မဲခေါင်၊ ဒီဇင်ဘာ ၁၁
ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်း ထမင်းစားချိန်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့လယ်ခေါင်ရှိ ၇ ထပ် မြင့် ရုံးအဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ အနည်းဆုံး ၂၂ ယောက်သေဆုံးခဲ့ရသည်ဟု သိရှိရသည်။
မီးသည် ပထမအလွှာမှ စတင်လောင်ကျွမ်းကာ တိုက်သည် ဝင်ထွက်လှေကား ကျဉ်းမြောင်းလွန်း သဖြင့် အပေါ်ထပ်များ၌ ပိတ်မိနေသူများစွာ ရှိနေရာမှ အမြန်မီးကူးစက်လောင်ကျွမ်းသဖြင့် အသေ အပျောက်များခဲ့ခြင်းဖြစ်ကာ ထိုအဆောက်အအုံသည် ဒရုန်းကုမ္ပဏီ PT Terra ၏ အရောင်းဌာနနှင့် ပစ္စည်း သိုလှောင်ရုံအဖြစ် အသုံးပြုနေသော ရုံးခန်းဖြစ်သည်။
မီးသတ်နှင့်ကယ်ဆယ်ရေးလုပ်သားရာချီ မီးလောင်နေချိန် မီးသတ်ကား ၂၉ စီးဖြင့်ပင် ငြိမ်းသတ်ခဲ့ သော်လည်း မီးငြိမ်းသတ်နိုင်အပြီး အဆောက်အအုံထဲ အမျိုးသား ၉ ယောက်၊ ကိုယ်ဝန်ဆောင်အပါ အမျိုးသမီး ၁၅ ယောက်၏ အလောင်းများကို ကနဦးရှာဖွေတွေ့ရှိခဲ့သည်။
ဒါဇင်ချီရှိသော ပိတ်မိနေ သူများကို ၆ လွှာမှ အရေးပေါ် မီးသတ်လှေကားဖြင့် ကယ်တင်နိုင်ခဲ့သော်လည်း တိုက်ခန်း အတက် လှေကားတွင် လူများတစ်ဦးနှင့်တစ်ဦး ကျပ်ပိတ်တိုးဝှေ့ကာ ကယ်ဆယ်ရေးလှေကာအရောက် စောင့်ဆိုင်းနေရာမှ မီးခိုးလုံးများမွှန်ပြီး အသက်ရှူကျပ်သေဆုံးသူ များပြားခဲ့ခြင်းဖြစ်သည်။
မီးငြိမ်းသတ်မှုနှင့် ကယ်ဆယ်မှုလုပ်ငန်းများသည် ၃ နာရီကြာမြင့်ခဲ့သဖြင့် ယခုလို သေဆုံးမှုများခဲ့ ရခြင်းဖြစ်ကြောင်း၊ ဒရုန်းတစ်ခုအတွင်းမှ ဘက်ထရီမှ အပူစနစ်မထိန်းချုပ်နိုင်ဘဲ ပေါက်ကွဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ယင်းကုမ္ပဏီမှ လွတ်မြောက်ဝန်ထမ်းတစ်ဦးက ပြောဆို သွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဂျကာတာ
#မီးလောင်
#ကယ်ဆယ်ရေး
#မီးသတ်








