မဲခေါင်၊ ဇန်နဝါရီ ၁၈
လူ ၁၀ ဦးလိုက်ပါခဲ့သော အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး လေယာဥ်ငယ်တစ်စီး ပျောက်ဆုံးနေကြောင်း သိရသည်။
အစိုးရဝန်ထမ်း ၃ ဦးနှင့် လေယာဥ်ဝန်ထမ်း ၇ ဦး လိုက်ပါခဲ့သော လေယာဥ်သည် ဒေသစံတော်ချိန် ယမန်နေ့ နေ့လယ် ၁ နာရီ၌ အဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီးနောက် အာဏာပိုင်များက ရှာဖွေမှုများ လုပ်ဆောင်နေကြသည်။
ဒေသတွင်း အရင်းအမြစ်များအား လေကြောင်းမှတစ်ဆင့် စောင့်ကြည့်လေ့လာရေး မစ်ရှင်အဖြစ် ရေကြောင်းနှင့် ငါးလူပ်ငန်းဝန်ကြီးဌာနမှ အရာရှိ ၃ ဦး ၎င်းခရီးစဥ်တွင် လိုက်ပါသွားခဲ့သည်ဟု ဝန်ကြီး ဆက်တီဝါယူထရန်ဂိုနိုက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ပြင်သစ်နိုင်ငံလုပ် ATR လေယာဥ်သည် ယော့ရာကာတာမြို့မှ ဆူလာဝစီကျွန်းပေါ်မှ မာကက်ဆာမြို့သို့ ဦးတည် ထွက်ခွာသွားခဲ့ကြောင်း မာကက်ဆာ ရှာဖွေ ကယ်ဆယ်ရေးအေဂျင်စီက ပြောသည်။
လေယာဥ်ရောက်ရှိနေခဲ့သည်ဟု နောက်ဆုံး သိရှိထားသည့် မာကက်ဆာမြိုနှင့် ထိစပ်နေပြီး တောင်တန်း ထူထပ်သော မာရော့စ်ဒေသသို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ထားကြောင်း ဒေသဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး အကြီးအကဲ မိုဟမ်မက်အဲရစ်ဖ်အန်နဝါက ပြောသည်။
မြေပြင်နှင့် ဝေဟင်မှ ရှာဖွေရေးလုပ်ငန်းများတွင် လေတပ်၊ရဲတပ်ဖွဲ့နှင့် ပရဟိတသမားများပါ ပါဝင်နေကြသည်။
ပျောက်ဆုံးလေယာဥ်အား ရဟတ်ယာဥ် နှင့် ဒရုန်းများပါ အကုံးပြုရှာဖွေနေသည်ဟု မာကက်ဆာ ရှာဖွေ ကယ်ဆယ်ရေးဌာန ခေါင်းဆောင် အော်ဒီဆူလ်တန်က ပြောသည်။
အေးကျော်
Ref:Khaosod
#MeKongNews
#အင်ဒိုနီးရှား
#လေယာဥ်
#ပျောက်ဆုံး








