မဲခေါင်၊ ဒီဇင်ဘာ ၂၉
ကမ္ဘာ့ အရက်ရောဆုံးသူဌေးဟု ဂုဏ်ပြုခြင်းခံရသော လုပ်ငန်းရှင်သူဌေးကြီး ဂရေဟမ်ဝေါ်လ်ကာ ဆိုသူသည် ၎င်း၏ စက်ရုံဝန်ထမ်း ၅၀၀ ကျော်အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ဒေါ်လာသန်း ၂၄၀ အထိ ပေးခဲ့သည်။
အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်မှ လူဦးရေ ၁၂၀၀၀ သာ နေထိုင်သည့် မင်ဒန်ဆိုသော မြို့လေး၌ Fibrebond ဆိုသည့် ထုတ်လုပ်ရေးစက်ရုံတွင် အချိန်ပြည့်ဝန်ထမ်း ၅၄၀ ရှိရာ အားလုံးအား ပိုင်ရှင် အမှုဆောင်ချုပ် ဝေါ်လ်ကာက အနည်းဆုံး တစ်ဦးလျှင် ဒေါ်လာ ၄၄၃၀၀၀ နှုန်းဖြင့် ဒေါ်လာ သန်း ၂၄၀ အထိ ခရစ္စမတ် လက်ဆောင် ပေးခဲ့ခြင်းဖြစ်သည်။
Fibrebond ကုမ္ပဏီကို ၁၉၈၂ ခုနှစ်တွင် ဂရေဟမ်ဝေါ်လ်ကာ၏ ဖခင် ကလောက်ဝေါ်လ်ကာက စတင် ထူထောင်ခဲ့ကာ ၁၉၉၀ ပြည့်လွန်နှစ်များ၌ လုပ်ငန်းများ အလွန်အောင်မြင်ခဲ့သော်လည်း ၁၉၉၈ ခုနှစ်၌ မီး လောင်ခဲ့သဖြင့် လုပ်ငန်းရပ်ဆိုင်း ပြိုလဲလုဖြစ်ခဲ့ရသည်။
အလုပ်အပ်သူ ၃ ဦးသာရှိသည့် အချိန်အထိ ဝေါ်လ်ကာမိသားစုသည် အလုပ်သမားများအား အလုပ်မရှိဘဲ လစာများ ဆက်ပေးထားခဲ့သည်။
နောက်ပိုင်းတွင် အလွန်စွန့်စားရာ ရောက်သည့် တီထွင်ဆန်းသစ်မှုစနစ်များအတွက် ပေါင်သန်း ၁၅၀ သုံးကာ ဒေတာစင်တာများ၊ မော်ဂျူလာပါဝါ၊ cloud computing၊ ဉာဏ်ရည်တုနှင့် ငွေ့ရည် သဘာဝဓာတ်ငွေ့ တင်ပို့မှုစနစ်များ တီထွင်တပ်ဆင်ပြီးနောက် လုပ်ငန်း အလွန်အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်ရှိ လုပ်ငန်းပိုင်ရှင် ဂရေဟမ်ဝေါ်လ်ကာသည် Fibrebond ကုမ္ပဏီအား တက္ကဆက် အခြေစိုက် စွမ်းအင်စီမံခန့်ခွဲရေးကုမ္ပဏီ Eaton ထံသို့ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဖြင့် ရောင်းချရန် အပြီးသတ် သဘောတူညီမှု ရရှိသွားပြီး ဒီဇင်ဘာ ၃၁ ရက် တွင် အပြီးလွှဲပေးတော့မည်ဖြစ်သောကြောင့် သစ္စာရှိခဲ့ကြသော ဝန်ထမ်းများ အားလုံးကို အနည်းဆုံး တစ်ဦးလျှင် ဒေါ်လာ ၄၄၃၀၀၀ နှုန်းပေးပြီး လုပ်သက် ပိုကြာသူများ၊ ရာထူး ပိုကြီးသူများ အတွက်မူ ထိုထက်များစွာပိုသည့် ဆုကြေးများ ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဝန်ထမ်း
#ဒေါ်လာ
#ခရစ္စမတ်
#သူဌေး








