မဲခေါင်၊ ဒီဇင်ဘာ ၂၃
အင်္ဂါဂြိုဟ်ပေါ်သို့ လူများသွားလာနိုင်ရေး အီလွန်မာ့စ် စိတ်ကူးယဉ်ကာ တီထွင်နေသော အာကာသယာဉ် ပေါက်ကွဲခဲ့မှုအတွင်း လေယာဉ် ၃ စီး အလွန်ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရကြောင်း ယခုနောက်ဆုံး သတင်းထွက်လာခဲ့ ပြီ ဖြစ်သည်။
အီလွန်မာ့စ်သည် ယင်းစီမံကိန်းအတွက် SpaceX Starship အာကာသယာဉ်အား လူမပါဘဲ ၇ ကြိမ်မြောက် စမ်းသပ်လွှတ်တင်မှုအဖြစ် ၂၀၂၅ ဇန်နဝါရီလက ပြုလုပ်ခဲ့ရာ ဂြိုဟ်တုသည် လွှတ်တင်အပြီး ၁၀ မိနစ်အကြာတွင် ကာရစ်ဘီယံ ပင်လယ်အထက် ဝေဟင်၌ ပေါက်ကွဲပြီး လောင်ကျွမ်းအပျက်အစီး အပိုင်းအစများစွာ ကျဆင်းလာသဖြင့် JetBlue လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဆန်ဟွမ်တွင် လောင်စာဆီ အကြောင်းပြကာ အရေးပေါ် ဆင်းသက်ခဲ့ရသလို Iberia Airlines မှ လေယာဉ်တစ်စီးနှင့် ပုဂ္ဂလိက ဂျက်လေယာဉ်တစ်စီးတို့ အလားတူ ကြီးမားလှသည့် အန္တရာယ်ဖြင့် ကြုံတွေ့ခဲ့ရသည်ဟု Wall Street Journal က ယခုမှ စုံစမ်းဖော်ထုတ် တင်ပြလာသည်။
JetBlue လေကြောင်းလိုင်းသည် ခရီးသည် ၄၅၀ တင်ဆောင်လာကာ အီလွန်မာ့စ်၏ ဂြိုဟ်တုပေါက်ကွဲပျက်စီးမှုမှ လောင်ကျွမ်း အပိုင်းအစများနှင့် ထိတွေ့ပြီးနောက် မပျံသန်းရဇုန် အတွင်းအထိ မောင်းဝင် ရှောင်ရှားကာ ဆန်ဟွမ် အရပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ်က အီလွန်မာ့စ်သည် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးနောက် အဓိက မဟာမိတ်အဖြစ်နှင့် အစိုးရဌာနများ စွမ်းဆောင်ရည်မြှင့်တင်ရေး အဖွဲ့သစ် ဦးဆောင်သူ တာဝန်မယူမီ ရက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းပေါက်ကွဲမှုပြီးနောက် အင်္ဂါဂြိုဟ်သို့ လူများသွားရောက်ရေး ၎င်း၏ အာကာသစီမံကိန်းမှာအောင်မြင်ချင်မှ အောင်မြင်တော့မည်ဟု ၎င်းက ဆိုသော်လည်း ဖျော်ဖြေမှု အပေးစွမ်းနိုင်ဆုံးများကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောခဲ့သေးသည်။
ယင်းအမှုအား အမေရိကန် လေကြောင်းထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ – FAA က ဖေဖော်ဝါရီတွင် တစ်ကြိမ် စစ်ဆေးခဲ့သော်လည်း မတ်လ၌ ပြန်လည်ဆန်းစစ်မှု စီမံကိန်းကို ရပ်ဆိုင်းကာ လျှော်ပစ်ခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီလွန်မာ့စ်
#Starship
#ဂြိုဟ်တု
#ပျက်ကျ








