နိုင်ငံတကာသတင်း

နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်း၏ အဓိကကြိုးကိုင်သူ ဝရမ်းပြေး ထိုင်ဝမ်နိုင်ငံသား ထိုင်း ဖမ်းဆီး

မဲခေါင် 16 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၆ နိုင်ငံဖြတ်ကျော် မူးယစ်မှောင်ခိုဂိုဏ်းတစ်ခု၏ အဓိက ကြိုးကိုင်သူဟု ယူဆရသည့် ထိုင်ဝမ် နိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၎င်းနှင့်အတူ ပြည်ပသို့ ပို့ရန် ပြင်ဆင်ထားသည့် ကော်ဇောများနှင့် စက်ပစ္စည်းများအတွင်း ဝှက်ထားသော မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းမိခဲ့ကြောင်း အာဏာပိုင်များက ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။ အသက် ၂၇ နှစ်အရွယ်ရှိ သံသယရှိသူ ချင်းမင်ဖန်ကို မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် မြို့တော်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့တွင် ဘန်ကောက်မြို့၊ အာသော့လမ်းရှိ ကွန်ဒိုတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ချင်းသည် အပြည်ပြည်ဆိုင်ရာ မူးယစ် မှောင်ခိုဂိုဏ်း၏

မဲခေါင်၊ ဇန်နဝါရီ ၁၆

နိုင်ငံဖြတ်ကျော် မူးယစ်မှောင်ခိုဂိုဏ်းတစ်ခု၏ အဓိက ကြိုးကိုင်သူဟု ယူဆရသည့် ထိုင်ဝမ် နိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၎င်းနှင့်အတူ ပြည်ပသို့ ပို့ရန် ပြင်ဆင်ထားသည့် ကော်ဇောများနှင့် စက်ပစ္စည်းများအတွင်း ဝှက်ထားသော မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းမိခဲ့ကြောင်း အာဏာပိုင်များက ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။

အသက် ၂၇ နှစ်အရွယ်ရှိ သံသယရှိသူ ချင်းမင်ဖန်ကို မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် မြို့တော်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့တွင် ဘန်ကောက်မြို့၊ အာသော့လမ်းရှိ ကွန်ဒိုတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ချင်းသည် အပြည်ပြည်ဆိုင်ရာ မူးယစ် မှောင်ခိုဂိုဏ်း၏ အဓိက ကြားခံဖြစ်ပြီး ပြည်ပတွင် ဖမ်းဝရမ်းများ ထုတ်ခံထားရသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

၎င်း၏ အခန်းအတွင်း ရှာဖွေရာတွင် ကက်တမင်း ၅ ဂရမ်ခန့် နှင့်အတူ သံသယဖြစ်ဖွယ် ပစ္စည်းများဖြစ်သည့် ကော်ဇော အမြောက်အမြား၊ အပ်ချုပ်စက်တစ်လုံးနှင့် အပ်ချုပ်ကိရိယာများကို ရှာဖွေ တွေ့ရှိခဲ့သည်။

စုံစမ်း စစ်ဆေးရေးမှူးများ၏ ပြောကြားချက်အရ ယင်းကော်ဇောများကို အကန့်များစွာ ပါဝင်အောင် ချုပ်လုပ်ထားပြီး ၎င်းအကန့်များ အတွင်း၌ တရားမဝင် မူးယစ်ဆေးကဲ့သို့သော အမှုန့်ဖြူများကို ထည့်သွင်းကာ ပြည်ပသို့ တင်ပို့ရန် အသင့်ပြင်ထားသည့် ပုံစံမျိုးဖြင့် ထုပ်ပိုးထားကြောင်း သိရသည်။

ယင်းအမှုန့်များကို လက်ရှိတွင် မှုခင်းဆေးပညာဆိုင်ရာ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေသည်။

စုံစမ်း စစ်ဆေးမှုများ အသေးစိတ် ပြုလုပ်ခဲ့ရာတွင် ချင်းသည် ဂိုဏ်း၏ ထိန်းချုပ်သူ အနေအထား ရှိခဲ့ပြီး ပြည်ပသို့ မူးယစ်ဆေး တင်ပို့မှုများကို စီစဉ် ကြိုးကိုင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ယင်းအဖွဲ့သည် အဆင့် – ၁ မူးယစ်ဆေးဖြစ်သည့် ဘိန်းဖြူများကို လိုးရှင်းပုံစံ အဖြူရောင် အရည်များအဖြစ် အသွင်ပြောင်းကာ စစ်ဆေးမှုကို ရှောင်ရှားနိုင်ရန် အစစ်နှင့်တူသော တံဆိပ်များ ကပ်ထားသည့် ဘူးခွံအတုများအတွင်း ထည့်ဝှက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ယင်းအထုပ်များကို နိုင်ငံတကာ ပါဆယ်ပို့လုပ်ငန်းများမှတစ်ဆင့် ပြည်ပသို့ ပေးပို့ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့သည် လာအိုနိုင်ငံမှ ထိုင်ဝမ်နိုင်ငံသို့ စုစုပေါင်း အလေးချိန် ၁၀ ကီလိုဂရမ်ခန့်ရှိသော ဘိန်းဖြူရည် သေတ္တာ ၂ လုံးကို မှောင်ခိုသွင်းခဲ့ကြောင်း သတင်းရရှိခဲ့ပြီးနောက်၊ စုံစမ်း စစ်ဆေးသူများက ချင်းသည် ယင်းလုပ်ငန်း၏ နောက်ကွယ်မှ စီစဉ် ကြိုးကိုင်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

၎င်း၏ နောက်ကြောင်းများကို စစ်ဆေးရာတွင် ချင်းသည် လူသတ်ရန် ကြိုးပမ်းမှု၊ ရာဇဝတ်ဂိုဏ်းတွင် ပါဝင်ပတ်သက်မှု၊ လိမ်လည်မှုနှင့် ခိုးမှု စသည့် ကြီးလေးသော ပြစ်မှု ၄ ခုဖြင့် ထိုင်ဝမ် အာဏာပိုင်များ၏ ဝရမ်းထုတ်ခြင်း ခံထားရသူဖြစ်ကြောင်း တွေ့ရသည်။

လက်ရှိတွင် ထိုင်း လဝကအရာရှိများက ၎င်း၏ ဗီဇာကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

၎င်းကို ထိုင်းဥပဒေအရ အရေးယူနိုင်ရေး မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနသို့ လွှဲပြောင်းပေးအပ်ထားပြီးဖြစ်ကာ အာဏာပိုင်များ အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပိုမိုတိုးချဲ့ လုပ်ဆောင်ရန်နှင့် အခြား ဂိုဏ်းဝင်များကို ဖမ်းဆီးနိုင်ရန် ထိုင်ဝမ် အပါအဝင် ပြည်တွင်း၊ ပြည်ပ အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

#MeKongNews
Ref: Khaosod English
#နိုင်ငံဖြတ်ကျော်
#မူးယစ်ဂိုဏ်း
#ဝရမ်းပြေး
#ထိုင်ဝမ်
#ထိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now