မဲခေါင်၊ ဇန်နဝါရီ ၁၀
ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တလျှောက် အပစ်အခတ်ရပ်စဲရေးနှင့် ကမ္ဘောဒီးယား စစ်သား ၁၈ ဦးကို ပြန်လည် လွှတ်ပေးခဲ့မှုအပေါ် ဝါရှင်တန်က ကြိုဆိုလိုက်ပြီးနောက် လုံခြုံရေး၊ ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးနှင့် မဲခေါင်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် ထိုင်းနိုင်ငံအား အမေရိကန်က ရန်ပုံငွေ ဒေါ်လာ ၉၂ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ယင်းထောက်ပံ့မှုတွင် ပြည်ပစစ်ဘက်ဆိုင်ရာ ဘဏ္ဍာရေးထောက်ပံ့မှု – FMF အတွက် ဒေါ်လာ ၆၈ သန်း၊ ကျားဖြန့် ကွန်ရက်များကို နှိမ်နင်းရန် ဒေါ်လာ ၁၀ သန်း၊ မဲခေါင် – အမေရိကန် မိတ်ဖက်အစီအစဉ်အောက်မှ ဒေါ်လာ ၁၄ သန်းတို့ ပါဝင်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်နှင့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဂျော့ချ် ဒီဆွမ်ဘရီတို့ ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် ယင်းအခြေအနေများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် နေတိုး အဖွဲ့ဝင်မဟုတ်သော အဓိကမဟာမိတ်အဖြစ် ထိုင်းနိုင်ငံ၏ အဆင့်အတန်းကို နှစ်ဖက်စလုံးက ထပ်လောင်း အတည်ပြုခဲ့ကြပြီး ကုန်သွယ်ရေး၊ အရေးပါသော တွင်းထွက်သယံဇာတများ၊ အာဆီယံနှင့် မြန်မာ့ အရေးတို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
Ref: Thai Enquirer
#MeKongNews
#ကျားဖြန့်
#နှိမ်နင်းရေး
#မဲခေါင်ဒေသ
#ထိုင်း
#အမေရိကန်








