ကမ္ဘာ့သတင်း

သေဆုံးဆန္ဒပြသူများ၏ မိသားစုဝင်များထံမှ ပစ်သတ်သည့် ကျည်ဖိုးပင် အီရန်အစိုးရပြန်တောင်း

မဲခေါင် 15 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၅ အီရန်တွင် လွတ်လပ်ရေးတိုက်ပွဲဝင်နေသော ဆန္ဒပြ ပြည်သူများအား ခါမီနီအစိုးရမှ အကြမ်းဖက်ကာ အမြစ်ပြတ်နှိမ်နင်းမှုများလုပ်ဆောင်နေရာတွင် သေဆုံးသူ ၂၀၀၀၀ ကျော်ရှိပြီဟု ခန့်မှန်းရပြီး လုံခြုံရေး များ ပစ်သတ်သဖြင့် သေဆုံးရသည့် ဆန္ဒပြသူများ၏ မိသားစုဝင်များထံမှ ပစ်သတ်ရသည့် ကျည်ဖိုးများပင် ပြန်တောင်းနေကြောင်း သိရသည်။ ဆေးရုံများပေါ်တွင် အလောင်းများပုံနေပြီဖြစ်ကာ ညစဉ် ဆိုင်ကယ်စီး သေနတ်သမား ၁၀၀ မှ ၂၀၀ အကြားသည် လမ်းပေါ်ထွက်သမျှသူများကို ဆဲဆိုကာ ပစ်သတ်နေမှုကြောင့် စစ်တလင်းထဲရောက်နေရပြီဟု တီဟီရန်မြို့ ဆင်ခြေဖုံးမှ အသက် ၄၇ နှစ်အရွယ် ဂီတအနုပညာရှင် အလီက ပြောကြားသွားခဲ့သည်။ ဆန္ဒပြသူများထဲ ပါဝင်သည့် အလီက ယခု ရက်ပိုင်းအတွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၅

အီရန်တွင် လွတ်လပ်ရေးတိုက်ပွဲဝင်နေသော ဆန္ဒပြ ပြည်သူများအား ခါမီနီအစိုးရမှ အကြမ်းဖက်ကာ အမြစ်ပြတ်နှိမ်နင်းမှုများလုပ်ဆောင်နေရာတွင် သေဆုံးသူ ၂၀၀၀၀ ကျော်ရှိပြီဟု ခန့်မှန်းရပြီး လုံခြုံရေး များ ပစ်သတ်သဖြင့် သေဆုံးရသည့် ဆန္ဒပြသူများ၏ မိသားစုဝင်များထံမှ ပစ်သတ်ရသည့် ကျည်ဖိုးများပင် ပြန်တောင်းနေကြောင်း သိရသည်။

ဆေးရုံများပေါ်တွင် အလောင်းများပုံနေပြီဖြစ်ကာ ညစဉ် ဆိုင်ကယ်စီး သေနတ်သမား ၁၀၀ မှ ၂၀၀ အကြားသည် လမ်းပေါ်ထွက်သမျှသူများကို ဆဲဆိုကာ ပစ်သတ်နေမှုကြောင့် စစ်တလင်းထဲရောက်နေရပြီဟု တီဟီရန်မြို့ ဆင်ခြေဖုံးမှ အသက် ၄၇ နှစ်အရွယ် ဂီတအနုပညာရှင် အလီက ပြောကြားသွားခဲ့သည်။

ဆန္ဒပြသူများထဲ ပါဝင်သည့် အလီက ယခု ရက်ပိုင်းအတွင်း ၎င်းအနီးအနားရှိ ဆန္ဒပြသူ ၄ ဦးတွင် တစ်ဦးနှုန်းမှာ ဒဏ်ရာရ သို့မဟုတ် ဖမ်းဆီးခံ၊ သို့မဟုတ် သေဆုံးနေသည်ဟု ပြောဆိုကာ ခန့်မှန်းသေဆုံးသူနှုန်းမှာ အနည်းဆုံး ၁၂၀၀၀ ကျော်မည်ဖြစ်သည်ဟု The Sun သို့ ပြောသွားခဲ့သည်။

ဆင်ခြေဖုံရပ်ကွက်များ၏ လမ်းများပေါ် သေနတ်ကျည်ခွံများ ပျံ့ကျဲနေကာ ပွိုင့် ၅၀ စက်သေနတ်ကျည်ခွံများ အများဆုံးဖြစ်ကြောင်း၊ သေဆုံးဆန္ဒပြသူများ၏ မိသားစုဝင်များသည် အလောင်းပြန်လိုချင်လျှင် လုံခြုံရေးတပ်ဖွဲ့များဘက်မှ ပစ်သတ်ရသဖြင့် ကုန်ကျသွားသည့် ကျည်ဖိုးများပြန်ပေးမှ အလောင်းပြန်ပေးသည်ဟုလည်း အလီက ဖွင့်ဟပြောဆိုကာ အမေရိကန်အနေဖြင့် ၄၆ နှစ်ကြာ ဗိုလ်ကျအုပ်ချုပ်ခဲ့သော အလီခါမီနီ၏ အစ္စလာမ္မစ်အစိုးရအဖွဲ့အား ဖြုတ်ချပေးပါရန် တောင်းပန်သည်ဟု ပြောသွားခဲ့သည်။

လက်ရှိတွင် ဒေါ်နယ်ထရမ့်၏ လက်ရုံး စတိဗ်ဝက်ကော့ဖ်သည် ယခင် အီရန်အား အစ္စလာမ္မစ်များ အာဏာမလုမီ အုပ်ချုပ်ခဲ့သည့် ရှားဘုရင် အိမ်ရှေ့စံ ပြည်ပြေး ရီဇာပါလာဗီနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းနေရာ ခါမီနီအစိုးရအား ဝင်တိုက်ပြီး ဖြုတ်ချကာ ရီဇာပါလာဗီကို အုပ်ချုပ်သူအဖြစ် ပြန်တင်မြှောက်ဖွယ်ရှိနေကြောင်း သုံးသပ်နေကြသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#ဆန္ဒပြ
#အလီခါမီနီ
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now