နေ့စဥ်သတင်း

ထိန်းသိမ်း ဆောင်ရွက်ဖို့ တရုတ် တောင်းဆိုလိုက်တဲ့ တကျော့ပြန် ထိုင်း – ကမ္ဘောဒီးယား စစ်ပွဲ နောက်ဆုံးရ အခြေအနေ

မဲခေါင် 15 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၅ – အမြင့်မားဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ တိုက်ခိုက်မှုများ ရပ်တန့်စေမည့် အတိုင်းအတာ အားလုံး အကောင်အထည်ဖော်ရန်နှင့် အခြေအနေကို အမြန်ဆုံး လျော့ပါးသက်သာစေရန် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ အား တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက တောင်းဆိုလိုက် သည်။ – ဒေသစံတော်ချိန် ယနေ့ နံနက် ၁၀ နာရီ အကြားတွင် ထိုင်း F-16 တိုက်လေယာဉ်များက ဗုံး ၂ လုံးကို အော့ဒါမိန်းချေး ပြည်နယ်၊ ချောင်းကယ်ခရိုင်နှင့် စီယမ်ရိ ပြည်နယ်၊ ဆရီစနမ်ခရိုင်တို့ရှိ စစ်ပြေးဒုက္ခသည် စခန်းများ အနီးသို့ ကြဲချခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က

မဲခေါင်၊ ဒီဇင်ဘာ ၁၅

– အမြင့်မားဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ တိုက်ခိုက်မှုများ ရပ်တန့်စေမည့် အတိုင်းအတာ အားလုံး အကောင်အထည်ဖော်ရန်နှင့် အခြေအနေကို အမြန်ဆုံး လျော့ပါးသက်သာစေရန် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ အား တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက တောင်းဆိုလိုက် သည်။

– ဒေသစံတော်ချိန် ယနေ့ နံနက် ၁၀ နာရီ အကြားတွင် ထိုင်း F-16 တိုက်လေယာဉ်များက ဗုံး ၂ လုံးကို အော့ဒါမိန်းချေး ပြည်နယ်၊ ချောင်းကယ်ခရိုင်နှင့် စီယမ်ရိ ပြည်နယ်၊ ဆရီစနမ်ခရိုင်တို့ရှိ စစ်ပြေးဒုက္ခသည် စခန်းများ အနီးသို့ ကြဲချခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်သည်။ ကမ္ဘောဒီးယား အာဏာပိုင်များ၏ ပြောကြားချက်အရ ကမ္ဘောဒီးယားပိုင်နက် နယ်မြေအတွင်း ၄၃ မိုင် ကျော်အကွာတွင်ရှိသော ဆရီစနမ်ခရိုင်ရှိ ဗုံးကြဲတိုက်ခိုက်မှုမှာ တံတားတစ်စင်းကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု သိရသည်။

– ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ ယနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ဘူရာဖာ အထူးတပ်ဖွဲ့က ကမ္ဘောဒီးယား၏ လက်နက် ထောက်ပံ့ရေး နေရာတစ်ခုပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။

– ဥဘွန်ရတ်ချဌာနီ ပြည်နယ်ရှိ ချောင်မက် နယ်စပ်ဂိတ်တွင် လောင်စာဆီတင် ကားများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းဘုရင့်တပ်မတော်က ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပြီး လာအို ပြည်သူများအား တောင်းပန်ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရမှုအတွက် ထိုင်းစစ်တပ်က တောင်းပန်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းဖြစ်သော လာအိုအား ထိခိုက် နစ်နာစေလိုသည့် ရည်ရွယ်ချက် လုံးဝမရှိကြောင်း အာမခံ ပြောကြားသည်။

– ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အဓိကအချက် ၄ ချက်ကို ထိုင်း – ကမ္ဘောဒီးယားနယ်စပ် အခြေအနေဆိုင်ရာ ပူးတွဲသတင်းစာ ရှင်းလင်းပွဲဌာန၏ ညွှန်မှူးဖြစ်သူ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖရဖတ်ဆွန်ချိုင်းယာဒီးက ယနေ့တွင် ရှင်းလင်း ပြောကြားခဲ့သည်။

ထိုင်းတပ်ဖွဲ့များက တာခွဲ ဘုရားကျောင်း ကို အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုဒေသပေါ်တွင် ထိုင်းအလံကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်ကာ နောက်ထပ် ပစ်မှတ်မှာ တောင်ကုန်းအမှတ် (၃၅၀)ကို တိုက်ခိုက် သိမ်းပိုက်ရန် ဖြစ်ကြောင်း ထိုင်းကြည်းတပ် စစ်ဆင်ရေးအဖွဲ့က လူမှုကွန်ရက်တွင် ယနေ့ ဖော်ပြသည်။

#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now