မဲခေါင်၊ ဒီဇင်ဘာ ၂၆
လာမည့်နှစ်အတွက် စံချိန်တင်ဘတ်ဂျက်တစ်ရပ်ကို ဂျပန်အစိုးရအဖွဲ့က ယနေ့အတည်ပြုပေးလိုက်ကြောင်း သိရပြီး ယန်းငွေ ၁၂၂ ဒသမ ၃ ထရီလီယံ ဘတ်ဂျက်တွင် သမိုင်းတစ်လျှောက် ကာကွယ်ရေးအတွက် စံချိန် တင်သုံးစွဲမည့် အသုံးစရိတ် ယန်း ၉ ထရီလီယံလည်း ပါဝင်သည်။
ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်၌ ၎င်းတို့၏ ကမ်းရိုးတန်း ကာကွယ်ရေးကို တိုးမြှင့်ရန် တိုကျိုက ရည်မှန်းထားစဉ် စံချိန်တင်ဘတ်ဂျက် ထွက်ပေါ်လာခြင်းဖြစ်ကာ တစ်ချိန်တည်းမှာပင် လက်နက်ခဲယမ်းများ အပေါ် ငွေကြေးသုံးစွဲမှုကိုလည်း ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းမှ နှစ်ဆ မြှင့်တင်ရန် လုပ်ဆောင်နေသည်။
ပါလီမန်၏ အထည်ပြုချက် လိုအပ်နေသေးသော လာမည့်ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်မူကြမ်းသည် ယမန်နှစ် ဘတ်ဂျက်ထက် ၉ ဒသမ ၄ ရာခိုင်နှုန်းပိုများကြောင်း သိရသည်။
ကာကွယ်ရေး အသုံးစရိတ်အတွက် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ခြင်းကို မတ်လတွင် ပြည့်မီမည်ဟု ဂျပန်အစိုးရက ကတိပြုထားပြီး မူလက စီစဉ်ထားသည်ထက် ၂ နှစ်ခန့် ပိုစောကာ အဓိကအားဖြင့် မဟာမိတ် အမေရိကန်၏ ဖိအားများကြောင့် ဖြစ်သည်။
ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်း အဆိုးရွားဆုံး နှင့် အရှုပ်ထွေးဆုံး လုံခြုံရေးဝန်းကျင်ကို ရင်ဆိုင်ရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အကျဉ်းချုပ် ဖော်ပြချက်က ဆိုထားပြီး ထို့အတွက် ၎င်းတို့၏ ကာကွယ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်ရန် လိုအပ်ကြောင်း စာတမ်းက ဆက်လက်ဖော်ပြသည်။
စစ်ဘက်အား လူဖြည့်တင်းရန် ဂျပန်၏ ရုန်းကန်နေရမှုများကြောင့် လူမဲ့လက်စနစ်များကို အားပြုသွားရန် တိုကျိုက စီစဉ်ထားပြီး ဒရုန်းများက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။
လက်နက်များ မြန်မြန်ဆန်ဆန် ဝယ်ယူစုဆောင်း နိုင်ရေးအတွက်လည်း တိုကျိုက ပြည်ပမှ တင်သွင်းမှုများကို အားကိုးရန် စီစဉ်ထားကာ အထူးသဖြင့် တူရကီနှင့် အစ္စရေးတို့လို မဟာမိတ်များထံမှ ဖြစ်သည်။
ဂျပန်၏ လက်နက် အလျင်အမြန် တပ်ဆင်ခြင်း နောက်ခံမှာ တရုတ်က ထိုင်ဝမ်အား စစ်ရေးအရ အရေးယူမည့် အန္တရာယ်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်နေသော ကျွန်းအား အင်အားသုံးမည် ဟူသော တရုတ်၏ ပြောကြားချက်များ အမှန်တကယ် ဖြစ်လာပါက ဂျပန်နိုင်ငံက ကြားဝင်သွားနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိက ပြောခဲ့သည်။
ယခုလ အစောပိုင်းတွင်လည်း တရုတ် တိုက်လေယာဉ်တစ်စီးက ဂျပန် စစ်လေယာဉ်တစ်စီးအား ရေဒါဖြင့် ချိန်ခဲ့သဖြင့် ဂျပန် အရှေ့တောင်ပိုင်းမှ တရုတ်လေယာဉ်တင် သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်မှုများ အပေါ် ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့သည်။
ရေဒါချိန်သောလုပ်ရပ်မှာ ပစ်ခတ်ရန်အသင့် ပြင်ဆင်ခြင်းအဖြစ် မှတ်ယူကြသည်။
အေးကျော်
Ref: DW
#MeKongNews
#တရုတ်
#ဟန့်တားရန်
#ဘတ်ဂျက်
#ဂျပန်








