ကမ္ဘာ့သတင်း

နျူကလီးယားရေငုပ်သင်္ဘော ကိုယ်ထည်ကို မြောက်ကိုရီးယားစတင်ထုတ်ပြလာ

မဲခေါင် 25 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၅ တောင်နှင့်မြောက်ကိုရီးယားတို့၏ စစ်ရေးခြိမ်းခြောက်မှုများသည် ပင်လယ်ပြင်အောက်အထိပါ ရောက်ရှိလာကာ ဒီဇင်ဘာ ၂၅ ရက်တွင် မြောက်ကိုရီးယားတည်ဆောက်နေသော နျူကလီးယား ရေငုပ်သင်္ဘောကိုယ်ထည်အား ခေါင်းဆောင်ကင်ဂျုံအန်သွားရောက်ကြည့်ရှုစစ်ဆေးသည့် သတင်းရုပ်သံ ဓာတ်ပုံများကို ကမ္ဘာသိစေရန် ထုတ်ဖော်ပြသသွားခဲ့သည်။ ကင်ဂျုံအန်သည် ၂၀၂၁ ခုနှစ်က ၎င်း၏အလုပ်သမားပါတီ အထွေထွေညီလာခံကြီး၌ ထိပ်တန်းလက်နက် ဆန်းများတပ်ဆင်မည့် နျူကလီးယားရေငုပ်သင်္ဘောတည်ဆောက်ရေး အတည်ပြုခဲ့ကာ မတ်လက ယင်းရေငုပ်သင်္ဘောတည်ဆောက်နေမှု ဓာတ်ပုံများ စတင်ထုတ်ပြခဲ့ကာ ယခုတစ်ဖန်ထုပ်ပြသည့် ဓာတ်ပုံများအရ ကိုယ်ထည်မှာ တည်ဆောက်ပြီးစီးသွားပြီး အတွင်းထဲ၌ နျူကလီးယားစွမ်းအင်ဖြင့် လည်ပတ်နိုင်စေရေး အဏုမြူဓာတ်ပေါင်းဖိုတစ်ခု ထည့်သွင်းပြီးနှင့်နေလောက်ပြီဟု ကိုရီးယားပြန်လည်ပေါင်းစည်းရေးအင်စတီကျုမှ မြောက်ကိုရီးယားစစ်ရေး အထူးလေ့လာသူ ဟောင်မင်က ခန့်မှန်းသုံးသပ်ခဲ့သည်။ ယူကရိန်းရှေ့တန်းသို့ မြောက်ကိုရီးယားစစ်သားများ စေလွှတ်ပေး နေခြင်းကြောင့် ယခု

မဲခေါင်၊ ဒီဇင်ဘာ ၂၅

တောင်နှင့်မြောက်ကိုရီးယားတို့၏ စစ်ရေးခြိမ်းခြောက်မှုများသည် ပင်လယ်ပြင်အောက်အထိပါ ရောက်ရှိလာကာ ဒီဇင်ဘာ ၂၅ ရက်တွင် မြောက်ကိုရီးယားတည်ဆောက်နေသော နျူကလီးယား ရေငုပ်သင်္ဘောကိုယ်ထည်အား ခေါင်းဆောင်ကင်ဂျုံအန်သွားရောက်ကြည့်ရှုစစ်ဆေးသည့် သတင်းရုပ်သံ ဓာတ်ပုံများကို ကမ္ဘာသိစေရန် ထုတ်ဖော်ပြသသွားခဲ့သည်။

ကင်ဂျုံအန်သည် ၂၀၂၁ ခုနှစ်က ၎င်း၏အလုပ်သမားပါတီ အထွေထွေညီလာခံကြီး၌ ထိပ်တန်းလက်နက် ဆန်းများတပ်ဆင်မည့် နျူကလီးယားရေငုပ်သင်္ဘောတည်ဆောက်ရေး အတည်ပြုခဲ့ကာ မတ်လက ယင်းရေငုပ်သင်္ဘောတည်ဆောက်နေမှု ဓာတ်ပုံများ စတင်ထုတ်ပြခဲ့ကာ ယခုတစ်ဖန်ထုပ်ပြသည့် ဓာတ်ပုံများအရ ကိုယ်ထည်မှာ တည်ဆောက်ပြီးစီးသွားပြီး အတွင်းထဲ၌ နျူကလီးယားစွမ်းအင်ဖြင့် လည်ပတ်နိုင်စေရေး အဏုမြူဓာတ်ပေါင်းဖိုတစ်ခု ထည့်သွင်းပြီးနှင့်နေလောက်ပြီဟု ကိုရီးယားပြန်လည်ပေါင်းစည်းရေးအင်စတီကျုမှ မြောက်ကိုရီးယားစစ်ရေး အထူးလေ့လာသူ ဟောင်မင်က ခန့်မှန်းသုံးသပ်ခဲ့သည်။

ယူကရိန်းရှေ့တန်းသို့ မြောက်ကိုရီးယားစစ်သားများ စေလွှတ်ပေး နေခြင်းကြောင့် ယခု မြောက်ကိုရီးယားနျူကလီးယား ရေငုပ်သင်္ဘောအားတည်ဆောက်မှုတွင် ရုရှားဘက်မှ နည်းပညာနှင့် အကူအညီများပေးအပ်ထားဖွယ်ရှိသည်ဟု ၎င်းက သုံးသပ်ပြောဆိုသွားသည်။

ယင်းရေငုပ်သင်္ဘော မည်သည့်အချိန် ပြီးစီးကာ ရေချမည်ကို မြောက်ကိုရီးယားဘက်မှ မထုတ်ပြန်သော်လည်း မကြာခဏ စမ်းသပ်ပစ်ခတ်နေသည့် နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာပဲ့ထိန်းဒုံး ကျည်းစနစ်များ၊ ပဲ့ထိန်းခရုဇ်ဒုံးများ၊ တော်ပီဒိုများ တပ်ဆင်လာဖွယ်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူ များက သုံးသပ်နေသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် အမေရိကန်၏ လော့စ်အိန်းဂျလိစ် class ဖြစ်သော USS Greeneville နျူကလီးယားရေငုပ်သင်္ဘောသည် တောင်ကိုရီးယားဆိပ်ကမ်း ဘူဆန်သို့ ရောက်ရှိ ရပ်နားထားသည် ကို မြောက်ကိုရီးယားဘက်က ဒေသတွင်း တင်းမာမှုကိုပိုမိုမြင့်တက်စေသော ခြိမ်းခြောက်မှုပြုလုပ် ခြင်းဖြစ်သည်ဟု ခါးခါးသီးသီးဝေဖန် ထုတ်ပြန်ခဲ့သေးသည်။

အမေရိကန်ဘက်ကလည်း နိုဝင်ဘာလ ကတည်းက မဟာမိတ်တောင်ကိုရီးယားအတွက် နျူကလီးယားရေငုပ်သင်္ဘော တည်ဆောက်ပေးအပ် သွားရန် သဘောတူလက်မှတ်ရေးထိုးခဲ့ရာ တောင်နှင့်မြောက်ကိုရီးယား စစ်ရေးအားပြိုင်မှုသည် ပိုမိုတင်းမာမြင့်တက်လာပြီဖြစ်သည်။

၂၀၂၆ နှစ်ဆန်းပိုင်းတွင် ၅ နှစ်တစ်ကြိမ်ကျင်းပသည့် အလုပ်သမားပါတီ ညီလာခံကြီး၌ ကင်ဂျုံအန်သည် နောက် ၅ နှစ်အတွင်း စစ်ရေးလက်နက်သစ်များ ထပ်မံတီထွင်ပိုင်ဆိုင်ရေး အရေးပါသော ဆုံးဖြတ်ချက် များထပ်မံချမှတ်ကာ တီထွင်းပြီးသား လက်နက်အင်အားကို ချပြလာဖွယ်ရှိသည်ဟုလည်း ကြိုတင် သုံးသပ်နေကြသည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#မြောက်ကိုရီးယား
#ရေငုပ်သင်္ဘော
#နျူကလီးယား
#ရုရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now