မဲခေါင်၊ ဒီဇင်ဘာ ၁၀
ရုရှားထံမှ သိမ်းဆည်းထားသော ပိုင်ဆိုင်မှုနှင့်ငွေကြေးများကို ယူကရိန်းအတွက် လျော်ကြေးထောက်ပံ့ မှုအဖြစ် အကူအညီပေးသွားရန် အီယူ ၇ နိုင်ငံက ပူးပေါင်းထောက်ခံချက် ထုတ်ပြန်သွားခဲ့သည်။
အက်စတိုးနီးယား၊ ဖင်လန်၊ အိုင်ယာလန်၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ပိုလန်နှင့် ဆွီဒင်နိုင်ငံ ခေါင်း ဆောင်များက ရုရှားကြောင့် ထိခိုက်နေရသည့် ယူကရိန်းအတွက် နောက်ထပ် ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်သစ်တွင် ယခုလို ရုရှားထံမှ သိမ်းဆည်းထားသည်များကို ပေးသွားခြင်းသည် လက်တွေ့ကျ ပြီး ဖြစ်နိုင်ချေရှိသော ဆုံးဖြတ်ချက်မျိုးဖြစ်သည်ဟု ဥရောပကော်မရှင် ဥက္ကဌ အာဆူလာဗွန်ဒါလီယန် နှင့် ဥရောပကောင်စီ ဥက္ကဌ အန်တိုနီယိုကော်စတာထံ လိပ်မူကာ စုပေါင်းလက်မှတ်ထိုး ပေးအပ်လိုက် ခြင်းဖြစ်သည်။
ရုရှားသည် ဥရောပနိုင်ငံများအား ထပ်ကျူးကျော်ရန် စီစဉ်နေရာ၌ ယူကရိန်းက ရင်းပြီး ရှေ့ဆုံးမှ ဆီးခံနေရသည့်အတွက် ရေရှည်ထောက်ပံ့ရပ်တည်သင့်သည်ဟု ယင်း ၇ နိုင်ငံ ခေါင်းဆောင်များက ကျန် အီးယူနိုင်ငံများကိုလည်း ထောက်ခံကြရန် တိုက်တွန်းထားသည်။
ရုရှားဘက်က ၎င်းတို့ပိုင်ဆိုင်ထားသည်များကို ဥရောပနိုင်ငံများက သိမ်းဆည်းခြင်းသည် နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကာ ခိုးယူသူများသာဖြစ်သည်ဟု တုံ့ပြန်ဝေဖန်ထားသည်။
ကိုကလင်း
Ref: aa
#MeKongNews
#ရုရှား
#ယူကရိန်း
#နေတိုး
#အထောက်အပံ့








