ့သဖြင့် အဖွဲ့အစည်းအတွင်း ဘဏ္ဍာရေး ပြိုလဲလုနီးဖြစ်နေပြီဟု ဂူတာရက်စ်က ထုတ်ပြန်ကာ အဖွဲ့ဝင်အဖြစ် ပေးရန် တာဝန်ရှိသော ငွေများကို မပေးကြသည့် နိုင်ငံများကြောင့် ဒုက္ခရောက်နေရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံများထံ စာရေးသား ပေးပို့ခဲ့ကြောင်း၊ ရှုပ်ထွေးပြီး အားနည်းသည့် စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာက မသုံးဖြစ်သော ငွေများကို သက်ဆိုင်ရာ နိုင်ငံများသို့ နှစ်စဉ် ပြန်ပြန် ပေးပို့နေရခြင်းက ယခုလို ပြဿနာကို ဖြစ်စေသည်ဟု ဖွင့်ဟခဲ့သည်။
၁၉၄၅ ခုနှစ်ကတည်းက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရန် ဖွဲ့စည်းခဲ့သည့် ကုလသမ္မဂအဖွဲ့ကြီးထံ ယခင်က အမေရိကန် တစ်နိုင်ငံတည်းက ဘတ်ဂျက်၏ ၂၂ ရာခိုင်နှုန်းကို စိုက်ထုတ်ပေးခဲ့ပြီး လက်ရှိတွင် အမေရိကန်သည် အဖွဲ့အစည်းအား ပုံမှန်ဘတ်ဂျက် ဒေါ်လာ ၂ ဒသမ ၁၉ သန်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် ဒေါ်လာ ၁ ဒသမ ၈၈ ဘီလီယံနှင့် ယခင် မစ်ရှင်များမှ အရှုံးပေါ်မှုက ဒေါ်လာ ၅၂၈ သန်း ပေးရန် ကျန်ရှိ နေသေးသည်ဟု သိရသည်။
ကိုကလင်း
Ref:Thenation
#MeKongNews
#ဇူလိုင်
#ငွေကြေး
#ပြတ်လပ်
#ပြိုလဲနိုင်
#ကုလအတွင်းရေးမှူးချုပ်








