မဲခေါင်၊ ဖေဖော်ဝါရီ ၁
ရုရှားသမ္မတပူတင်၏ အွန်လိုင်းနှိပ်ကွပ်ရေး မူဝါဒများကို ဦးစီးကာ ဆင်ဆာ ဖြတ်တောက်ပေးနေသော အကြီးအကဲအား ၁၆ နှစ်အရွယ် ကျောင်းသားလေးက ဓားဖြင့် သတ်ဖြတ်မှု ဖြစ်ခဲ့သည်ကို ပူတင်က ရုရှားစစ်ထောက်လှမ်းရေး – FSB အား မည်သူမျှ ထိုသတင်းမထုတ်ပြန်ရဟု မီဒီယာပိတ်ပင်မှု ပြုလုပ်ထားကြောင်း သိရသည်။
၂၀၁၇ ခုနှစ်ကတည်းက ရွေးကောက်ပွဲတွင် ဆက်ဆံရေးကိစ္စရပ်များ လုံခြုံမှုရှိစေရေး အကေင်းဆုံး စွမ်းဆောင်ပေးနိုင်သူအဖြစ် ပူတင်ကိုယ်တိုင် နာမည်တပ် ချီးကျူးခဲ့သော Roskomnadzor ဝါဒဖြန့် ဆင်ဆာဖြတ် တောက်ရေးအဖွဲ့၏ ဒုတိယအကြီးအကဲ အလက်ဇီဘီလျာအက်ဗ်ကို ဇန်နဝါရီ ၁၉ ရက် ကတည်းက Artem ဟုသာသိရသည့် ၁၆ နှစ်အရွယ် ကျောင်းသားလေးက Roskomnadzor ရုံးချုပ်မှ လမ်းပေါ်အထွက် ဓားဖြင့် ပွဲချင်းပြီး လုပ်ကြံခဲ့ခြင်းဖြစ်ကာ သတင်းမှောင် ချခိုင်းထားသော်လည်း ယင်းကလေး ကျောင်းလာမတက်ဘဲ ပျောက်သွားသလို မိခင်ဖြစ်သူက ကနဦး သားပျောက်ကြောင်း လူမှုကွန်ရက်ပေါ် တင်ပြီးမှ ပြန်ဖျက်လိုက်ခြင်း၊ အလက်ဇီဘီလျာအက်ဗ် အခွန်နံပါတ်ကို သေဆုံးစာရင်း သွင်းသူများထုံစံအတိုင်း ပယ်ဖျက်ထားခြင်းတို့ကြောင့် ဓားထိုးမှုဖြင့် သေဆုံးခဲ့သည်မှာ အမှန်ပင်ဖြစ်သည်ဟု ထောက်လှမ်းရေးချိတ်ဆက် တယ်လီဂရန် VChK-OGPU ချန်နယ်မှ ဖော်ထုတ် ရေးသားသွားခဲ့သည်။
Artem ဆိုသော ကျောင်းသားလေးသည် ဝက်ဘ်ဆိုက်များ၊ အနောက်တိုင်းမှ ထူထောင်ထားသည့် လူမှုကွန်ရက်များတွင် အလွန်အကျူး ဆင်ဆာဖြတ်တောက် ပိတ်ပင်မှုများ လုပ်နေသော အလက်ဇီဘီလျာအက်ဗ်အပေါ် မည်သည့် အမုန်းတရားကြောင့် သတ်ကြောင်း မသိနိုင်သော်လည်း ဒီဇင်ဘာလကတည်းက ထိုဆင်ဆာရုံးချုပ် Roskomnadzor အပြင်နားတွင် အလက်ဇီအား သတ်ဖြတ်ရန် ဓားဆောင်ထားပြီး ကြိုတင်ပြင်ဆင် စောင့်ဆိုင်းနေခဲ့သူဟု သိရသည်။
ထိုအမှုကို ပူတင်က တရားရေးစာရွက်စာတမ်းများပင် လုံး၀မထွက်စေဘဲ သတင်းမှောင် ချထားခိုင်းခြင်းဖြစ်သည်။
ဇန်နဝါရီလဆန်းပိုင်းက ရုရှား ပို့ကုန်စင်တာမှ ဒုဝန်ကြီးဟောင်း IT ဂုရု အလက်ဇီစကိုင်လျာကို ၎င်းနေအိမ်မှာပင် သေဆုံးနေသည်အား တွေ့ရပြီး ဘေးနားတွင် သေနတ်တွေ့ရှိသဖြင့် မိမိကိုယ်ကိုယ် သတ်သေခြင်းဟု ရုရှား အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ထို့အတူ ရုရှားရေနံသူဌေးကြီး ဗလာဒီဆလပ်သည်လည်း မကြာသေးမီက ဆိုက်ပရပ်စ်နေအိမ်တွင် ပုပ်ပွ သေဆုံးနေသည်ကို တွေ့ရှိရသလို ထိုမတိုင်ခင် ဇန်နဝါရီ ၈ ရက်က ဘက်ပြောင်းလိုနေသည် ဆိုသော ပူတင် ထောက်လှမ်းရေး GRU အဖွဲ့ဝင်ဟောင်း နိုင်ငံရေးသမား အန်တွန်ပန်နော့ဗ်သည်လည်း နီကိုးရှားရှိ ရုရှားသံရုံးအတွင်း ကြိုးဆွဲချ သေဆုံးနေခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ပူတင်
#ဝါဒဖြန့်ဆင်ဆာဌာန
#အကြီးအကဲ
#ကျောင်းသား
#အဆုံးစီရင်








