နေ့စဥ်သတင်း

မြဝတီ – ရန်ကုန်ခရီးစဉ်တွင် ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူများ ပုံမှန်ထက် ကားခ အဆ ၂၀ ကျော် ပိုပေးနေရ

မဲခေါင် 1 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁ မြဝတီ – ရန်ကုန် ခရီးတွင် ရှမ်းပြည်မှတ်ပုံတင် ၁၃/ ကိုင်ဆောင်ထားသူများမှာ ကားခအခြား သူများထက် ကားခ အဆ ၂၀ ကျော် ပိုပေးနေရကြောင်း ရှမ်းဒေသခံ ခရီးသည်များထံမှ သိရသည်။ လက်ရှိတွင် ယင်းခရီးစဉ်အတွက် ပုံမှန် ခရီးသည်များ၏ ကားခမှာ တစ်သိန်း ၃ သောင်းကျပ်သာ ရှိသော်လည်း ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထား သူများမှာမူ ၁၈ သိန်းမှ ၂၅ သိန်း အထိပေးနေရကြောင်း သိရသည်။ “၁၃/ ဖြစ်ရတာလည်း မလွယ်ဘူးဗျာ။ တခြား တရုတ်ကျားဖြန့် လုပ်တဲ့သူတွေ ဘာတွေက ပိုက်ဆံတောင်းတာ ထားပါတော့။ ငါတို့ဆို ရှမ်းစစ်စစ်ကွာ၊ ကျားဖြန့်လုပ်တာလည်းမဟုတ်ဘူးကွာ၊

မဲခေါင်၊ ဇန်နဝါရီ ၁

မြဝတီ – ရန်ကုန် ခရီးတွင် ရှမ်းပြည်မှတ်ပုံတင် ၁၃/ ကိုင်ဆောင်ထားသူများမှာ ကားခအခြား သူများထက် ကားခ အဆ ၂၀ ကျော် ပိုပေးနေရကြောင်း ရှမ်းဒေသခံ ခရီးသည်များထံမှ သိရသည်။

လက်ရှိတွင် ယင်းခရီးစဉ်အတွက် ပုံမှန် ခရီးသည်များ၏ ကားခမှာ တစ်သိန်း ၃ သောင်းကျပ်သာ ရှိသော်လည်း ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထား သူများမှာမူ ၁၈ သိန်းမှ ၂၅ သိန်း အထိပေးနေရကြောင်း သိရသည်။

“၁၃/ ဖြစ်ရတာလည်း မလွယ်ဘူးဗျာ။ တခြား တရုတ်ကျားဖြန့် လုပ်တဲ့သူတွေ ဘာတွေက ပိုက်ဆံတောင်းတာ ထားပါတော့။ ငါတို့ဆို ရှမ်းစစ်စစ်ကွာ၊ ကျားဖြန့်လုပ်တာလည်းမဟုတ်ဘူးကွာ၊ တရုတ်စကားလည်း မတတ်ဘူးကွာ။ အဲဒါကို ကားခက ၁၈ သိန်း ၂၅ သိန်း ဆိုတော့ မဟုတ်တော့ဘူးလေ။ ဘယ်လိုလုပ် အိမ်ပြန်လည် ရတော့မလဲ”ဟု မြဝတီတွင် ဈေးဆိုင်ဖွင့်နေသည့် ရှမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်တွင် ကျားဖြန့်နှိမ်နှင်းရေး လုပ်ဆောင်လာ ပြီးနောက် ၁၃/ ကိုင်ဆောင်ထားသူများကို ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသူများဟု သတ်မှတ်ကာ ခရီးသွားခွင့်မပြုခြင်း၊ ကားလက်မှတ် မရောင်းချပေးခြင်းများကို စစ်ကောင်စီ ဖိအားဖြင့် ပြုလုပ်နေသည်။

ထို့ကြောင့် မြဝတီတွင် နေထိုင်သည့် ရှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထားသူ အချို့မှာ ခရီးသွားရာတွင် အခက်အခဲ ကြုံတွေ့နေရပြီး မဖြစ်မနေ သွားလာရန် လိုအပ်ပါက စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ပိုက်ဆံပေးကာ သွားလာရသဖြင့် ခရီးစရိတ်များ အဆမတန် ကုန်ကျနေကြောင်း သိရသည်။

“ဒါက ၁၃/ တွေကို တမင်သက်သက် ခွဲခြားနှိပ်စက်တာ ဖိနှိပ်တာလို့ပဲ မြင်တယ်။ သူတို့ စားပေါက်အတွက် လုပ်တာလို့ပဲ မြင်တယ်။ ကျားဖြန့်မှာ လုပ်တာ ရှမ်းပြည်သားတွေပဲ လုပ်တာမှ မဟုတ်တာ။ လူစုံ နေရာစုံကနေ လာလုပ်ကြတာပဲလေ။ ကျားဖြန့်တွေ ရှိတဲ့နေရာကို ဝင်ဖမ်းလေ။ အခုကျ ၁၃ မျဉ်းစောင်း ကိုင်တာနဲ့ အပြစ်သားလို ဖြစ်တာ ကျတော့ မဟုတ်သေးဘူးလေ”ဟု မြဝတီတွင် အဝတ်အထည်ဆိုင် ဖွင့်နေသူတစ်ဦးက ပြောသည်။

ယင်းအခြေအနေများကြောင့် နှစ်သစ်ကူးတွင် မြဝတီမှ တဆင့် အိမ်ပြန်ချင်သည့် ရှမ်းပြည်သူများလည်း ခရီးစရိတ် မတတ်နိုင်သဖြင့် မပြန်ဖြစ်သူများလည်း အများအပြားရှိခဲ့သည်။

#MeKongNews
#မြဝတီ
#၁၃/
#မှတ်ပုံတင်
#ကားခ
#ကုန်ကျ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now