ကမ္ဘာ့သတင်း

ဆန္ဒပြ ပြည်သူများကို တစ်ယောက် ၅ ပေါင်ခွဲပေး၍ ချွေးသိပ်ပြီး ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

မဲခေါင် 6 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၆ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ပြီး ကုန်စျေးနှုန်း ကြီးမြင့်လာခြင်းနှင့် ငွေကြေးတန်ဖိုး လျော့ကျလာခြင်းကြောင့် တီဟီရန်မြို့တော်ရှိ စျေးသည်များ စတင်ဆန္ဒပြရာမှ နိုင်ငံအတွင်း မြို့ပေါင်း ၂၀ ကျော် တွင် လူထုအုံကြွမှုကြီး ဖြစ်ပွားနေကာ ထိန်းမရသည့် အခြေအနေကြောင့် အီရန် ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ မင်းမူ အုပ်ချုပ်နေသော ၈၆ နှစ်အရွယ် အလီခါမီနီသည် အနီးဆုံးမိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် မော်စကိုသို့ ထွက်ပြေးတော့မည် ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်အရ သိရသည်။ စားသောက်ကုန် စျေးနှုန်းများ ၇၂ ရာခိုင်နှုန်း မြင့်တက်နေပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ တစ်နှစ် အတွင်း

မဲခေါင်၊ ဇန်နဝါရီ ၆

ဒီဇင်ဘာ ၂၈ ရက်မှ စတင်ပြီး ကုန်စျေးနှုန်း ကြီးမြင့်လာခြင်းနှင့် ငွေကြေးတန်ဖိုး လျော့ကျလာခြင်းကြောင့် တီဟီရန်မြို့တော်ရှိ စျေးသည်များ စတင်ဆန္ဒပြရာမှ နိုင်ငံအတွင်း မြို့ပေါင်း ၂၀ ကျော် တွင် လူထုအုံကြွမှုကြီး ဖြစ်ပွားနေကာ ထိန်းမရသည့် အခြေအနေကြောင့် အီရန် ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ မင်းမူ အုပ်ချုပ်နေသော ၈၆ နှစ်အရွယ် အလီခါမီနီသည် အနီးဆုံးမိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် မော်စကိုသို့ ထွက်ပြေးတော့မည် ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်အရ သိရသည်။

စားသောက်ကုန် စျေးနှုန်းများ ၇၂ ရာခိုင်နှုန်း မြင့်တက်နေပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ တစ်နှစ် အတွင်း ၄၂ ဒသမ၂ ရာခိုင်နှုန်း ရှိလာပြီ ဖြစ်သောကြောင့် အမျိုးသမီး၊ လူငယ်များမကျန် အီရန် ပြည်သူများက ခါမီနီ ဇာတ်သိမ်းပါစေ၊ အစိုးရကျဆုံးပါစေ ဆိုသော ကြွေးကြော်သံများဖြင့် ဆန္ဒပြသည့် အပြင် အစိုးရရုံးများ၊ ကားများကို မီးရှို့ ဖျက်ဆီးခြင်းနှင့် ခါမီနီပုံများ၊ အီရန်အလံများ မီးရှို့ ဆန္ဒပြမှုများ ပြင်းထန်လာနေသည်။

ယင်းဖြစ်ရပ်များအတွင်း အီရန် လုံခြုံရေးတပ်များက ဆန္ဒပြသူများကို ပစ်ခတ်ရာ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ကလေး ၃ ဦးပါဝင်ကာ ၅၀‌ ကျော် ဒဏ်ရာရခဲ့သည်။

အီရန်အနေဖြင့် ကိုယ့်ပြည်သူများကို ပြန်သတ်နေမည် ဆိုလျှင် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရာဇသံ ပေးထားသေးရာ နောက်ဆုံးသော ထိန်းသိမ်း ဖျောင်းဖျမှုအဖြစ် အလွန် ကပ်စေးနှဲသော ခါမီနီသည် ပြည်သူများအား ထောက်ပံ့ငွေ ဘောက်ချာ ရီယယ် ၁၀ သန်းစီ ပေးမည်ဖြစ်ကာ ဆန္ဒပြမှုများ ရပ်ကြရန် ကမ်းလှမ်းခဲ့သည်။

သို့သော် အီရန်ငွေ ရီယယ် ၁၀ သန်းသည် စတာလင်ပေါင် ၅ ပေါင်ခွဲသာရှိကာ အီရန်လူဦးရေ သန်း ၈၀ က မည်သို့မျှ လက်မခံဘဲ အစွမ်းကုန် တိုက်ပွဲဝင်ရန် လမ်းပေါ် ထွက်လာနေကြပြီဖြစ်သည်။

စစ်တပ်နှင့် လုံခြုံရေးတပ်များသည် ပြည်သူ့အုံကြွမှုအား မထိန်းချုပ်နိုင်လျှင် သို့မဟုတ် မထိန်းချုပ်ပေးတော့လျှင် ခါမီနီအနေဖြင့် မည်သို့မျှ မနေသာတော့ဘဲ မဟာမိတ်ပူတင် အကူအညီဖြင့် မော်စကိုသို့ မိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် အတူထွက်ပြေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း အီရန်တွင် အစ္စရေး ထောက်လှမ်းရေး အဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းခဲ့သော အစ္စရေး ဝါရင့် ထောက်လှမ်းရေးဟောင်း ဘီနီဆက်ဘ်တီက ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဆန္ဒပြ
#ချွေးသိပ်
#ခါမီနီ
#မော်စကို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now