မဲခေါင်၊ ဒီဇင်ဘာ ၆
ထိုင်းနိုင်ငံတွင် ကျော်ကြားသည့် အသက် ၄၄ နှစ်အရွယ် မင်းသမီး နန ခေါ် ရိုင်ဘီနာအင်တာချိုင်းကို ရင်းနှီးမြှုပ်နှံမှုဟန်ပြကာ ဘတ် ၁၉၅ သန်း လိမ်လည်မှုနှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက ဖမ်းဆီး ခဲ့သော်လည်း ဒီဇင်ဘာ ၄ ရက်တွင် ရာဇဝတ်တရားရုံးမှ ဘတ် ၁ သန်းဖြင့် အာမခံပေးကာ ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။
နနဘက်က အဆိုပါ လိမ်လည်မှုတွင် မည်သည့် အမှားအယွင်းမှ မလုပ်ခဲ့ဘဲ ချေးငှားထားသည့် ငွေများကိုလည်း ပြန်ပေးရန် စီစဉ်ထားပြီးဖြစ်ကာ လုပ်ငန်းပြ လိမ်ညာသူအစစ်၏ စည်းရုံးမှုတွင် မျောပါသွားပြီး သူငယ်ချင်းများစွာကို ပါဝင်ရင်းနှီးကြရန် တိုက်တွန်းခြင်းမှ ယခုလို ပြဿနာဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း၊ မိမိချေးငှားထားသည့် ငွေများသည် မည်သည့် ဥပဒေချိုးဖောက်မှုမျှ မကျူးလွန်ထားသဖြင့် ကြွေးပြန်ဆပ်ပြီးလျှင် ဖြေရှင်းပြီးစီးသွားမည့် ကိစ္စဖြစ်ကာ မိမိအား လိမ်လည်သူအဖြစ် စွပ်စွဲမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ရှိခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။
နနကို ဒီဇင်ဘာ ၃ ရက်တွင် ဘန်ကောက် ဝပ်တနာအရပ် နေအိမ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းမှု အဖြစ် ဘတ် ၁၀ သန်းဝန်းကျင် တန်ဖိုးရှိသောငွေနှင့် ပစ္စည်းများပါဝင်ခဲ့သည်။
ယခု အာမခံပေးခဲ့သော် လည်း နနသည် အမှုကိုဆက်လက် ရင်ဆိုင်ရဦးမည်ဖြစ်ကာ နိုင်ငံအတွင်းမှ ထွက်သွားခွင့်လည်း ပိတ်ပင် ခံထားရပြီဖြစ်သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#လိမ်လည်မှု
#ဘန်ကောက်
#မင်းသမီး








