ကမ္ဘာ့သတင်း

ထိုင်ဝမ်ထံ ဒေါ်လာ ၁၁ ဘီလီယံကျော်တန် လက်နက်များ ရောင်းချပေးရန် ဒေါ်နယ်ထရမ့် အတည်ပြု

မဲခေါင် 18 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၈ ထိုင်ဝမ်အား ဒေါ်လာ ၁၁ ဘီလီယံကျော် တန်ကြေးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူ လက်မှတ်ထိုးခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။ တရုတ်၏ ကျူးကျော် သိမ်းပိုက်ခံရနိုင်ခြေ ရှိနေသော ထိုင်ဝမ်ကို ယခုလို လက်နက်များ အစုလိုက် အပြုံလိုက် ရောင်းချပေးရန် ဒေါ်နယ်ထရမ့် လက်မှတ် ထိုးပေးခြင်းသည် ဒုတိယသမ္မတ သက်တမ်းအတွင်း ဒုတိယအကြိမ် မြောက်ဖြစ်ကာ ၎င်းသည် ထိုင်ဝမ်အား လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ အဖြစ် သီးခြား ရပ်တည်ရေး ကာကွယ်မှု များ လုပ်ဆောင်သွားရန် အထူး

မဲခေါင်၊ ဒီဇင်ဘာ ၁၈

ထိုင်ဝမ်အား ဒေါ်လာ ၁၁ ဘီလီယံကျော် တန်ကြေးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူ လက်မှတ်ထိုးခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်၏ ကျူးကျော် သိမ်းပိုက်ခံရနိုင်ခြေ ရှိနေသော ထိုင်ဝမ်ကို ယခုလို လက်နက်များ အစုလိုက် အပြုံလိုက် ရောင်းချပေးရန် ဒေါ်နယ်ထရမ့် လက်မှတ် ထိုးပေးခြင်းသည် ဒုတိယသမ္မတ သက်တမ်းအတွင်း ဒုတိယအကြိမ် မြောက်ဖြစ်ကာ ၎င်းသည် ထိုင်ဝမ်အား လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ အဖြစ် သီးခြား ရပ်တည်ရေး ကာကွယ်မှု များ လုပ်ဆောင်သွားရန် အထူး အားပေးအားမြှောက် ပြုနေကြောင်း ထင်ရှား ပေါ်လွင်စေခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ထိုင်ဝမ်သည် တရုတ်ရန်မှ ကာကွယ်ရန် ကာကွယ်ရေး အသုံးစားရိတ် များစွာကို သုံးစွဲ နေခဲ့ကာ လက်နက် တင်သွင်းမှုအဖြစ် အမေရိကန်ထံမှ အဓိက ဝယ်ယူခဲ့သော်လည်း မကြာသေးမီက ကိုယ့်ခွန် ကိုယ့်အားဖြင့် နိုင်ငံကို ကာကွယ်နိုင်ရေး ကြိုးစားရမည်ဟု သတိပေးခဲ့သည်။

သို့သော်လည်း ထရမ့်သည် တရုတ်၏ ဆန့်ကျင်နေမှုများကို မျက်ကွယ်ပြုကာ ယခုလို ဒေါ်လာ ၁၁ ဘီလီယံတန် လက်နက်အင်အား အလုံးအရင်းကို ထိုင်ဝမ်အား ရောင်းချပေးရန် သဘောတူ လက်မှတ် ထိုးပေးလိုက်သဖြင့် တင်း မာမှုများ ပိုမို မြင့်တက်လာဦးမည် ဖြစ်သည်။

ထရမ့် လက်မှတ်ထိုးပေး လိုက်သော်လည်း ယင်းကို အမေရိကန် လွှတ်တော်က ဆက်လက် အတည်ပြု ပေးရ ဦးမည် ဖြစ်ကာ တစ်လအတွင်း လွှတ်တော် အတည်ပြုမှု ပြီးသည်နှင့် လက်နက်တင်ပို့မှု စတင်ဖွယ်ရှိနေသည်။

တရုတ်သည် ထိုင်ဝမ်အား ၂၀၂၇ ခုနှစ် အတွင်း ကျူးကျော် သိမ်းပိုက်မည်ဟု အမေရိကန် စစ်ဌာနချုပ်က ခန့်မှန်း ထားသည်။

ကိုကလင်း
Ref: france24
#MeKongNews
#ထိုင်ဝမ်
#လက်နက်များ
#ရောင်းချ
#အတည်ပြု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now