ကမ္ဘာ့သတင်း

ဂရင်းလန်းနှင့် ပတ်သက်သော အခွန် ခြိမ်း‌ခြောက်မှုများကို ရာနှုန်းပြည့် အကောင်အထည်ဖော်သွားမည်ဟု ထရမ့် သန္နိဌာန်ပြု

မဲခေါင် 21 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၁ ဂရင်းလန်းကို ထိန်းချုပ်မှုရယူရန် ၎င်း၏တောင်းဆိုမှုကို ဆန့်ကျင်သော ဥရောပနိုင်ငံများအပေါ် သွင်းကုန်ခွန်များ ချမှတ်ရန် ၎င်း၏ခြိမ်းခြောက်မှုကို ၁၀၀ ရာခိုင်နှုန်း ဆက်လုပ်သွားမည်ဟု အ‌မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သန္နိဌာန်ပြုလိုက်သည်။ ဥရောပ မဟာမိတ်များက ဂရင်းလန်း၏ အချုပ်အခြာအာဏာပိုင်မှုကို ဝန်းရံ ထောက်ခံခဲ့ကြကာ အမေရိကန် သမ္မတ အနေဖြင့် ခြိမ်းခြောက်မှုများဖြင့် တစ်စိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်နယ်မြေအား ပိုင်ဆိုင်နိုင် မည်မဟုတ်ကြောင်း ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး ရက်မတ်ဆန်က အလေးအနက် ပြောကြားသည်။ ‌ဥရောပ ၈ နိုင်ငံမှ ရောက်ရှိလာသော ကုန်ပစ္စည်းများအပေါ် ခြိမ်းခြောက်ထားသော အခွန်များကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု ဒေါ်နယ်ထရမ့်က NBC သတင်းဌာနကို

မဲခေါင်၊ ဇန်နဝါရီ ၂၁

ဂရင်းလန်းကို ထိန်းချုပ်မှုရယူရန် ၎င်း၏တောင်းဆိုမှုကို ဆန့်ကျင်သော ဥရောပနိုင်ငံများအပေါ် သွင်းကုန်ခွန်များ ချမှတ်ရန် ၎င်း၏ခြိမ်းခြောက်မှုကို ၁၀၀ ရာခိုင်နှုန်း ဆက်လုပ်သွားမည်ဟု အ‌မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သန္နိဌာန်ပြုလိုက်သည်။

ဥရောပ မဟာမိတ်များက ဂရင်းလန်း၏ အချုပ်အခြာအာဏာပိုင်မှုကို ဝန်းရံ ထောက်ခံခဲ့ကြကာ အမေရိကန် သမ္မတ အနေဖြင့် ခြိမ်းခြောက်မှုများဖြင့် တစ်စိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်နယ်မြေအား ပိုင်ဆိုင်နိုင် မည်မဟုတ်ကြောင်း ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး ရက်မတ်ဆန်က အလေးအနက် ပြောကြားသည်။
‌ဥရောပ ၈ နိုင်ငံမှ ရောက်ရှိလာသော ကုန်ပစ္စည်းများအပေါ် ခြိမ်းခြောက်ထားသော အခွန်များကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု ဒေါ်နယ်ထရမ့်က NBC သတင်းဌာနကို ပြောကြားပြီး အင်အားသုံးမည့် အရေးကိုလည်း ပယ်ချခြင်း မပြုခဲ့ပေ။

ဂရင်းလန်းအား သိမ်းပိုက်ရန် အင်အား အသုံးပြုသွားမည်လားဟု မေးမြန်းမှုအပေါ် မှတ်ချက်မပေးလို ဟုထရမ့်က ဖြေကြားခဲ့သည်။

ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေးတို့မှ သွင်းကုန်များအပေါ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ အခွန် ၁၀ ရာခိုင်နှုန်းစည်းကြပ်ပြီး ဇွန် ၁ ရက် ဆိုလျှင် ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားမည်ဟု ထရမ့်က ဆက်ပြောသည်။

အခွန်ခြိမ်း‌ခြောက်မှုအား ဆက်လုပ်သွားမည်လားဟု မေးမြန်းခံရချိန်တွင်လည်း “ဆက်လုပ်သွားမယ်။ ၁၀၀ ရာ ခိုင် နှုန်းပဲ” ဟု ထရမ့်က ပြန်ဖြေခဲ့သည်။

ဥရောပအနေဖြင့် ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲကိုသာ အာရုံစိုက်သင့်ပြီး ဂရင်းလန်းအရေးကို အာရုံမထားသင့်ဟု ၎င်းက ပြောသည်။

ဂရင်းလန်းအတွက် အမေရိကန် စစ်ဆင်ရေးသည် နေတိုးအဖွဲ့၏ အဆုံးသတ်ဖြစ်မည်ဟု ဒိန်းမတ်က သတိပေးထား သည်။

မကြာသေးမီရက်ပိုင်းတွင် ဥရောပနိုင်ငံများက ဂရင်းလန်းနှင့် ဒိန်းမတ်ဘက်က ရပ်တည်ခဲ့ကြပြီး ၎င်းတို့၏ တပ်ဖွဲ့ ဝင်အနည်းငယ်ကိုလည်း ဂရင်းလန်းသို့ မည်ကာမတ္တ စေလွှတ်ပေးခဲ့ကြသည်။

သို့သော် ဂရင်းလန်းသို့ စစ်သားများ စေလွှတ်ပေးခဲ့သော ဥရောပမဟာမိတ် ၈ နိုင်ငံအပေါ် သွင်းကုန်ခွန်များ စည်း ကြပ်သွားမည့် အစီအစဉ်ကို ထရမ့်က ကြေညာခဲ့သည်။

ဥရောပသမဂ္ဂသည် ကြာသပတေးနေ့တွင် ခေါင်းဆောင်များ၏ အရေးပေါ် ထိပ်သီးအစည်းအဝေး ခေါ်ယူထားကာ ဂရင်းလန်းအား လွှဲပြောင်းရယူမည့် ထရမ့်၏ ခြိမ်းခြောက်မှု အသစ်များကို မည်သို့ တုံ့ပြန်ကြမည်ကို ဆွေးနွေးကြ မည် ဖြစ်သည်။

အေးကျော်
Ref:BBC
#MeKongNews
#ဂရင်းလန်း
#ခြိမ်း‌ခြောက်မှု
#ရာနှုန်းပြည့်
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now