မဲခေါင်၊ ဒီဇင်ဘာ ၁၅
ပူတင်၏ သဲသဲလှုပ် သခင်မဟု အများက တင်စားကြသော အိုလံပစ်ပြိုင်ပွဲဝင် ကျွမ်းဘားမယ်ဟောင်း အလီနာကာ ဘေးဗားနှင့် သားများနေထိုင်ရာ နော့ဗ်ဂိုရော့ဒ် အရပ်ရှိ သစ်တောများ ဝန်းရံထားသည့် နန်းတော်ကို ယခု ရက်ပိုင်းအတွင်း အဆင့်အမြင့်ဆုံး လေကြောင်းရန် ကာကွယ်ရေးစနစ် အခု ၂၀ ထက်မနည်း ထပ်မံ တင်ဆင်ကာ လုံခြုံရေး မြှင့်တင်ခဲ့ကြောင်း ဂြိုဟ်တု ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။
အသက် ၇၃ နှစ်ရှိပြီဖြစ်သော ပူတင်သည် ၄၂ နှစ်သာရှိသေးသည့် ကာဘေးဗားနှင့် ချစ်သူများအဖြစ် ကာလရှည် နေထိုင်ခဲ့ရာမှ ၁၀ နှစ်အရွယ် အီဗန်နှင့် ၆ နှစ် အရွယ်ဗလာဒီမာဂျူနီယာ သားနှစ်ဦး ထွန်းကားခဲ့သည်။
ယင်းမိသားစုကို မော်စကို အနောက်မြောက်ဘက် မိုင် ၂၃၀ အကွာရှိ နန်းတော်တွင် ထားရှိခဲ့ရာ လွန်ခဲ့သည့် တစ်နှစ်က လေကြောင်းရန် ကာကွယ်ရေးစနစ် ၇ ခုသာ ထားရှိရာမှ နောက်ပိုင်း ၁၂ ခုနှင့် ယခုနောက်ဆုံး အဆင့်မြင့်ဆုံး လေကြောင်းရန် ကာကွယ်ရေးစနစ် Pantsir-M နှင့် S-400 ဒုံးကျည်စနစ်များ ထပ်မံ တပ်ဆင်ထားသည်ကို မြင်တွေ့ရသည်။
ယူကရိန်းစစ်တပ်က ပြည်ပအကူအညီ မပါဘဲ ၁၈၆၅ မိုင် အကွာအဝေးအထိ ပစ်ခတ်နိုင်စွမ်းရှိသော ဖလာမင်ဂို ခရုဇ် ဒုံးကျည်သစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီးနောက် ပူတင်သည် ယခုကဲ့သို့ ၎င်းအချစ်ဆုံးနှင့် အငယ်ဆုံး ချစ်သူကို ထားရှိရာ နန်းတော်အား လေကြောင်းရန် ကာကွယ်ရေးစနစ်များ လိုအပ်သည်ထက် ပိုမို အများအပြား တပ်ဆင်ကာ အကာအကွယ်ပေးနေခြင်း ဖြစ်သည်။
ကာဘေးဗားသည် အိုလံပစ် ကျွမ်းဘားရွှေတံဆိပ်ဆုရှင်ဖြစ်ကာ ၂၀၁၅ ခုနှစ်က ဆွစ်ဇာလန်တွင် ပူတင်နှင့် ရသည့် သားကြီးကို စတင်မွေးဖွားပြီး၊ နောက် ၄ နှစ်အကြာတွင် မော်စကို၌ သားငယ်ကို မွေးဖွားခဲ့သည်။
၎င်းတို့ နှစ်ဦးဆက်ဆံရေးသည် ပူတင်၏ တိတ်တိတ်ပုန်းမယား ဆဗတ်လာနာကရီဗိုနိုဂစ်ဗ် ၅၀ နှစ်နှင့် ပြတ်စဲပြီးနောက် စတင်ခဲ့သည်ဟု သိရပြီး ဆဗတ်လာနာနှင့် မွေးခဲ့သည့် ရင်သွေး လိုင်ဇာရိုဇိုဗာက လက်ရှိတွင် အသက် ၂၃ နှစ်ပင် ရှိပြီဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ကျွမ်းဘားမယ်ချစ်သူ
#ပူတင်
#လေကြောင်းရန်








