ကမ္ဘာ့သတင်း

ယူကရိန်းအရေး တိုးတက်မှုရသော်လည်း ခက်ခဲသော ပြဿနာတချို့ ကျန်သေးကြောင်း ဒေါ်နယ်ထရမ့်ပြော

မဲခေါင် 29 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၉ ယူကရိန်းအရေးတွင် တိုးတက်မှု ရခဲ့သော်လည်း ခက်ခဲသော ပြဿနာ တစ်ခု ၂ ခုကို ဖြေရှင်းရန် ကျန်နေသေးပြီး နယ်မြေ ပြဿနာမှာ အခက်ဆုံးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တွေ့ဆုံပြီး‌နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဥ်ကို ၉၀ ရာခိုင်နှုန်း သဘောတူညီထားပြီဟု ဇီလန်စကီးက ပြောကြားပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်မှာ ၉၅ ရာခိုင်နှုန်း နီးပါး ပြီးစီးသွားပြီဟု ဆိုသည်။ သို့ရာတွင် ဒွန်ဘတ်စ် ဒေသ၌ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဖွင့်လှစ်သွားရေးကိုလည်း မဖြေရှင်းရသေးကြောင်း ထရမ့်က ပြောသည်။ နယ်မြေကိစ္စအတွက် လူထုဆန္ဒခံယူပွဲ

မဲခေါင်၊ ဒီဇင်ဘာ ၂၉

ယူကရိန်းအရေးတွင် တိုးတက်မှု ရခဲ့သော်လည်း ခက်ခဲသော ပြဿနာ တစ်ခု ၂ ခုကို ဖြေရှင်းရန် ကျန်နေသေးပြီး နယ်မြေ ပြဿနာမှာ အခက်ဆုံးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တွေ့ဆုံပြီး‌နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။

အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဥ်ကို ၉၀ ရာခိုင်နှုန်း သဘောတူညီထားပြီဟု ဇီလန်စကီးက ပြောကြားပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်မှာ ၉၅ ရာခိုင်နှုန်း နီးပါး ပြီးစီးသွားပြီဟု ဆိုသည်။

သို့ရာတွင် ဒွန်ဘတ်စ် ဒေသ၌ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဖွင့်လှစ်သွားရေးကိုလည်း မဖြေရှင်းရသေးကြောင်း ထရမ့်က ပြောသည်။

နယ်မြေကိစ္စအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရေးကို ခွင့်ပြုချက်ပေးရန် ရုရှားသမ္မတပူတင်က သဘောမတူဟု ၎င်းက ပြောသည်။

ယင်းမှာ နယ်မြေကိစ္စ ဖြေရှင်းရန် မရှိမဖြစ်အရေးပါသည်ဟု ယူကရိန်းက ပြောသည်။

တိုက်ပွဲများ၏ ရှေ့တန်း မျက်နှာစာဖြစ်သော ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကိုမူ ဖြေရှင်းရန် ကျန်နေသေးသည့် ကိစ္စအဖြစ် ထရမ့်က ဖော်ပြခဲ့သော်လည်း သဘောတူညီချက်ရရှိရန် အများကြီး ပိုမိုနီးစပ်လာပြီဟု ဆိုသည်။

ဇီလန်းစကီးကမူ ဒွန်ဘတ်စ်ကိစ္စတွင် ယူကရိန်း၏ သဘောထားမှာ အလွန်ရှင်းလင်းပြီး ရုရှား၏ သဘောထားနှင့် ကွဲပြားကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းကို ပြန်လည် ထူထောင်ရာတွင် ရုရှားက ကူညီပေးသွားမည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးနောက် ယူကရိန်းသို့ သွားရောက်လည်ပတ်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောဆိုခဲ့သည်။

သင့်တော်သည့်အချိန်တွင် ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပြီး ပူတင်ကလည်း ထိုသို့ဖြစ်လာရန် ဆန္ဒရှိနေပုံရသည်ဟု အရိပ်အမြွက် ဖွင့်ဟခဲ့သည်။

ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်ခဲ့သော နှစ်ဦးကြား တွေ့ဆုံမှုက အလွန်ကောင်းမွန်ကြောင်း သမ္မတ နှစ်ဦးစလုံးက ပြောကြားကြသည်။

အေးကျော်
Ref: BBC
#MeKongNews
#ယူကရိန်း
#တိုးတက်မှု
#ပြဿနာ
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now