ကမ္ဘာ့သတင်း

၂၀၂၆ စစ်အသုံးစရိတ် ဒေါ်လာ ၉၀၁ ဘီလီယံအထိ အမေရိကန် အထက်လွှတ်တော် အတည်ပြု

မဲခေါင် 18 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၈ အမေရိကန် အထက်လွှတ်တော်သည် လာမည့် ၂၀၂၆ ခုနှစ် တစ်နှစ်တာ စစ်အသုံးစရိတ်ကို ယခုနှစ်ထက် ၄ ရာခိုင်နှုန်း မြှင့်တင်၍ ဒေါ်လာ ၉၀၁ ဘီလီယံအထိ သုံးစွဲသွားရန် အတည်ပြုလိုက်ပြီး ဖြစ်ကာ သမ္မတဒေါ်နယ်ထရမ့် လက်မခံလိုသည့် ယင်းဆုံးဖြတ်ချက်အား ဥပဒေကြောင်းအရ လွန်ဆန်ခွင့်မရှိဘဲ ၎င်းကိုယ်တိုင် လက်မှတ် ထိုးပေးရတော့မည် ဖြစ်သည်။ ၂၀၂၆ ဘဏ္ဍာနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်အက်ဥပဒေ – NDAA အရ ပင်တဂွန်စစ်ဌာ နချုပ် အတွက် စစ်အသုံးစရိတ်ကို ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက ချင့်တွက် ဆွေးနွေးမှုများ ပြုလုပ်အပြီး နောက်ဆုံးတွင် တရုတ်နှင့် ရုရှားတို့၏ စစ်ရေးအင်အားနှင့်

မဲခေါင်၊ ဒီဇင်ဘာ ၁၈

အမေရိကန် အထက်လွှတ်တော်သည် လာမည့် ၂၀၂၆ ခုနှစ် တစ်နှစ်တာ စစ်အသုံးစရိတ်ကို ယခုနှစ်ထက် ၄ ရာခိုင်နှုန်း မြှင့်တင်၍ ဒေါ်လာ ၉၀၁ ဘီလီယံအထိ သုံးစွဲသွားရန် အတည်ပြုလိုက်ပြီး ဖြစ်ကာ သမ္မတဒေါ်နယ်ထရမ့် လက်မခံလိုသည့် ယင်းဆုံးဖြတ်ချက်အား ဥပဒေကြောင်းအရ လွန်ဆန်ခွင့်မရှိဘဲ ၎င်းကိုယ်တိုင် လက်မှတ် ထိုးပေးရတော့မည် ဖြစ်သည်။

၂၀၂၆ ဘဏ္ဍာနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်အက်ဥပဒေ – NDAA အရ ပင်တဂွန်စစ်ဌာ နချုပ် အတွက် စစ်အသုံးစရိတ်ကို ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက ချင့်တွက် ဆွေးနွေးမှုများ ပြုလုပ်အပြီး နောက်ဆုံးတွင် တရုတ်နှင့် ရုရှားတို့၏ စစ်ရေးအင်အားနှင့် ယှဉ်ပြိုင် အသာယူနိုင်စွမ်း အတွက် ထိုမျှသုံးစွဲရန် အထက်လွှတ်တော်၌ မဲခွဲရာ ထောက်ခံမဲ ၇၇ မဲ၊ ကန့်ကွက်မဲ ၂၀ နှင့် မဲမပေးသူ ၂ ဦးဖြင့် အတည်ပြုခဲ့ရာ သမ္မတကိုယ်တိုင် မဖြစ်မနေ လက်မှတ် ထိုးပေးရန်သာ ကျန်တော့သည်။

အမေရိကန် အထက်လွှတ်တော်သည် ၆၅ နှစ်ဆက်တိုက် နိုင်ငံ၏ စစ်ရေးအသုံးစရိတ်ဘတ်ဂျက်ကို တိုးမြှင့်သထက် တိုးမြှင့်ခဲ့ခြင်း ဖြစ်ကာ ပြီးခဲ့သည့် တစ်ပတ်က အောက်လွှတ်တော် မဲခွဲမှုတွင်လည်း ထောက်ခံမဲ ၃၁၂ မဲ၊ ကန့်ကွက်မဲ ၁၁၂ မဲဖြင့် အတည်ပြုပြီးနောက် အထက်လွှတ်တော်သို့ ရောက်ကာ အဓိကပါတီကြီး ၂ ရပ်စလုံးမှ ထောက်ခံမဲ အများဆုံး ပေးခြင်းဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုလဆန်းပိုင်း၌ အဓိကမဟာမိတ်အဖြစ် ဥရောပနှင့်ဆက်ဆံနေမှုအစား ရုရှားနှင့်မဟာမိတ်ဖွဲ့နိုင်ရေး စဉ်းစား သင့်သည်ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့ပြီး ယခုလို စစ်အသုံးစရိတ်များပြားစွာ မသုံးလိုသည့်သဘော ပြော ဆိုခဲ့ သော်လည်း လွှတ်တော် ၂ ရပ်စလုံးမှ အတည်ပြုပေးခဲ့သဖြင့် သမ္မတအမိန့်ဖြင့် လွန်ဆန်ရန် မဖြစ်နိုင်တော့ကြောင်း သိရသည်။

၂၀၂၆ အမေရိကန် စစ်အသုံးစရိတ်များတွင် ယူကရိန်းအတွက် ဒေါ်လာသန်း ၈၀၀ ကို နောက် ၂ နှစ်အတွင်း သန်း ၄၀၀ စီ ပေးသွားရန်လည်း ပါဝင်သလို ရုရှားရန်မှ ကာကွယ်ရန်အရေးကြီးသော ဘောလ်တစ်နိုင်ငံများဖြစ်သည့် လတ်ဗီးယား၊ လစ်သူရေးနီးယား၊ အက်စတိုနီးယားတို့အတွက် ကာကွယ်ရေးဆိုင်ရာ အသုံးပြုရေး ဒေါ်လာ ၁၇၅ သန်းလည်း ပါဝင်သည်။

ယခု လွှတ်တော်မှ အတည်ပြု လိုက်သည့် ၂၀၂၆ စစ်အသုံးစရိတ် ဒေါ်လာ ၉၀၁ ဘီလီယံသည် ထရမ့်တင်ပြသည့် ဘတ်ဂျက်ထက် ၈ ဘီလီယံ ပိုများနေသည်။

ကိုကလင်း
Ref: indiatoday
#MeKongNews
#စစ်အသုံးစားရိတ်
#အမေရိကန်
#အထက်လွှတ်တော်
#အတည်ပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now