မဲခေါင်၊ ဒီဇင်ဘာ ၁၇
မက္ကဆီကို လွှတ်တော်တွင် အမျိုးသမီး အမတ်များစွာ ပါဝင်သော ဆံပင်ဆွဲ ပါးရိုက်ခြင်းနှင့် လက်သီး၊ တံတောင်များပါ သုံးခဲ့ကြသည့် အကြမ်းတမ်းဆုံး ရန်ပွဲကြီး ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။
မက္ကဆီကိုစီးတီး အုပ်ချုပ်ရေးယန္တရား ပြန်လည် ဖွဲ့စည်းရေးအတွက် လွှတ်တော်အတွင်း အပြန်အလှန် ငြင်းခုံမှု စကားဝိုင်း ကျင်းပစဉ် အတိုက်အခံပါတီ နှစ်ခုကြား အခြေအတင် စကားလုံးစစ်ပွဲ ဆင်နွှဲရာ စကားပြောမည့် မိုက်လုကြရင်း အမျိုးသမီး အမတ်များအကြား ယခုကဲ့သို့ ရန်ပွဲကြီး ဖြစ်ပွားခဲ့ကာ လက်ယာစွန်းဝါဒီ – PAN နှင့် လက်ယာယိမ်း – Morena Party အမတ်များအကြား ရန်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။
မိမိတို့ဘက်မှ ငြိမ်းချမ်းစွာ ဆွေးနွေး ငြင်းခုံမှု ပြုလုပ်ခဲ့သော်လည်း Morena Party ဘက်မှ စတင် လက်ပါလာပြီး တိုက်ခိုက်သဖြင့် ယခုကဲ့သို့ အကျည်းတန်သော ရန်ပွဲကြီး လွှတ်တော်အတွင်း ဖြစ်ခဲ့ရသည်ဟု PAN ပါတီက ထုတ် ပြန်ခဲ့သည်။
ယင်းမြင်ကွင်းမှာ လွန်စွာ အကျည်းတန်ခဲ့ပြီး အမျိုးသမီးအမတ်များ အကြား ဆံပင်ဆွဲခြင်း၊ ပါးရိုက်ခြင်း၊ တံတောင်ဖြင့် တွတ်ခြင်း၊ လက်သီးများဖြင့်ပါ ထိုးသည့် မြင်ကွင်းများကို ကမ္ဘာက မြင်တွေ့ခဲ့ရသည်။
မက္ကဆီကို လွှတ်တော်တွင်း ရန်ပွဲဖြစ်ပွားခြင်းသည် ယခု ပထမဆုံးအကြိမ် မဟုတ်ဘဲ ဩဂုတ်လက အထက်လွှတ်တော်တွင် PRI ပါတီမှ လွှတ်တော်အမတ် အလီဂျန်ဒရိုမိုရီနိုနှင့် Morena Party မှ အထက်လွှတ်တော်ဥက္ကဌ ဂီရာဒို ဖာနန်ဒက်ဇ်နိုရိုနာတို့ လက်သီးချင်းဖလှယ်ကာ ရန်ဖြစ်ခဲ့ရာမှာ ဓာတ်ပုံဆရာ တစ်ဦးပါ ရန်ပွဲအတွင်း ဖြတ်ရိုက်ခံရသဖြင့် လဲကျသွားခဲဲ့ရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#မက္ကဆီကို
#လွှတ်တော်
#အမျိုးသမီးအမတ်
#ရန်ပွဲဖြစ်








