နိုင်ငံတကာသတင်း

ထိုင်းတွင် ဆောက်လုပ်ရေးကရိန်း ထပ်ပြိုကျပြန်၊ ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

မဲခေါင် 15 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၅ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ အဝေးပြေးလမ်းမ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ယနေ့ ဇန်နဝါရီ ၁၅ ရက်က ကရိန်းပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးကြောင်း ဒေသခံ ရဲအရာရှိတစ်ဦးက AFP သို့ ပြောသည်။ ယင်းဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် ရထားတစ်စီးပေါ်သို့ ကရိန်းပြိုကျကာ လူ ၃၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အပြီး တစ်ရက်အကြာတွင်ပင် ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။ ဘန်ကောက်မြို့အပြင်ဘက်၊ စမွတ်စခွန်ပြည်နယ်ရှိ တည်ဆောက်ဆဲ ရာမ ၂ အမြန်လမ်းမကြီးတွင် ယနေ့ နံနက်ပိုင်းက ကရိန်းပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးကြီး ဆစ်သီပွန်းကာဆီက ပြောသည်။ ယင်းခုံးကျော် အဝေးပြေးလမ်းမကြီး

မဲခေါင်၊ ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ အဝေးပြေးလမ်းမ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ယနေ့ ဇန်နဝါရီ ၁၅ ရက်က ကရိန်းပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးကြောင်း ဒေသခံ ရဲအရာရှိတစ်ဦးက AFP သို့ ပြောသည်။

ယင်းဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် ရထားတစ်စီးပေါ်သို့ ကရိန်းပြိုကျကာ လူ ၃၂ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အပြီး တစ်ရက်အကြာတွင်ပင် ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။

ဘန်ကောက်မြို့အပြင်ဘက်၊ စမွတ်စခွန်ပြည်နယ်ရှိ တည်ဆောက်ဆဲ ရာမ ၂ အမြန်လမ်းမကြီးတွင် ယနေ့ နံနက်ပိုင်းက ကရိန်းပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးကြီး ဆစ်သီပွန်းကာဆီက ပြောသည်။

ယင်းခုံးကျော် အဝေးပြေးလမ်းမကြီး တည်ဆောက်ရေးတွင် အသုံးပြုနေသည့် ကရိန်းမှာ အောက်ရှိ လမ်းမပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ကာဆီက ဆိုသည်။

အခြား ရဲအရာရှိတစ်ဦးကမူ ထိုမတော်တဆမှုအတွင်း လူ ၅ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်သည် Paris Inn Garden ဟိုတယ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြကြပြီး၊ ရုပ်သံမှတ်တမ်းများအရ ဧရာမ ကရိန်းကြီးတစ်ခုသည် ဆောက်လုပ်ဆဲ ကွန်ကရစ်တံတားပေါ်သို့ ပြိုကျသွားပြီးနောက် လုပ်ငန်းခွင် တစ်ခုလုံး ဖုန်မှုန့်များနှင့် အပျက်အစီးများ ပြန့်ကြဲသွားသည်ကို တွေ့ရသည်။
ယင်းဖြစ်စဉ်အတွင်း လမ်းမကြီးပေါ်မောင်းနှင်နေသည့် ကား ၂ စီးအပေါ် ပြိုကျခဲ့ရာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရာမ ၂ အမြန်လမ်းမကြီးပေါ်တွင် လမ်းကြေး ကောက်ခံမည့် လမ်းမကြီး တည်ဆောက်ရေး အပါအဝင် အဓိက အခြေခံ အဆောက်အအုံ စီမံကိန်း အများအပြားကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ယင်းလမ်းမကြီးပေါ်တွင် မကြာသေးမီ နှစ်များအတွင်း လူသေဆုံးသည့် မတော်တဆမှု များစွာ ဖြစ်ပွားခဲ့သဖြင့် မရဏလမ်း ဟူသောအမည်ဖြင့် ကျော်ကြားလျက်ရှိသည်။

ယနေ့ ဖြစ်ရပ်သည် ဘန်ကောက်မြို့တော်၏ အရှေ့မြောက်ဘက်ရှိ နခွန်ရက်ချာစီမာပြည်နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် အလားတူ ကရိန်းပြိုကျမှု တစ်ခုအပြီး ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်နောက်ခံ အမြန်ရထားစီမံကိန်း တည်ဆောက်ရေးတွင် အသုံးပြုနေသော ဧရာမ ကရိန်းကြီး ယမန်နေ့ နံနက်ပိုင်းက အောက်ရှိလမ်းပေါ် ပြိုကျခဲ့ပြီး ခရီးသည်တင် ရထားက ဝင်တိုက်မိရာမှ လူ ၃၂ ဦး သေဆုံးခဲ့သေးသည်။

ယင်းရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၁၉၅ ဦးအနက် ၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

လက်ရှိတွင် လတ်တလော ဖြစ်ရပ်များအား စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

#MeKongNews
#ဆောက်လုပ်ရေး
#ကရိန်း
#ပြိုကျ
#သေဆုံး
#ထိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now