မဲခေါင်၊ ဇန်နဝါရီ ၁၁
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ၎င်းနောက်ဆုံး တင်ပြသည့် ငြိမ်းချမ်းရေးအဆိုကို ပူတင်က ပယ်ချလိုက်ခြင်းကြောင့် ရုရှားအား ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံ တိုက်တွန်း လိုက်သည်။
ထို့နောက် လာမည့် ရက်ပိုင်းအတွင်း ကိဗ်မြို့သို့ ရုရှားဘက်က ပြင်းထန်သော လေကြောင်း တိုက်ခိုက်မှုများ ရှိလာနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။
ယင်းမတိုင်မီ အမေရိကန်နှင့် ဥရောပခေါင်းဆောင်များ ပူးပေါင်းတင်ပြသည့် ငြိမ်းချမ်းရေးအဆိုကို လက်မခံဟု ရုရှား နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုမှာ တကယ့် ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ လက်တွေ့စစ်ပွဲအတွက် ဝင်ရိုးများသာ ဖြစ်သည် ဟု ရုရှား နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ဗင်နီဇွဲလားမှ ရုရှားသို့ လျှို့ဝှက်တင်ပို့သည့် ရေနံတင် သင်္ဘောအား အမေရိကန်တပ်များက စီးနင်း သိမ်းပိုက်လိုက်ခြင်းကြောင့် တင်းမာမှုများ ပိုမြင့်တက်သွားကာ ယခု ငြိမ်းချမ်းရေး အဆိုကို ရုရှားက ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
ထိုအတောအတွင်း အမေရိကန်နှင့် ဥရောပ မဟာမိတ်ခေါင်းဆောင်များသည် ပဲရစ်မြို့တွင် တွေ့ဆုံကာ ရုရှားနှင့် ယူကရိန်း အပစ်ရပ်သည်နှင့် ယူကရိန်းအား အကာအကွယ်ပေးရေးနှင့် စစ်ရေးထောက်ပံမှု အာမခံချက်များပေးရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သလို ယူကရိန်းကို အကာအကွယ်ပေးရန် တပ်ဖွဲ့များ စေလွှတ်ပေးမည်ဟု ဗြိတိန်နှင့် ပြင်သစ်တို့က ကတိပြုခဲ့သဖြင့် ရုရှားနှင့် အမေရိကန်၊ အနောက် အင်အားစုတို့ အကြား ပိုမိုတင်းမာခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ရုရှားအား မိမိတို့နှင့် မဟာမိတ်များက ပိတ်ဆို့အရေးယူမှုများ ထပ်တိုး လုပ်ဆောင်ရမည်ဟု ထရမ့်က တိုက်တွန်းခဲ့သလို ကိဗ်မြို့ရှိ အမေရိကန်သံရုံးအားလည်း ရက်ပိုင်း၊ အချိန်ပိုင်းအတွင်း ရုရှား၏ ပြင်းထန်သည့် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ကြောင်း သတိပေးခဲ့သည်။
ကိုကလင်း
Ref: The Sun
#MeKongNews
#ယူကရိန်း
#ငြိမ်းချမ်းရေး
#ပူတင်
#ထရမ့်








