မဲခေါင်၊ ဇန်နဝါရီ ၄
ပူတင်ကို ဆန့်ကျင်သည့် ယူကရိန်းထောက်ခံ ရုရှားစေတနာ့ဝန်ထမ်းတပ်ဖွဲ့ (RVS) ထူထောင်သူ ဒီးနစ် ကာပူစတင်အား ဒရုန်းဖြင့် လုပ်ကြံလိုက်ပြီဟု ရုပ်သံအထောက်အထား အတုပြုလုပ်ပြီး ရုရှားထောက် လှမ်းရေးအဖွဲ့မှ ပေးအပ်သော ဆုတော်ငွေ ဒေါ်လာ ၅ သိန်းအား ယူကရိန်း ထောက်လှမ်းရေးဘက်က အကွက်ဆင် ရယူသွားမှုတွင် ပူတင်အား ထပ်မံအရှက်ခွဲမှုအဖြစ် မည်သို့ လိမ်လည်ခဲ့ကြောင်း ရုပ်သံ မှတ်တမ်းအတုအား ထပ်မံ ထုတ်ပြလာသည်။
ယင်းရုပ်သံမှတ်တမ်းအတုတွင် ပူတင်အား ပုန်ကန်သော ၄၁ နှစ်အရွယ် ဒီနစ်ကာပူစတင်ရှိသည့် မီနီဗန်ကားထဲသို့ ကင်မရာတပ်ထားသည့် ဒရုန်း ဝင်ရောက်သွားပြီး ဖောက်ခွဲလိုက်သည့် မြင်ကွင်းများကို တွေ့ရှိရသည်။
နောက်လိုက်ဒရုန်းမှ ရိုက်ထားသည့် ရုပ်သံမှတ်တမ်းတွင် ကာပူစတင်သည် ဗန်ကား၌ ရှိနေပုံကိုပါ ပြသပြီး နောက်မှ ဒရုန်းသည် ဗန်ကားအား ဖောက်ခွဲလိုက်သည့် ရုပ်သံကို ဆက်လျှက် မြင်တွေ့ရခြင်းဖြစ်သည်။
ယင်းလိမ်လည်လုပ်ကြံထားသည့် ဗီဒီယိုကို ယူကရိန်း GUR စစ်ထောက်လှမ်းရေးအဖွဲ့က ဖြတ်ညှပ် ကပ်ကာာ ထုတ်ပြန်ခြင်းဖြစ်ရာ ရုရှားစစ်ဘက်ဆိုင်ရာ အကြီးအကဲများက အဟုတ်မှတ်ပြီး လုပ်ကြံ နိုင်သူဟု အတုလုပ်ထားသူထံ ဆုကြေး ဒေါ်လာ ၅ သိန်းလည်း ရောက်လာရာ ထိုငွေများသည် GUR လက်ထဲသို့ ရောက်သွားပြီးနောက် ကာပူစတင်ကလည်း သေဆုံးခြင်းမရှိဟု လှောင်ပြောင် ထုတ်ပြန်သွားရာ ပူတင်အတွက် ပိုပြီးဒေါသပေါက်ကွဲစရာ ဖြစ်ခဲ့ရသည်။
ပူတင်အတွက် ကာပူစတင်သည် လူပုဂ္ဂိုလ်ရေးအရ အမုန်းတီးဆုံး ရန်သူအဖြစ် သတ်မှတ်ထားကာ သတ်ဖြတ်နိုင်သူအား ဆုငွေ ဒေါ်လာ ၅ သိန်းပေးမည်ဟု အစောကတည်းက ကြေညာထားသည့် အတွက် ယူကရိန်းစစ်ထောက်လှမ်းရေး GUR က ယခုလို လုပ်ကြံကာ ဆုငွေများပါ အရယူသွားနိုင်ခဲ့ ခြင်းဖြစ်သည်။
ရုရှားတွင် တစ်သက်တစ်ကျွန်းထောင်ဒဏ် ၂ ကြိမ်ကျခံရပြီးမှ လွတ်မြောက်လာသည့် ကာပူစတင်ကလည်း လတ်တလောမိမိ ပျောက်နေရသည်မှာ အကြောင်းကိစ္စ ရှိသောကြောင့်ဖြစ်ကာ ပူတင်အား တော်လှန်မှုများမှာမူ မကြာမီ စိုက်လိုက်မတ်တပ် ထပ်မံ ဦးဆောင်တိုက်ခိုက်သွားဦးမည်ဟု ပြောဆိုခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ယူကရိန်း
#ရုရှား
#ပူစကာတင်
#ပူတင်








