မဲခေါင်၊ ဇန်နဝါရီ ၁၇
ပြီးခဲသည့် ဇန်နဝါရီ ၁၄ ရက်က ထိုင်းနိုင်ငံ နာခွန်းရက်ချာစီမာခရိုင်၊ ဆစ်ဟူအရပ်တွင် အမှတ် (၂၁) အထူး အမြန်ရထား အရှိန်ဖြင့် မောင်းလာစဉ် ရထားလမ်း ခုံးကျော်တံတားစီမံကိန်းမှ ကရိန်းကြီး ပြိုကျရာမှ ၃၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့မှုအတွက် ထိုင်းအာမခံကော်မရှင်ရုံး – OIC က သေဆုံးသူတိုင်း၏ မိသားစုဝင်များသို့ ဘတ်တစ်သန်း ပေးသွားမည်ဟု အတည်ပြုခဲ့သည်။
သေဆုံး ဒဏ်ရာရသူများ၏ မိသားစုဝင်များအတွက် အာမခံကြေးများ အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရန် အာမခံ ကုမ္ပဏီများကို OIC မှ အထွေထွေအတွင်းရေးမှူး ပရာမူပိုက ဖိတ်ခေါ်ကာ အစည်းအဝေးလုပ်ပြီးနောက် ကန်ထရိုက်တာများ၊ အီတလီ – ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ ကန်ထရိုက်တာ အန္တရာယ်များအာမခံအဖွဲ့- CAR တို့က စုစုပေါင်း ဘတ် ၅၈၃ သန်း ပေးသွားရန် အတည်ပြုခဲ့သည်။
Dhipaya အာမခံကုမ္ပဏီက ကုန်ကျငွေ ၆၀ ရာခိုင်နှုန်း၊ ဘန်ကောက် အာမခံကုမ္ပဏီက ၂၀ ရာခိုင်နှုန်း၊ Indara အာမခံကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းစီကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
ကိုကလင်း
Ref:The Nation
#MeKongNews
#ကရိန်း
#ပြိုကျ
#ဘတ်တစ်သန်း
#အာမခံကြေး








