နေ့စဥ်သတင်း

နယ်စပ်အရေး ဆွေး‌နွေးဆဲမှာပင် ထိုင်းက တိုက်ခိုက်မှုများ တိုးမြှင့်ခဲ့ကြောင်း ကမ္ဘောဒီးယားစွပ်စွဲ

မဲခေါင် 26 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၆ နယ်စပ်ပစ်ခတ် တိုက်ခိုက်မှုများ အဆုံးသတ်ရန် ညှိနှိုင်းကြရေးကို ရည်ရွယ်၍ ကျင်းပနေသော ၃ ရက်မြောက် အစည်းအဝေးကို နှစ်နိုင်ငံအရာရှိများ တက်ရောက်နေကြချိန်မှာပင် နယ်စပ်ဒေသများတွင် ထိုင်းဘက်က တိုက်ခိုက်မှုများ တိုးမြှင့်နေသည်ဟု ကမ္ဘောဒီးယားက စွပ်စွဲ ပြောကြားသည်။ ကမ္ဘောဒီးယားနှင့် ထိုင်းအရာရှိများသည် နှစ်နိုင်ငံကြား ထူထောင်ထားသော စေ့စပ်ညှိနှိုင်းရေးယန္တရား ဖြစ်သည့် အထွေထွေနယ်စပ်ကော်မတီ – GBC ၏ ၃ ရက်မြောက် အစည်းအဝေးကို တက်ရောက်နေကြပြီး မနက်ဖြန်တွင် ကာကွယ်ရေးဝန်ကြီးများတွေ့ဆုံရန် စီစဉ်ထားသည်။ သို့သော် ယနေ့ နံနက်ပိုင်းတွင် ထိုင်းစစ်ဘက်က ဘန်တေးမိန်ချေးပြည်နယ် နယ်စပ်ဧရိယာတွင် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကမ္ဘောဒီးယားစစ်ဘက်က ပြောကြားသည်။ “ဒီနေ့မနက်

မဲခေါင်၊ ဒီဇင်ဘာ ၂၆

နယ်စပ်ပစ်ခတ် တိုက်ခိုက်မှုများ အဆုံးသတ်ရန် ညှိနှိုင်းကြရေးကို ရည်ရွယ်၍ ကျင်းပနေသော ၃ ရက်မြောက် အစည်းအဝေးကို နှစ်နိုင်ငံအရာရှိများ တက်ရောက်နေကြချိန်မှာပင် နယ်စပ်ဒေသများတွင် ထိုင်းဘက်က တိုက်ခိုက်မှုများ တိုးမြှင့်နေသည်ဟု ကမ္ဘောဒီးယားက စွပ်စွဲ ပြောကြားသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းအရာရှိများသည် နှစ်နိုင်ငံကြား ထူထောင်ထားသော စေ့စပ်ညှိနှိုင်းရေးယန္တရား ဖြစ်သည့် အထွေထွေနယ်စပ်ကော်မတီ – GBC ၏ ၃ ရက်မြောက် အစည်းအဝေးကို တက်ရောက်နေကြပြီး မနက်ဖြန်တွင် ကာကွယ်ရေးဝန်ကြီးများတွေ့ဆုံရန် စီစဉ်ထားသည်။

သို့သော် ယနေ့ နံနက်ပိုင်းတွင် ထိုင်းစစ်ဘက်က ဘန်တေးမိန်ချေးပြည်နယ် နယ်စပ်ဧရိယာတွင် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကမ္ဘောဒီးယားစစ်ဘက်က ပြောကြားသည်။

“ဒီနေ့မနက် ၆ နာရီ ၈ မိနစ်ကနေ ၇ နာရီ ၁၅ မိနစ်အထိ ချော့ချေးကျေးရွာ တစ်ဝိုက်မှာ တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ထိုင်းစစ်ဘက်က F-16 တိုက်လေယာဉ်တွေနဲ့ ဗုံးအလုံး ၄၀ အထိ ကြဲချခဲ့ပါတယ်” ဟု ကမ္ဘောဒီးယားစစ်ဘက်က ထုတ်ပြန်သည်။

ထို့အတူ ဆာကောပြည်နယ် နယ်စပ်၌ ညဘက်တွင် ကမ္ဘောဒီးယားစစ်တပ်က ပြင်းထန်သော တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကာ အရပ်အသားနေအိမ် အများအပြား ပျက်စီးခဲ့သည်ဟု ထိုင်းမီဒီယာများက ဖော်ပြသည်။

ထိုအတောအတွင်းမှာပင် ကမ္ဘောဒီးယားနှင့် နယ်စပ်တစ်လျောက်မှ ဟိန္ဒူရုပ်တုတစ်ခုအား ၎င်းတို့စစ်ဘက်က ဖြို ချခဲ့ခြင်းအား ထိုင်းနိုင်ငံက ယမန်နေ့တွင် ကာကွယ်ပြောဆိုခဲ့ပြီး အငြင်းပွားနေသော နယ်စပ်ဧရိယာတွင် ထိန်းချုပ်မှု ပြန်ယူရန် ဖယ်ရှားရခြင်း ဖြစ်ကြောင်း ပြောသည်။

ဟိန္ဒနတ်ဘုရား ဗစ်ရှနူးရုပ်တုအား ၂၀၁၄ ခုနှစ် က တည်ဆောက်ခဲ့ပြီး တနင်္လာနေ့တွင် ထိုင်းဘက်က ဖြိုချခဲ့သည်ဟု ပရီယာဝိဟာရ ပြည်နယ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထိုကဲ့သို့ မလေးစားသော လုပ်ရပ်များသည် ကမ္ဘာတစ်ဝန်းမှ ဟိန္ဒူဘာသာဝင်များ၏ ခံစားချက်ကို ထိခိုက်စေပြီး မဖြစ်သင့်ကြောင်း ဟိန္ဒူလူများစု အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

သို့သော် ရုပ်တုအား ဖယ်ရှားခြင်းမှာ လုံခြုံရေး နှင့် ဧရိယာစီမံခန့်ခွဲမှု ပေါ်မူတည်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မည့်သည့် ဘာသာတရား သို့မဟုတ် ကိုးကွယ် ယုံကြည်မှုကိုမျှ မလေးမစားလုပ်ရန် ရည်ရွယ်ခြင်းမရှိကြောင်း ထိုင်းအစိုးရက ကြာသပတေးနေ့တွင် တုံ့ပြန် ပြောကြားသည်။

အေးကျော်
Ref: AFP
#MeKongNews
#နယ်စပ်
#ထိုင်း
#ကမ္ဘောဒီးယား
#စွပ်စွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now