ကမ္ဘာ့သတင်း

ထိုင်းရဲအား ပစ်ခတ်ခဲ့သူ မြန်မာတစ်ဦးကို တပ်ဖွဲ့ဝင် ရာကျော်ဖြင့် ပိုက်စိတ်တိုက် ရှာဖွေနေ

မဲခေါင် 21 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၁ နယ်စပ်ခရိုင် မဲဆောက်တွင် တရားမဝင်လက်နက် အရောင်းအဝယ်အား ဖမ်းဆီးမည့် အသွင်ယူ စစ်ဆင်ရေးတစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်မှုကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲက အင်အား ၁၀၀ ‌ကျော်ြဖင့် ၎င်းတရားခံကို ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း ထိုင်းသတင်းများအရ သိရသည်။ တာ့ခ်ပြည်နယ်၊ မဲကူခရိုင်ခွဲ ၊ မဲဆောက် – အမ်ဖမ်းအဝေးပြေးလမ်းမပေါ်မှ ဖာလက်‌ကျေးရွာမှ ဈေးဆိုင်တစ်ခုအနီး လမ်းဘေးတွင် မဲဆောက်ရဲတပ်ဖွဲ့၏ အသွင်ယူ စစ်ဆင်ရေးတစ်ခု၌ ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် လက်နက်ရောင်းဝယ်ရေး ကွန်ရက်မှဟု သံသယရှိသူ ၂ ဦးထံမှ လက်နက်ဝယ်ယူရန် ရဲအရာရှိများက စီစဉ်ခဲ့သည်။ ထို့နောက် ဖမ်းဆီးမှုများလုပ်ရန်

မဲခေါင်၊ ဇန်နဝါရီ ၂၁

နယ်စပ်ခရိုင် မဲဆောက်တွင် တရားမဝင်လက်နက် အရောင်းအဝယ်အား ဖမ်းဆီးမည့် အသွင်ယူ စစ်ဆင်ရေးတစ်ခုတွင် မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်မှုကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲက အင်အား ၁၀၀ ‌ကျော်ြဖင့် ၎င်းတရားခံကို ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း ထိုင်းသတင်းများအရ သိရသည်။

တာ့ခ်ပြည်နယ်၊ မဲကူခရိုင်ခွဲ ၊ မဲဆောက် – အမ်ဖမ်းအဝေးပြေးလမ်းမပေါ်မှ ဖာလက်‌ကျေးရွာမှ ဈေးဆိုင်တစ်ခုအနီး လမ်းဘေးတွင် မဲဆောက်ရဲတပ်ဖွဲ့၏ အသွင်ယူ စစ်ဆင်ရေးတစ်ခု၌ ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ဖြတ်ကျော် လက်နက်ရောင်းဝယ်ရေး ကွန်ရက်မှဟု သံသယရှိသူ ၂ ဦးထံမှ လက်နက်ဝယ်ယူရန် ရဲအရာရှိများက စီစဉ်ခဲ့သည်။

ထို့နောက် ဖမ်းဆီးမှုများလုပ်ရန် ရဲတပ်ဖွဲ့က လှုပ်ရှားစဉ် သံသယရှိသူတစ်ဦးက အဖမ်းမခံဘဲ ပြန်လည်ခုခံခဲ့ရာ မဲဆောက်ရဲစခန်းမှ အသက် ၅၁ နှစ်အရွယ် ရဲတပ်ကြပ်ကြီးတစ်ဦး၏ ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် ၎င်းအား မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကာ အ‌ရေးပေါ် ခွဲစိတ်ကုသခဲ့ရသည်။

ထိုင်းရဲတပ်ကြပ်ကြီးသည် အသက်အန္တရာယ် မစိုးရိမ်ရတော့သော်လည်း ၂၄ နာရီ စောင့်ကြည့်မှု ခံယူနေရကြောင်း သိရသည်။

ပစ်ခတ်မှုတွင် အတူပါဝင်သူ မြန်မာနိုင်ငံသား စိုးမင်းသူ ၂၀ နှစ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးမေးမြန်းနေကြောင်း သိရပြီး အသေးစိတ်ကို ရဲတပ်ဖွဲ့က မပြောပေ။

မြန်မာနိုင်ငံသား တစ်ဦးပင်ဖြစ်ပြီး နိုင်လင်းအောင် ၂၀ နှစ်ဟု ဖော်ထုတ်ထားသော ဒုတိယသံသယရှိသူသည် ပစ်ခတ်ပြီးနောက် သေနတ်တစ်လက်နှင့် အတိအကျမသိရသော ခဲယမ်းများဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး သစ်တောထူထပ်သော ထိုင်း – မြန်မာ နယ်စပ်ဧရိယာသို့ ထွက်ပြေးသွားသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

နယ်စပ် ကင်းလှည့်ရဲတပ်ဖွဲ့ အပါအဝင် အခြား တာဝန်ရှိသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မဲဆောက်ရဲတပ်ဖွဲ့က ညလုံးပေါက် ရှာဖွေနေခဲ့သော်လည်း ယမန်နေ့ နံနက်ပိုင်းအထိ ပစ်ခတ်သူကို ရှာမတွေ့သေးပေ။

နောက်ပိုင်းတွင် ၎င်းတို့၏ ပိုက်စိတ်တိုက်ရှာဖွေမှု ဗျူဟာကို အာဏာပိုင်များက ပြောင်းလဲလိုက်ကာ သံသယရှိ၏ဓာတ်ပုံကို ဒေသတွင်း လူမှုမီဒီယာ၌ ဖြန့်ဝေခဲ့ပြီး ၎င်းအားတွေ့ရှိပါက ရပ်ကွက် အကြီးအကဲများထံ ချက်ချင်း အကြောင်းကြားရန် ဒေသခံများအား တိုက်တွန်းခဲ့သည်။

၎င်း၏ အ‌သေးစိတ် အချက်အလက်များကိုလည်း ထိုင်းထောက်လှမ်းရေးအဖွဲ့များက မြန်မာ ‌ထောက်လှမ်း‌ရေးအဖွဲ့အား ပေးအပ်၍ ကူညီတားဆီးပေးရန် တောင်းဆိုထားသည်။

ထို့ပြင် နယ်စပ်အနီး လမ်းမကြီးများနှင့် အခြားလမ်းများတွင်လည်း လုံခြုံရေး တင်းကျပ်ထားကာ စစ်ဆေးရေးဂိတ်များ ဖွင့်ထားပြီး ပစ်မှတ်ဧရိယာများ၌ လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ချထားသည်။

အချို့နေရာများတွင် ရေခန်းခြောက်နေသည့် သောင်ရင်းမြစ်ကို ဖြတ်၍ သံသယရှိသူ ထွက်ပြေးသွားနိုင်သည် ဆိုသော စိုးရိမ်မှုများရှိနေစဉ် ပစ်ခတ်ထွက်ပြေးရန် ကြိုးစားခဲ့ပါက ပြတ်သားစွာ တုံ့ပြန်သွားမည်ဟု ထိုင်းအရာရှိများက သတိပေးထားသည်။

ထိုအတောအတွင်းမှာပင် မြန်မာများနှင့် ပတ်သက်သော လတ်တလော ဖြစ်စဉ်များကြောင့် ထိုင်းအာဏာပိုင်များ စစ်ဆေးဖမ်းဆီးမှုများ တိုးမြှင့်နေ၍ ထိုင်းရောက် မြန်မာနိုင်ငံသားများ သတိပြု နေထိုင်သွားလာရန် အချင်းချင်း တိုက်တွန်းမှုများလည်း ရှိ‌နေသည်။

အေးကျော်
Ref:Khaosod English
#MeKongNews
#ထိုင်းရဲ
#ပစ်ခတ်
#မြန်မာ
#ပိုက်စိတ်တိုက်
#ရှာဖွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now