ကမ္ဘာ့သတင်း

ထရမ့်၏ အခွန်များကို ရှောင်ရှားရန်နှင့် လက်တုံ့ပြန်ရန် ဥရောပ ပြင်ဆင်

မဲခေါင် 19 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၉ ဥရောပ မဟာမိတ်များအပေါ် အခွန်များ မချမှတ်စေရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား စည်းရုံးသိမ်းသွင်းရေး ကြိုးပမ်းမှုများ တိုးမြှင့်သွားကြရန် ဥ‌ရောပသမဂ္ဂ သံအမတ်ကြီးများက ယမန်နေ့တွင် သဘောတူခဲ့ကြပြီး အခွန်များ ချမှတ်ခဲ့ပါက လက်တုံ့ပြန်မည့် အစီအစဉ်များကိုလည်း ပြင်ဆင်နေကြသည်ဟု အီးယူ သံတမန်များက ပြောကြားကြသည်။ ဂရင်းလန်းအား အမေရိကန်က ဝယ်ယူခြင်းကို ခွင့်ပြုမည့်အချိန်အထိ ဥရောပ ၈ နိုင်ငံဖြစ်သည့် ဒိန်းမတ်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဖင်လန်၊ ဗြိတိန် နှင့် နော်ဝေးတို့ အပေါ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ တဖြည်းဖြည်း တိုး မြှင့်သွားမည့် အခွန်များ စည်းကြပ်သွားမည်ဟု ထရမ့်က

မဲခေါင်၊ ဇန်နဝါရီ ၁၉

ဥရောပ မဟာမိတ်များအပေါ် အခွန်များ မချမှတ်စေရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား စည်းရုံးသိမ်းသွင်းရေး ကြိုးပမ်းမှုများ တိုးမြှင့်သွားကြရန် ဥ‌ရောပသမဂ္ဂ သံအမတ်ကြီးများက ယမန်နေ့တွင် သဘောတူခဲ့ကြပြီး အခွန်များ ချမှတ်ခဲ့ပါက လက်တုံ့ပြန်မည့် အစီအစဉ်များကိုလည်း ပြင်ဆင်နေကြသည်ဟု အီးယူ သံတမန်များက ပြောကြားကြသည်။

ဂရင်းလန်းအား အမေရိကန်က ဝယ်ယူခြင်းကို ခွင့်ပြုမည့်အချိန်အထိ ဥရောပ ၈ နိုင်ငံဖြစ်သည့် ဒိန်းမတ်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဖင်လန်၊ ဗြိတိန် နှင့် နော်ဝေးတို့ အပေါ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ တဖြည်းဖြည်း တိုး မြှင့်သွားမည့် အခွန်များ စည်းကြပ်သွားမည်ဟု ထရမ့်က စနေနေ့တွင် သန္နိဌာန်ပြုခဲ့ပြီး ယင်းမှာ အကြပ်ကိုင် ငွေညှစ်ခြင်း ဖြစ်ကြောင်း ဥရောပက ဆိုသည်။

လာမည့် ကြာသပတေးတွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် အီးယူ ခေါင်းဆောင်များက ရွေးချယ်စရာ နည်းလမ်းများကို ဆွေးနွေးကြမည် ဖြစ်ရာ ‌ ၎င်းတို့အတွက် ရွေးချယ်စရာတစ်ခုမှာ အမေရိကန်သွင်း ကုန်များအပေါ် ယူရို ၉၃ ဘီလီယံ အထိရှိသော အခွန်စည်းကြပ်‌ရေး အစီအစဉ်ဖြစ်သည်။

ထိုအစီအစဉ်မှာ ၆ လ ဆိုင်းငံ့ထားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်တွင် အလိုအလျောက် အသက်ဝင်လာမည် ဖြစ်သည်။

အခြား ရွေးချယ်စရာတစ်ခုမှာ ယခင်က အသုံးပြုခြင်းမရှိခဲ့သော အကြပ်ကိုင်မှု ဆန့်ကျင်သော လက်နက် – ACI ကို ပထမဆုံးအကြိမ် ထုတ်သုံးရန် ဖြစ်သည်။

၎င်းဖြင့် အစိုးရတင်ဒါများ၊ ရင်းနှီးမြုပ်နှံမှုများ၊ ဘဏ်လုပ်ငန်းများနှင့် အမေရိကန်က အသာစီးရနေသည့် ဒစ်ဂျစ်တယ်လုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှု လုပ်ငန်းများကို ကန့်သတ်သွားနိုင်ကြောင်း သိရသည်။

ACI ထက် အခွန်အစီအစဉ်အပေါ် ကျယ်ပြန့်သော ထောက်ခံမှုရရှိထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေး တိုင်ပင်မှုများတွင် ဒိန်းမတ်နှင့် ဂရင်းလန်းကို ထောက်ခံသွားကြရန်နှင့် ခြိမ်းခြောက် အကြပ်ကိုင်မှု ပုံစံမျိုးစုံကို ကာကွယ်သွားကြရန် ခိုင်မာသော စိတ်ပိုင်းဖြတ်မှု ပြသခဲ့ကြသည်ဟု အီးယူထိပ် သီး ဆွေးနွေးပွဲများကို ဥက္ကဌအဖြစ် တာဝန်ယူရသူ ဥရောပကောင်စီဥ က္ကဌ အန်တိုနီယိုကော့စတာက လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။

ဒိန်းမတ်နိုင်ငံက သံတမန်ရေးကိုသာ ဆက်လက်စူးစိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လုပ်ငန်းအဖွဲ့ ထူထောင်ရေး ဒိန်းမတ်၊ ဂရင်းလန်း နှင့် အမေရိကန်တို့၏ ဗုဒ္ဓဟူးနေ့ သဘောတူညီချက်ကို ရည်ညွှန်း၍ နော်ဝေနိုင်ငံသို့ အလည်အပတ် ရောက်နေသည့် ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး ရက်မတ်ဆန်က ပြောသည်။

ထိုအတောအတွင်းမှာပင် ဂရင်းလန်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်သမ္မတ အတွေးမှန်လာစေရန် ယခုနှစ် အမေရိကန်က လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ကြရန် ဂျာမနီ ခရစ်ယာန် ဒီမိုကရက်ပါတီ လွှတ်တော်အမတ် ဂျာဂန်ဟတ်က အကြံပြုလိုက်သည်။

အေးကျော်
Ref:Reuters
#MeKongNews
#ထရမ့်
#အခွန်
#လက်တုံ့ပြန်
#ဥရောပ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now