နိုင်ငံတကာသတင်း

အပစ်ရပ်မှုကြောင့် ကမ္ဘောဒီးယား နယ်မြေ စွန့်လွှတ်ရမည်မဟုတ်ဟု ဟွန်မာနက် ပြော

မဲခေါင် 30 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၀ ထိုင်းနိုင်ငံနှင့် ဒီဇင်ဘာ ၂၇ ရက် အပစ်အခတ်ရပ်စဲမှုသည် နယ်မြေများနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို စွန့်လွှတ်ခြင်းဟု မဆိုလိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောသည်။ ကမ္ဘောဒီးယားက ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာနေချိန်မှာပင် မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကိုလည်း ထိန်းသိမ်းထားသည်ဟု ဟွန်မာနက်က ပြောကြားပြီး အပစ်အခတ် ရပ်စဲမှုအရ ကမ္ဘောဒီးယားက ထိုင်းဆီ နယ်မြေ များ ဆုံးရှုံးသွားနိုင်သည် ဆိုသော ပြည်သူများ၏ စိုးရိမ်မှုများကို လျော့ပါးစေခဲ့သည်ဟု ဖနွမ်းပင်ပို့စ်က ဖော်ပြသည်။ “ကမ္ဘောဒီးယားက ငြိမ်းချမ်းရေးလမ်းကြောင်းကို လိုက်နာနေပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ သာယာဝပြောမှုကို အားလုံးထက် ဦးစားပေးနေပါတယ်” ဟွန်မာနက်က ပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားက ဒီဇင်ဘာ

မဲခေါင်၊ ဒီဇင်ဘာ ၃၀

ထိုင်းနိုင်ငံနှင့် ဒီဇင်ဘာ ၂၇ ရက် အပစ်အခတ်ရပ်စဲမှုသည် နယ်မြေများနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို စွန့်လွှတ်ခြင်းဟု မဆိုလိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောသည်။

ကမ္ဘောဒီးယားက ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာနေချိန်မှာပင် မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကိုလည်း ထိန်းသိမ်းထားသည်ဟု ဟွန်မာနက်က ပြောကြားပြီး အပစ်အခတ် ရပ်စဲမှုအရ ကမ္ဘောဒီးယားက ထိုင်းဆီ နယ်မြေ များ ဆုံးရှုံးသွားနိုင်သည် ဆိုသော ပြည်သူများ၏ စိုးရိမ်မှုများကို လျော့ပါးစေခဲ့သည်ဟု ဖနွမ်းပင်ပို့စ်က ဖော်ပြသည်။

“ကမ္ဘောဒီးယားက ငြိမ်းချမ်းရေးလမ်းကြောင်းကို လိုက်နာနေပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ သာယာဝပြောမှုကို အားလုံးထက် ဦးစားပေးနေပါတယ်” ဟွန်မာနက်က ပြောသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားက ဒီဇင်ဘာ ၂၇ ရက်တွင် ချက်ခြင်း အပစ်အခတ် ရပ်စဲရန် ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကာ နှစ်ဖက်စလုံးမှ တပ်ဖွဲ့များသည်လည်း တိုက်ခိုက်မှုများ ရပ်တန့်သွားသည့် နေရာတွင်သာ ဆက်ရှိနေရမည်ဟု သတင်းက ဖော်ပြသည်။

ကမ္ဘောဒီးယာက ဆက်လက် တိုက်ပွဲ ဝင်နိုင်သော်လည်း ပဋိပက္ခကို ဆက်လက် ရှည်ကြာအောင် လုပ်ခြင်းက လုံးဝ အကျိုးမရှိကြောင်း၊ အထူးသဖြင့် နိုင်ငံငယ်လေးအနေဖြင့် အကျိုးမရှိဟု ဟွန်မာနက်က ဆက်လက် ပြောကြားခဲ့သည်။

ပြည်သူလူထုအတွက် ဒုက္ခရောက်မှု၊ နာကျင်မှုများ အနည်းဆုံးဖြစ်စေရန် တိုက်ခိုက်မှုများ ပို၍ ကျယ်ပြန့်မလာခင် ရပ်တန့်သွားရန် ညှိနှိုင်းဆွေးနွေးမှု လမ်းကြောင်းကို အစိုးရက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဟွန်မာနက်အား ကိုးကား၍ သတင်းက ဆိုသည်။

တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမှာ စစ်သားများ၊ ရဲတပ်ဖွဲ့များနှင့် အရပ်သားများကြား အသက်သွေးချွေးဖြင့် ပေးဆပ်ရမှုများနှင့် ထိခိုက်ဒဏ်ရာ ရခြင်းများကို ရပ်တန့်သွားစေရန် ဖြစ်ကြောင်း ဟွန်မာနက်က ပြောသည်။

“စစ်ပွဲကို စစ်ပွဲနဲ့ မရပ်တန့်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် တိုက်ပွဲများကြောင့် ကမ္ဘောဒီးယား အရပ်သား ၃၂ ဦး သေဆုံးပြီး ၉၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းက ဆက်လက် ဖော်ပြသည်။

အေးကျော်
Ref: The Nation
#MeKongNews
#အပစ်ရပ်
#ကမ္ဘောဒီးယား
#စွန့်လွှတ်
#ဟွန်မာနက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now