နိုင်ငံတကာသတင်း

စစ်ပွဲကို ထိုင်းက စခဲ့သည်ဆိုသော ထရမ့်ပြောကြားမှု မစိုးရိမ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

မဲခေါင် 23 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၃ ယခုနောက်ဆုံးဖြစ်ပေါ်လာခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယားကြားက နယ်စပ်ပဋိပက္ခကို ထိုင်းနိုင်ငံက စတင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းအနေဖြင့် စိုးရိမ်ပူပန်မှုမရှိကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ပြောသည်။ “အမှန်တရားကို လူတိုင်းက သိရှိနေကြပါပြီ။ ကျွန်တော် စိုးရိမ်ပူပန်မှု လုံးဝမရှိပါဘူး။ ကျွန်တော်တို့ ကျုးကျော် ခံခဲ့ရတယ်။ တိုက်ခိုက်ခံခဲ့ရတယ်။ ကျွန်တော်တို့ လုပ်ခဲ့တာက ကျွန်တော်တို့ရဲ့အချုပ်အခြာကို ကာကွယ်ဖို့ တုံ့ပြန်ခဲ့တာပဲ ဖြစ်တယ်” ဟု အနုတင်က ပြောသည်။ နိုင်ငံအများအပြားက ဘက်မလိုက်ဘဲ ကြားနေသည့်ပုံ ပေါ်သော်လည်း နောက်ဆုံးတွင် ကမ္ဘောဒီးယားဘက် ပါသွားပုံ ရပါသလား ဟု မေးမြန်းရာတွင် ဘက်လိုက်သွားသည် ဆိုသော

မဲခေါင်၊ ဒီဇင်ဘာ ၂၃

ယခုနောက်ဆုံးဖြစ်ပေါ်လာခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယားကြားက နယ်စပ်ပဋိပက္ခကို ထိုင်းနိုင်ငံက စတင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းအနေဖြင့် စိုးရိမ်ပူပန်မှုမရှိကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ပြောသည်။

“အမှန်တရားကို လူတိုင်းက သိရှိနေကြပါပြီ။ ကျွန်တော် စိုးရိမ်ပူပန်မှု လုံးဝမရှိပါဘူး။ ကျွန်တော်တို့ ကျုးကျော် ခံခဲ့ရတယ်။ တိုက်ခိုက်ခံခဲ့ရတယ်။ ကျွန်တော်တို့ လုပ်ခဲ့တာက ကျွန်တော်တို့ရဲ့အချုပ်အခြာကို ကာကွယ်ဖို့ တုံ့ပြန်ခဲ့တာပဲ ဖြစ်တယ်” ဟု အနုတင်က ပြောသည်။

နိုင်ငံအများအပြားက ဘက်မလိုက်ဘဲ ကြားနေသည့်ပုံ ပေါ်သော်လည်း နောက်ဆုံးတွင် ကမ္ဘောဒီးယားဘက် ပါသွားပုံ ရပါသလား ဟု မေးမြန်းရာတွင် ဘက်လိုက်သွားသည် ဆိုသော နိုင်ငံကို ၎င်းအနေဖြင့် သတိမထားမိ ကြောင်း အနုတင်က ပြောကြားပြီး ထိုင်း-ကမ္ဘောဒီးယား ပြဿနာသည် နှစ်နိုင်ငံကြားက ကိစ္စဖြစ်ကြောင်း ဆက်ပြောသည်။

“တစ်ဖက်ဖက် နဲ့ အတူ ရပ်တည်တယ်လို့ ပြောတဲ့နိုင်ငံ တစ်နိုင်ငံမှ ကျွန်တော် မတွေ့သေးပါဘူး။ တွေ့တဲ့နိုင်ငံ အားလုံးက ကြားနေတယ်လို့ပဲ ပြောကြပါတယ်” ဟု ၎င်းက ဆိုသည်။

နယ်စပ် တိုက်ခိုက်မှုများတွင် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သော တပ်ဖွဲ့ဝင်များအတွက် လျော်ကြေးပေးရန်နှင့် တိုက်ခိုက်မှုများအတွင်း ထိခိုက်ခဲ့သော အရပ်သားများအတွက် အကူအညီပေးရန် အမျိုးသားလုံခြုံရေးကောင်စီ – NSC က အဆိုပြု တင်ပြခဲ့ကြောင်းကိုလည်း ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးပူးတွဲ တာဝန်ယူထားသူ အနုတင်က အစောပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

ထိုအတောအတွင်းမှာပင် မနက်ဖြန် ကျင်းပမည့် အထွေထွေနယ်စပ်ရေးရာ ကော်မတီ – GBC အစည်းအဝေးကို နယ်စပ် ထိုင်းဧရိယာမှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပြောင်းရွှေ့ကျင်းပရေး ကမ္ဘောဒီယားက တောင်းဆိုမှုကို ထိုင်းဘက်က ပယ်ချခဲ့ကြောင်း အကြီးတန်းထိုင်းလုံခြုံ‌ရေး သတင်းရင်းမြစ်ကို ကိုးကား၍ ထိုင်းမီဒီယာများက ဖော်ပြသည်။

နယ်စပ် လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ ယင်းအစည်းအဝေးအား ကွာလာလမ်ပူမြို့တွင် ကျင်းပရန် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဆေဟာက ထိုင်းကာကွယ်ရေးဝန်ကြီး နတ်ဖာနစ်အား စာရေးသားတောင်း ဆိုခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြခဲ့သည်။

GBC အစည်းအဝေး နောက်ဆုံးအကြိမ်ကို ကမ္ဘောဒီးယားနိုင်ငံ ခိုကောင်ပြည်နယ်တွင် ကျင်းပခဲ့ကြောင်းနှင့် ယခုအခါ ထိုင်းနိုင်ငံက လက်ခံကျင်းပရမည့် အလှည့်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး နတ်ဖာနစ်က အစောပိုင်းတွင် ပြောကြားထားခဲ့ပြီး ထိုင်းအစိုးရက စစ်ရေး နှင့် သံတမန်ရေးကို ခွဲခြားနိုင်သဖြင့် ကမ္ဘောဒီးယားအနေဖြင့် စိုးရိမ်စရာ မရှိကြောင်း ၎င်းက ဆက်ပြောသည်။

အေးကျော်
Ref: The Nation/ AFP
#MeKongNews
#စစ်ပွဲ
#ထိုင်း
#ကမ္ဘောဒီးယား
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now