ကမ္ဘာ့သတင်း

ထရမ့် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ခဲ့သော်လည်း ဟွမ်မာနက်တွင် ပေးစရာ ဒေါ်လာ ၁ ဘီလီယံမရှိ

မဲခေါင် 28 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၈ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင် နိုင်ငံများတွင် ပါဝင်ခဲ့သည့် ကမ္ဘောဒီးယားမှာ အဖွဲ့ဝင်အဖြစ် ပေးရမည့်ဒေါ်လာ ၁ ဘီလီယံမရှိဟု ထိုင်းမီဒီယာများက ခေါင်းစဉ်တပ် ဖော်ပြကြသည်။ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ဂါဇာနှင့် ပဋိပက္ခသက်ရောက်နိုင်ငံများအား ငြိမ်းချမ်းရေးမစ်ရှင် တည်ဆောက်ကူညီပေးရေး အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဒေါ်နယ်ထရမ့်က ဖိတ်ခေါ်ခဲ့ရာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က လက်ခံခဲ့သဖြင့် ဝေဖန်မှုများစွာ ဖြစ်လာမှုအပေါ် ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၎င်းက ဇန်နဝါရီ ၂၆ ရက်တွင် တုံ့ပြန် ရှင်းလင်းခဲ့သည်။ ရေရှည်ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အမေရိကန်သမ္မတ အစီအစဉ်တွင် ရာနှုန်းပြည့် ပါဝင်မှုကို သက်သေပြကာ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ခြင်းသာ

မဲခေါင်၊ ဇန်နဝါရီ ၂၈

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင် နိုင်ငံများတွင် ပါဝင်ခဲ့သည့် ကမ္ဘောဒီးယားမှာ အဖွဲ့ဝင်အဖြစ် ပေးရမည့်ဒေါ်လာ ၁ ဘီလီယံမရှိဟု ထိုင်းမီဒီယာများက ခေါင်းစဉ်တပ် ဖော်ပြကြသည်။

ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ဂါဇာနှင့် ပဋိပက္ခသက်ရောက်နိုင်ငံများအား ငြိမ်းချမ်းရေးမစ်ရှင် တည်ဆောက်ကူညီပေးရေး အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဒေါ်နယ်ထရမ့်က ဖိတ်ခေါ်ခဲ့ရာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က လက်ခံခဲ့သဖြင့် ဝေဖန်မှုများစွာ ဖြစ်လာမှုအပေါ် ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၎င်းက ဇန်နဝါရီ ၂၆ ရက်တွင် တုံ့ပြန် ရှင်းလင်းခဲ့သည်။

ရေရှည်ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အမေရိကန်သမ္မတ အစီအစဉ်တွင် ရာနှုန်းပြည့် ပါဝင်မှုကို သက်သေပြကာ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ခြင်းသာ ဖြစ်ကြောင်း၊ သို့သော် စတင် ထူထောင်သည့် နိုင်ငံများတွင် ပါဝင်ခြင်းသည် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်သည်ဟု မဆိုလိုကြောင်းနှင့် စတင်ပါဝင်ပြီး ၃ နှစ်ပြည့်မှ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဆက်ပါဝင်လိုလျှင် ဒေါ်လာ ၁ ဘီလီယံ ပေးရခြင်း ဖြစ်သည့်အတွက် ပါဝင်ခြင်းသာဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ကုလသမဂ္ဂ ဖြေရှင်းရေးအဖွဲ့နှင့် မပတ်သက်ဘဲ ပြင်ပမှ သီးခြားအဖွဲ့အဖြစ် ထူထောင်ခြင်းသာဖြစ်ရာ ဥရောပရှိ ချမ်းသာသည့် နိုင်ငံများစွာပင် ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ရမည်ဆိုခြင်းကြောင့် မပါဝင်ခဲ့ကြပေ။

လက်ရှိအထိ ထရမ့်၏ ကမ်းလှမ်းမှုကို လက်ခံသည့် နိုင်ငံများတွင် ယူအေအီး၊ ဘာရိန်း၊ အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဘီလာရုစ်တို့ ပါဝင်ကာ ထိုင်းကိုလည်း ကမ်းလှမ်းထားရာတွင် ရွေးကောက်ပွဲအပြီး နောက်အစိုးရတက်မှ ပါခြင်း၊ မပါ ခြင်းဆုံးဖြတ်မည်ဟု တုံ့ပြန်ထားကြောင်း သိရသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထရမ့်
#ငြိမ်းချမ်းရေးဘုတ်အဖွဲ့
#ဟွမ်မာနက်
#ကမ္ဘောဒီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now