မဲခေါင်၊ ဇန်နဝါရီ ၉
ဇန်နဝါရီ ၇ ရက်က အမေရိကန်တပ်များသည် ရုရှားသို့ ရေနံတင်ပို့သည့် ဗင်နီဇွဲလား ရေနံတင်သင်္ဘော Marinera အား စီးနင်း သိမ်းပိုက်လိုက်ရာ ရုရှားအလံ တင်ထားသော သင်္ဘောအား အမေရိကန် ခိုးယူမှုက ရုရှားနိုင်ငံအတွင်း ဝင်ရောက် တိုက်ခိုက်သည်နှင့် အတူတူပင် ဖြစ်သောကြောင့် အမေရိကန် စစ်သင်္ဘော များကို နျူကလီးယား ထိပ်ဖူးတပ် တိုပီဒိုများဖြင့် ပစ်ခတ် ဖောက်ခွဲသင့်သည်ဟု ရုရှား ဒူးမား ကာကွယ် ရေးကော်မတီ ဒုဥက္ကဌ အလက်ဆေး ဇူရာဗလီအော့က ခြိမ်းခြောက် ပြောဆိုခဲ့သည်။
Shadow Fleet ဟုခေါ်သည့် ရေနံများ ခိုးဝှက် သယ်ဆောင်နေသည့် ပိတ်ပင်ခံ သင်္ဘောများကို အမေရိကန်တပ်များက ဆက်တိုက် စီးနင်း သိမ်းပိုက်နေရာ ယခု အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ၂ ပတ်ကြာ လှည့်ပတ် သွားလာနေသော Marinera ရေနံတင် သင်္ဘောကြီးအား နောက်ဆုံး ထပ်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်ရေးအရပင် ပြန်တုံ့ပြန်ရန် လိုအပ်ကြောင်း၊ အရပ်သား သင်္ဘောများအား လက်နက်ကိုင် အမေရိကန် သိမ်းပိုက်နေခြင်းက ခိုးယူနေခြင်းသာဖြစ်ကြောင်း ပူတင်၏ ခရိုနီတစ်ဦး ဖြစ်သည့် ဇူရာဗလီ အော့က ပြောသည်။
အမေရိကန်သည် ၁၉၈၂ ခုနှစ် ကုလကွန်ဗင်းရှင်း၏ ပင်လယ်ပြင်၌ လွတ်လပ်စွာ သွားလာခွင့် သဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ရုရှား ပို့ဆောင်ရေး ဝန်ကြီးဌာနက လည်း ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ရေနံတင်သင်္ဘော
#နျူကလီးယား
#တိုပီဒို








