ကမ္ဘာ့သတင်း

ဥရောပနိုင်ငံများ အပေါ် အခွန်တိုးမြှင့်မည့် အစီအစဉ် ဒေါ်နယ်ထရမ့် ပြန်ရုပ်သိမ်း

မဲခေါင် 22 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၂ ဂရင်းလန်းကျွန်းအား အမေရိကန်က သိမ်းယူရန် ကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဥရောပ ၈ နိုင်ငံအပေါ် ၁၀ ရာ ခိုင်နှုန်း အခွန် တိုးမြှင့်မည့် အစီအစဉ်ကို ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်အတွင်း နေတိုး အထွေထွေ အတွင်းရေးမှူးချုပ် မာ့ခ်ရုတေးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ အခွန်တိုးမြှင့်မှုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဆွေးနွေးမှုတွင် ဂရင်းလန်းနှင့် အာတိတ်ဒေသတစ်ဝန်း ကိစ္စရပ်များအတွက် အနာဂတ် သဘောတူညီချက်ဆိုင်ရာ မူဘောင်တစ်ခုကို ရရှိခဲ့သည်ဟု ထရမ့်က ဆိုသည်။ ထို့ပြင် ၎င်း၏ ရွှေကွန်ချာ

မဲခေါင်၊ ဇန်နဝါရီ ၂၂

ဂရင်းလန်းကျွန်းအား အမေရိကန်က သိမ်းယူရန် ကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဥရောပ ၈ နိုင်ငံအပေါ် ၁၀ ရာ ခိုင်နှုန်း အခွန် တိုးမြှင့်မည့် အစီအစဉ်ကို ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်အတွင်း နေတိုး အထွေထွေ အတွင်းရေးမှူးချုပ် မာ့ခ်ရုတေးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ အခွန်တိုးမြှင့်မှုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယင်းဆွေးနွေးမှုတွင် ဂရင်းလန်းနှင့် အာတိတ်ဒေသတစ်ဝန်း ကိစ္စရပ်များအတွက် အနာဂတ် သဘောတူညီချက်ဆိုင်ရာ မူဘောင်တစ်ခုကို ရရှိခဲ့သည်ဟု ထရမ့်က ဆိုသည်။

ထို့ပြင် ၎င်း၏ ရွှေကွန်ချာ – Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ဂရင်းလန်း ပါဝင်လာရေးနှင့် ပတ်သက်၍လည်း ဆက်လက် ဆွေးနွေးသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့မှ တင်သွင်းသော ကုန်စည်များအပေါ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ၁၀ ရာခိုင်နှုန်း အခွန်ကောက်မည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဂရင်းလန်းအား အမေရိကန်က အလုံးစုံဝယ်ယူရန် ကိစ္စကို သဘောမတူပါက ဇွန်လတွင် ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်မည်ဟုလည်း ၎င်းက ပြောကြားထားသည်။

လက်ရှိတွင် ဂရင်းလန်းအား သိမ်းယူရန် စစ်အင်အားသုံးမည် မဟုတ်ကြောင်း ထရမ့်က အတည်ပြုခဲ့သော်လည်း အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရှိသင့်ကြောင်းကိုမူ ဆက်လက်အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်သည်။

“ကျနော်သာ အလွန်အကျွံ အင်အားသုံးမယ်လို့ ဆုံးဖြတ်လိုက်ရင် ဘယ်သူမှ တားလို့မရဘဲ အရာအားလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ကျနော် အဲဒီလို မလုပ်ပါဘူး” ဟု ဒါးဗို့စ်ရှိ ကမ္ဘာ့ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

တစ်ဖက်တွင်လည်း ကျွန်းကို ရောင်းချမည် မဟုတ်ကြောင်း ဒိန်းမတ်နှင့် ဂရင်းလန်း အာဏာပိုင်များက ထပ်တလဲလဲ ငြင်းဆိုထားသည်။

Ref:BBC
#MeKongNews
#ဥရောပနိုင်ငံ
#အခွန်
#ဒေါ်နယ်ထရမ့်
#ရုပ်သိမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now