မဲခေါင်၊ ဇန်နဝါရီ ၂၂
အီရန်တွင် အုံကြွဆန္ဒပြမှု ၂၃ ရက်မြောက်နှင့် အင်တာနက် ဖြတ်တောက်ပြီး ၁၂ ရက်မြောက်တွင် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုများမှ သေဆုံးသူ ၁၈၀၀၀ နှင့် ၂ သောင်း ကြားရှိလာခဲ့ပြီဟု နော်ဝေ အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ – IHRC က ထုတ်ပြန်သွားသည်။
ယခု တွက်ချက်ထားသည့် သေဆုံးဦးရေသည် အတည်ပြုနိုင်သော ဦးရေသာဖြစ်ကာ မျက်မြင်များနှင့် စာရင်းမရသည့် သေဆုံးသူများနှင့် ပေါင်းလျှင် သေဆုံးစာရင်းမှာ အဆများစွာ ပိုများနိုင်ကြောင်းနှင့် အီရန်စစ်သား ဂျာဗစ်ခယ်လ်ဆိုသူသည် လက်နက်မဲ့ ပြည်သူများအား သေနတ်ဖြင့် ပစ်သတ်ခြင်း မလုပ်နိုင်ဟု အမိန့်ကို ဖီဆန်သဖြင့် နောက်ဆုံးတွင် သေဒဏ်ပေးခြင်း ခံခဲ့ရကြောင်းလည်း IHRC က ထုတ်ပြန်သွားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်ပြုစုထားသော ဆန္ဒပြသူများသေဆုံး ဒဏ်ရာရစာရင်းတွင် သေဆုံး ၁၈၀၀၀ ရှိကာ ဒဏ်ရာရသူ ၃ သောင်း ၆ ထောင် ဦးအထိ ရှိသည်ဟု ဆိုပြီး မျက်လုံးခွဲစိတ် ဖယ်ရှားလိုက်ရသည့် လူနာ ၇၀၀ ကျော် ရှိသည်ဟု သိရှိရသည်။
အီရန် စစ်တပ်သည် ဆန္ဒပြသူ ၁၀၀၀ ကျော်ကို မျက်လုံးများ ကန်းစေသည့် ဓာတုလက်နက်များ သုံးပြီးမှ မျက်နှာများအား သေနတ်ဖြင့် ကျည်ကတ်လိုက် ချိန်ပစ်သည့် သက်သေများလည်း စတင် ထွက်ပေါ်လာနေရာ အာဏာ မစွန့်လွှတ်ရရန် ခါမီနီ ခေါင်းဆောင်သော အီရန် လက်နက်ကိုင်တပ်များသည် တစ်အိမ်တက်ဆင်း တံခါးခေါက်ပြီး ဆန္ဒပြသူအားလုံးကို လူမျိုးတုံး သတ်ဖြတ်လာဖွယ် ရှိနေသည်ဟု သုံးသပ်နေကြသည်။
ဆန္ဒပြသူများကို သတ်ဖြတ်လျှင်၊ ဖမ်းဆီးထားသူများကို ကြိုးပေးကွပ်မျက်လျှင် လာရောက် တိုက်ခိုက်ရမည်ဟု ဒေါ်နယ်ထရမ့်က သတိပေးပြီးနောက် အီရန်အာဏာပိုင်များက မည်သူ့ကိုမျှ ကြိုးပေး သတ်ဖြတ်ခြင်းမရှိဟု အကြောင်းပြန်သဖြငအီရန်အား ဝင်တိုက်ရန့်် ထရမ့်ဘက်မှ ဆိုင်းငံ့လိုက်ပြီး ဂရင်းလန်းအား ရရှိရေး ဦးစားပေး ကြိုးပမ်းနေချိန် အီရန်တွင် လူပေါင်းများစွာ ထပ်မံသေဆုံးနေရခြင်း ဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#ဆန္ဒပြမှု
#သေဆုံးသူ
#လူမျိုးတုံးသတ်ဖြတ်








