ကမ္ဘာ့သတင်း

ရုရှားကို အနောက်တိုင်းက လေးစားစွာ ဆက်ဆံလျှင် စစ်ပွဲများ ရှိမည်မဟုတ် ပူတင်ပြော

မဲခေါင် 20 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၀ ရုရှားကို လေးစားသမှုနှင့် ဆက်ဆံခဲ့ပါက ယူကရိန်းပြီးလျှင် စစ်ပွဲများရှိတော့မည် မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားပြီး ဥရောပနိုင်ငံများကို မော်စကိုက တိုက်ခိုက်ရန် စီစဉ်နေသည်ဆိုသည့် ပြောဆိုမှုများကိုလည်း အဓိပ္ပာယ်မရှိသော ပြောဆိုမှုများအဖြစ် ပယ်ချခဲ့ သည်။ ၄ နာရီခွဲနီးပါး ကြာမြင့်သော ရုပ်သံမှ တင်ဆက်သည့် အခမ်းအနားတွင် အထူးစစ်ဆင်ရေးများ ရှိလာနိုင်သလား ဟု ယူကရိန်းအား အလုံးစုံ ကျူးကျော်မှုတွင် ပူတင်ပြောသော အသုံးအနှုန်းဖြင့် ဘီဘီစီသတင်းဌာနက ပူတင်အား မေးမြန်းခဲ့သည်။ “ခင်ဗျားတို့က ကျုပ်တို့ကို လေးစားသမှုနဲ့ ဆက်ဆံရင်၊ ခင်ဗျားတို့ရဲ့ အကျိုးစီးပွားတွေကို လေးစားဖို့ အမြဲတမ်း ကျွန်တော်တို့ ကြိုးစားခဲ့သလို ခင်‌ဗျားတို့က ကျွန်တော်တို့ရဲ့

မဲခေါင်၊ ဒီဇင်ဘာ ၂၀

ရုရှားကို လေးစားသမှုနှင့် ဆက်ဆံခဲ့ပါက ယူကရိန်းပြီးလျှင် စစ်ပွဲများရှိတော့မည် မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားပြီး ဥရောပနိုင်ငံများကို မော်စကိုက တိုက်ခိုက်ရန် စီစဉ်နေသည်ဆိုသည့် ပြောဆိုမှုများကိုလည်း အဓိပ္ပာယ်မရှိသော ပြောဆိုမှုများအဖြစ် ပယ်ချခဲ့ သည်။

၄ နာရီခွဲနီးပါး ကြာမြင့်သော ရုပ်သံမှ တင်ဆက်သည့် အခမ်းအနားတွင် အထူးစစ်ဆင်ရေးများ ရှိလာနိုင်သလား ဟု ယူကရိန်းအား အလုံးစုံ ကျူးကျော်မှုတွင် ပူတင်ပြောသော အသုံးအနှုန်းဖြင့် ဘီဘီစီသတင်းဌာနက ပူတင်အား မေးမြန်းခဲ့သည်။

“ခင်ဗျားတို့က ကျုပ်တို့ကို လေးစားသမှုနဲ့ ဆက်ဆံရင်၊ ခင်ဗျားတို့ရဲ့ အကျိုးစီးပွားတွေကို လေးစားဖို့ အမြဲတမ်း ကျွန်တော်တို့ ကြိုးစားခဲ့သလို ခင်‌ဗျားတို့က ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေကို လေးစားကြရင် စစ်ဆင်‌ရေးတွေ ရှိလာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ရုရှားက ဥ‌ရောပနှင့် စစ်တိုက်ရန် စီစဉ်နေခြင်း မရှိသော်လည်း ဥရောပက အလိုရှိပါက ချက်ခြင်း စစ်တိုက်ရန် အသင့်ရှိကြောင်း ပူတင်က ယခုလထဲတွင် ပြောကြားခဲ့သည်။

“နေတိုးအဖွဲ့ရဲ့ အရှေ့ဘက် တိုးချဲ့မှုမျိုးနဲ့ ခင်ဗျားတို့က ကျုပ်တို့ကို လှည့်စားခဲ့သလိုမျိုး ခင်ဗျားတို့က လှည့်စားမှုမလုပ်ရင် ရုရှား ကျူးကျော်မှုတွေ ထပ်ရှိလာမှာ မဟုတ်ဘူး”ဟု ယမန်နေ့က ဘီဘီစီ ရုရှားသတင်းဌာန၏ မေးခွန်းကို ဖြေကြားရာတွင် ပူတင်က ဖြည့်စွက် ပြောကြားသည်။

“Direct Line” ဟု နာမည်ပေးထားသော တက်သုတ်ရိုက် အမေး၊ အဖြေ အခမ်းအနားကို မော်စကိုမြို့မှ ခန်းမတစ်ခုတွင် ကျင်းပပြီး ရုရှား နိုင်ငံတစ်ဝန်းမှ ပြည်သူလူထုနှင့် ဂျာနယ်လစ်များ၏ မေးခွန်းများကို ၂၀၁၄ ခုနှစ် တွင် ယူကရိန်းထံမှ သိမ်းယူထားသော ခရိုင်းမီးယားဒေသကိုပါ ထည့်သွင်း ရေးဆွဲထားသည့် ရုရှားနိုင်ငံ မြေပုံကြီးအား ‌နောက်ခံထား၍ ပူတင်က ဖြေကြားခဲ့သည်။

အေးကျော်
Ref:BBC
#MeKongNews
#ရုရှား
#အနောက်တိုင်း
#စစ်ပွဲများ
#ပူတင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now