ကမ္ဘာ့သတင်း

မည်သူမျှ ကြိုးပေးကွပ်မျက်မှု မလုပ်ဟု အီရန်အပြော လိမ်လည်မှု ဟုဆိုကာ လေယာဉ်တင် သင်္ဘောကြီးအား အီရန်သို့ ဒေါ်နယ်ထရမ့် စေလွှတ်

မဲခေါင် 17 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၇ ဆန္ဒပြသူများကို တစ်ဦးမှ ကြိုးပေးကွပ်မျက်မှု မလုပ်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘက်စ်အာရက်ချီက ဇန်နဝါရီ ၁၄ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ရာ အကူအညီများ လာနေပြီဟု ပြောခဲ့သော ဒေါ်နယ်ထရမ့်သည် အီရန်အား တိုက်ခိုက်ရန် အစီအစဉ်အား ရပ်ဆိုင်းခဲ့သော်လည်း အီရန်၏ စကားသည် မုသားများသာ ဖြစ်ကာ အချိန်ဆွဲပြီး ဆန္ဒပြသူများကို လျှို့ဝှက်စွာ ကွပ်မျက်နေခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ဇန်နဝါရီ ၁၅ ရက်တွင် ထရမ့်သည် တောင်တရုတ် ပင်လယ်အတွင်း ရှိနေသည့် USS Abraham Lincoln လေယာဉ်တင် သင်္ဘော ကြီးအား အီရန်သို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။ ဇန်နဝါရီ ၁၅

မဲခေါင်၊ ဇန်နဝါရီ ၁၇

ဆန္ဒပြသူများကို တစ်ဦးမှ ကြိုးပေးကွပ်မျက်မှု မလုပ်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘက်စ်အာရက်ချီက ဇန်နဝါရီ ၁၄ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ရာ အကူအညီများ လာနေပြီဟု ပြောခဲ့သော ဒေါ်နယ်ထရမ့်သည် အီရန်အား တိုက်ခိုက်ရန် အစီအစဉ်အား ရပ်ဆိုင်းခဲ့သော်လည်း အီရန်၏ စကားသည် မုသားများသာ ဖြစ်ကာ အချိန်ဆွဲပြီး ဆန္ဒပြသူများကို လျှို့ဝှက်စွာ ကွပ်မျက်နေခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ဇန်နဝါရီ ၁၅ ရက်တွင် ထရမ့်သည် တောင်တရုတ် ပင်လယ်အတွင်း ရှိနေသည့် USS Abraham Lincoln လေယာဉ်တင် သင်္ဘော ကြီးအား အီရန်သို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။

ဇန်နဝါရီ ၁၅ ရက် ဂြိုဟ်တု ဓာတ်ပုံများအရ USS Abraham Lincoln သင်္ဘောကြီးသည် အရှေ့ အလယ်ပိုင်းပင်လယ်သို့ ဦးတည်ခုတ်မောင်းနေရာ ဖိလစ်ပိုင် ကမ်းလွန်ပင်လယ်ပြင်သို့ ရောက်ရှိနေသည်ကို တွေရသည်။

အဝတ်အထည်ရောင်းသူ တက်ကြွလှုပ်ရှား ဆန္ဒပြသမား အာဖန်ဆိုလ်တာနီကို ဖမ်းဆီးပြီး ၂ ရက်အကြာမှာပင် ကြိုးပေးလိုက်သည်ဆိုခြင်းမှာ မဟုတ်သလို မည်သူ့ကိုမျှ ကြိုးပေးခြင်း မပြုဟု အီရန်ဘက်မှ ကြေညာခဲ့ရာ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲများက အယုံအကြည်မရှိဘဲ တိုက်ခိုက်ခံရမှု မရှိစေရန် အချိန်ဆွဲသည့် အနေဖြင့် ငြင်းဆိုခြင်းသာ ဖြစ်ကာ ရသည့်အချိန်တွင် တန်ပြန် တိုက်ခိုက်ရန် စီစဉ်လိုသည့် အနေအထားရှိကြောင်း သုံးသပ်ခဲ့ကြသဖြင့် ဒေါ်နယ်ထရမ့်က လေယာဉ်တင်သင်္ဘောအား အီရန်သို့ လက်တစ်ကမ်း တိုက်ခိုက်နိုင်ရာ ပင်လယ်ပြင်သို့ ခုတ်မောင်းစေခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ၂ ပတ်ကျော်ကြာ အီရန် လူထုအုံကြွမှုတွင် အနည်းဆုံး ၂၆၀၀ သေဆုံးသည်ဟု သတင်းများက ဆိုသော်လည်း အတည်မပြုသော သတင်းရင်းမြစ်များအရ သေဆုံးသူမှာ ၁၂၀၀၀ မှ ၂၀၀၀၀ အထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

နော်ဝေအခြေစိုက် အီရန် လူ့အခွင့်အရေးအဖွဲ့၏ လေ့လာမှုစစ်တမ်းတွင် ဒီဇင်ဘာ နောက်ပိုင်း ကြိုးပေး ကွပ်မျက်ရာတွင် အနည်းဆုံး လူ ၁၅၀၀ သေဆုံးပြီးဖြစ်သလို လက်ရှိ ဖမ်းဆီးခံထားရသော အကျဉ်းသား ၁၈၀၀၀ အသက်အန္တရာယ် အတွက်လည်း စိုးရိမ်ရသည်ဟု ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ် အတွင်း အီရန်သည် လူ ၉၇၅ ယောက်အား ကြိုးပေးခဲ့ကြောင်း အီရန် လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ကြိုးပေးကွပ်မျက်
#အီရန်
#လိမ်လည်မှု
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now