နိုင်ငံတကာသတင်း

ထိုင်းဒုရဲချုပ်ဟောင်းနှင့် NACC ကော်မရှင်နာကြား ရွှေချောင်းများ လွှဲပေးသည့် လာဘ်စားမှု ရုပ်သံနှင့် အသံသက်သေများ တင်ပြ

မဲခေါင် 7 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၇ နာမည်ကြီး ထိုင်းဒုရဲချုပ်ဟောင်း Big Joke ခေါ် ဆူရာချိတ်ဟက်ခ်ပန်းသည် ဒုစရိုက်သမားများထံမှ နှုတ်ပိတ်နေပေးရန် ပေးသည့် ရွှေချောင်များကို အမျိုးသားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်နာတစ်ဦးထံ လာဘ်ပေးလာဘ်ယူခွဲပေးနေသည့် ရုပ်သံနှင့် အသံမှတ်တမ်းများမှာ ခိုင်လုံမှုရှိသည်ဟုဆိုကာ နေ့စွဲအချိန်နှင့်တကွ ဇန်နဝါရီ ၆ ရက်၌ ရာဇဝတ်မှုနှိမ်နင်းရေးဌာနချုပ် (CSD) ထံ သက်သေများ တင်သွင်းခဲ့သည်။ ၂၀၂၄ ဩဂုတ် ၃၁ ရက်နှင့် နိုဝင်ဘာ အကြား အလေးချိန်ပေါင်း ၂၄၆ ဘတ်ရှိသည့် ရွှေချောင်းများကို ဟက်ခ်ပန်း၏ ထိုစဉ်က တပည့် ရဲမှူးအဆင့်ရှိ ပါ့ခ်ဖူမီ ပီဆာမိုင်က NACC ကော်မရှင်နာ အက်ကာဝတ် ဝပ်ချာဝယ်လ်ကူထံသို့ ပေးရာတွင် ဝပ်ချာဝယ်လ်ကူ၏

မဲခေါင်၊ ဇန်နဝါရီ ၇

နာမည်ကြီး ထိုင်းဒုရဲချုပ်ဟောင်း Big Joke ခေါ် ဆူရာချိတ်ဟက်ခ်ပန်းသည် ဒုစရိုက်သမားများထံမှ နှုတ်ပိတ်နေပေးရန် ပေးသည့် ရွှေချောင်များကို အမျိုးသားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်နာတစ်ဦးထံ လာဘ်ပေးလာဘ်ယူခွဲပေးနေသည့် ရုပ်သံနှင့် အသံမှတ်တမ်းများမှာ ခိုင်လုံမှုရှိသည်ဟုဆိုကာ နေ့စွဲအချိန်နှင့်တကွ ဇန်နဝါရီ ၆ ရက်၌ ရာဇဝတ်မှုနှိမ်နင်းရေးဌာနချုပ် (CSD) ထံ သက်သေများ တင်သွင်းခဲ့သည်။

၂၀၂၄ ဩဂုတ် ၃၁ ရက်နှင့် နိုဝင်ဘာ အကြား အလေးချိန်ပေါင်း ၂၄၆ ဘတ်ရှိသည့် ရွှေချောင်းများကို ဟက်ခ်ပန်း၏ ထိုစဉ်က တပည့် ရဲမှူးအဆင့်ရှိ ပါ့ခ်ဖူမီ ပီဆာမိုင်က NACC ကော်မရှင်နာ အက်ကာဝတ် ဝပ်ချာဝယ်လ်ကူထံသို့ ပေးရာတွင် ဝပ်ချာဝယ်လ်ကူ၏ တပည့် အထူးစုံစမ်းရေးမှူး ဆွန်ဘတ်သွန်သန် နှင့် ကားချင်းချိန်းဆိုတွေ့ဆုံပြီး ပေးခဲ့သည့် မှတ်တမ်းများကို အစိုးရသက်သေအဖြစ် ဖုန်းပြောသည့် အသံဖိုင်များ၊ ဗီဒီယိုဖိုင်များပါ တင်ပြခဲ့ခြင်းဖြစ်သည်။

ယခုအမှုကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အကြီးအကဲများ၊ ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို CSD တို့က သက်သေများ ခိုင်လုံသဖြင့် CSD ရုံးထံ လွှဲအပ်ပြီး ဆက်လက်စုံစမ်းအရေးယူသွားရေး တင်ပြရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဟက်ခ်ပန်းသည် NACC ကော်မရှင်နာအား ဒုစရိုက်သမားများထံမှ နောက်ထပ်ရမည့် လာဘ်ထိုးငွေများမှ အလေးချိန် ဘတ် ၂၀၀၀ ရှိ ရွှေများထပ်ဝယ်ပေးဦးမည်ဟု ပြောဆိုခဲ့သည့် အသံဖိုင်ပါ ရရှိပြီး လက် တွေ့တင်မှု အလေးချိန် ၂၆ ဘတ်ရှိ ရွှေချောင်းများသာ ပေးခဲ့သည်ဟု ဆိုသည်။

ဖော်ကောင်လုပ်သည့် ဟက်ခ်ပန်း၏ တပည့်ဟောင်း ပါ့ခ်ဖူမီက ယခုအမှုကို ဖော်ထုတ်ရခြင်းမှာ ဖခင်ကလည်း ရဲအရာရှိကြီး တစ်ဦးဖြစ်သောကြောင့် မျိုးရိုးသိက္ခာအတွက် လာဘ်စားမှုအား ဖော်ထုတ်ရန် ခိုင်းစေခြင်းနှင့် တခြား အကြောင်းများကြောင့် သက်သေများပါ တင်ပြခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#ရဲတပ်ဖွဲ့
#လာဘ်စားမှု
#ဒုစရိုက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now