နေ့စဥ်သတင်း

ကမ္ဘောဒီးယား ကာစီနိုရုံများမှာ F-16 ဂျက်ဖိုက်တာများ ဗုံးကြဲမှုဒဏ် ခံနိုင်သည်အထိ အလွန်ခိုင်ခံ့ကြောင်း ထိုင်းစစ်တပ်ပြော

မဲခေါင် 19 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၉ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း ပစ်မှတ်ထားခဲ့သည့် ကမ္ဘောဒီးယား ကာစီနို အဆောက် အအုံများမှာ အလွန်ခိုင်ခံ့အောင် တည်ဆောက်ထားပြီး F-16 တိုက်လေယာဉ်များက လေကြောင်းမှ ဗုံးကြဲရုံမျှဖြင့် ပြိုကျနိုင်ခြင်း မရှိကြောင်း ထိုင်းလုံခြုံရေး တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။ ယင်းအဆောက်အအုံများကို အထူး အဆင့်မြှင့်တင်ပြီး ခိုင်ခံ့အောင် တည်ဆောက်ထားကြောင်း ထိုင်းစစ်တပ်က ဆိုသည်။ ယင်းကာစီနိုများရုံကို တိုက်ပွဲများအား ကွပ်ကဲရန်၊ ဒရုန်းများ လွှတ်တင်ရန်၊ ဒရုန်းရန် ကာကွယ်ရေးစနစ်များ အသုံးပြုရန်နှင့် ထိုင်းနိုင်ငံအတွင်းရှိ အရပ်သားနယ်မြေများ အပါအဝင် အခြားနေရာများသို့ အမြောက်များနှင့် BM-21 ဒုံးကျည်များဖြင့် ပစ်ခတ်ရန် ရှေ့တန်းစစ်ဌာနချုပ်များ အဖြစ် ပြောင်းလဲ အသုံးပြုထားကြောင်း

မဲခေါင်၊ ဒီဇင်ဘာ ၁၉

မကြာသေးမီက ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း ပစ်မှတ်ထားခဲ့သည့် ကမ္ဘောဒီးယား ကာစီနို အဆောက် အအုံများမှာ အလွန်ခိုင်ခံ့အောင် တည်ဆောက်ထားပြီး F-16 တိုက်လေယာဉ်များက လေကြောင်းမှ ဗုံးကြဲရုံမျှဖြင့် ပြိုကျနိုင်ခြင်း မရှိကြောင်း ထိုင်းလုံခြုံရေး တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

ယင်းအဆောက်အအုံများကို အထူး အဆင့်မြှင့်တင်ပြီး ခိုင်ခံ့အောင် တည်ဆောက်ထားကြောင်း ထိုင်းစစ်တပ်က ဆိုသည်။

ယင်းကာစီနိုများရုံကို တိုက်ပွဲများအား ကွပ်ကဲရန်၊ ဒရုန်းများ လွှတ်တင်ရန်၊ ဒရုန်းရန် ကာကွယ်ရေးစနစ်များ အသုံးပြုရန်နှင့် ထိုင်းနိုင်ငံအတွင်းရှိ အရပ်သားနယ်မြေများ အပါအဝင် အခြားနေရာများသို့ အမြောက်များနှင့် BM-21 ဒုံးကျည်များဖြင့် ပစ်ခတ်ရန် ရှေ့တန်းစစ်ဌာနချုပ်များ အဖြစ် ပြောင်းလဲ အသုံးပြုထားကြောင်း ထိုင်းတာဝန်ရှိသူများက ဆိုသည်။

ထိုအဆောက်အအုံများသည် တည်ဆောက်ပုံ အထူးခိုင်ခံ့ပြီး အမည်မဲစာရင်းဝင် ရင်းနှီးမြှုပ်နှံသူများနှင့် ဆက်နွှယ်နေကာ အဆောက်အအုံ၏ ဘေးနံရံများကို ဦးစွာဖောက်ထွင်းရန် ထိုင်းတပ်ဖွဲ့များက အမြောက်များကို အသုံးပြုခဲ့ပြီးနောက်မှ F-16 တိုက်လေယာဉ်များဖြင့် အမိုးများကို ဗုံးကြဲကာ အတွင်း၌ ပေါက်ကွဲစေမည့် ဗုံးများကို ချခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းအဆောက်အအုံများအား ပြင်ပမှ ကြည့်လျှင် မပြိုမပျက်ဘဲ ကျန်ရှိနေသော်လည်း အတွင်းပိုင်းတွင်မူ ပျက်စီးသွားပြီ ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြားသည်။

ယမန်နေ့တွင်လည်း ကမ္ဘောဒီးယားနိုင်ငံ အတွင်းရှိ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထိုင်းလေတပ်က အတည်ပြုပြောကြားသည်။

ယင်းတိုက်ခိုက်မှုတွင် အာရညပရာထက် ခရိုင် နှင့် မျက်နှာချင်းဆိုင်ရှိ ကမ္ဘောဒီးယား၏ ပွိုင်ပက်နှင့် သီရိသုဘုံ ခရိုင်တို့ရှိ စစ်တပ်စခန်းများ၊ လက်နက်ခဲယမ်း သိုလှောင်ရုံများနှင့် ယမ်းဂိုထောင်များကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်တွင် နှစ်နိုင်ငံ ဝန်ကြီးချုပ်များ လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲကြေညာချက်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိုင်းစစ်တပ်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ ကမ္ဘောဒီးယား၏ အမှတ် (၄)နှင့် အမှတ်(၅) စစ်ဒေသ ဧရိယာများအတွင်း ဆက်တိုက် တိုက်ခိုက်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး မာလီဆိုချီတာက ယမန်နေ့တွင် စွပ်စွဲ ပြောကြားခဲ့သည်။

#MeKongNews
#ကမ္ဘောဒီးယား
#ကာစီနိုရုံများ
#ဂျက်ဖိုက်တာ
#ဗုံးကြဲ
#ထိုင်းစစ်တပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now