နေ့စဥ်သတင်း

၁၂ ကြိမ်မြောက် ဆွေးနွေးပြီးနောက် နှစ်ပတ်လည် ဘောနပ်စ်သဘောတူညီမှုမရသဖြင့် ထိုင်းရှိ ဂျပန် အဲကွန်းကုမ္ပဏီ Daikin စက်ရုံသော့ပိတ်

မဲခေါင် 6 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၆ စက်တင်ဘာလကတည်းက အငြင်းပွားဖွယ်ရာဖြစ်နေခဲ့သော ထိုင်းနိုင်ငံရှိ ဂျပန်အဲကွန်း Daikin ထုတ် စက်ရုံသည် အလုပ်သမားများနှင့် နှစ်ပတ်လည် ဘောနပ်စ်ကိစ္စ ၁၂ ကြိမ်မြောက်ဆွေးနွေးမှု မအောင်မြင်သောကြောင့် ဒီဇင်ဘာ ၆ ရက်မှ စတင်ပြီး အလုပ်သမား ၁၃၀၀ ကို အလုပ်လာဆင်းခွင့် မပြုတော့ဘဲ စက်ရုံသော့ပိတ်ထားတော့မည်ဟု ဒီဇင်ဘာ ၅ ရက်၌ ကြေညာသွားခဲ့သည်။ Daikin စက်ရုံထုတ် အဲကွန်းများသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အမြတ်ငွေ ဘတ် ၅ ဒသမ ၉ ဘီလီယံ ရရှိခဲ့သော်လည်း အလုပ်သမားများအပေါ် လစာ ၃ ရာခိုင်နှုန်းသာ တိုးပေးသည်မှအပ နှစ်ပတ်လည် ဘောနပ်စ်ပေးမှုတွင်လည်း တိုးပေးနိုင်သည့်

မဲခေါင်၊ ဒီဇင်ဘာ ၆

စက်တင်ဘာလကတည်းက အငြင်းပွားဖွယ်ရာဖြစ်နေခဲ့သော ထိုင်းနိုင်ငံရှိ ဂျပန်အဲကွန်း Daikin ထုတ် စက်ရုံသည် အလုပ်သမားများနှင့် နှစ်ပတ်လည် ဘောနပ်စ်ကိစ္စ ၁၂ ကြိမ်မြောက်ဆွေးနွေးမှု မအောင်မြင်သောကြောင့် ဒီဇင်ဘာ ၆ ရက်မှ စတင်ပြီး အလုပ်သမား ၁၃၀၀ ကို အလုပ်လာဆင်းခွင့် မပြုတော့ဘဲ စက်ရုံသော့ပိတ်ထားတော့မည်ဟု ဒီဇင်ဘာ ၅ ရက်၌ ကြေညာသွားခဲ့သည်။

Daikin စက်ရုံထုတ် အဲကွန်းများသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အမြတ်ငွေ ဘတ် ၅ ဒသမ ၉ ဘီလီယံ ရရှိခဲ့သော်လည်း အလုပ်သမားများအပေါ် လစာ ၃ ရာခိုင်နှုန်းသာ တိုးပေးသည်မှအပ နှစ်ပတ်လည် ဘောနပ်စ်ပေးမှုတွင်လည်း တိုးပေးနိုင်သည့် အနေအထားတွင် အလုပ်သမားများတောင်းဆိုသည့် ဘောနပ်စ်နှုန်းကို မပေးသောကြောင့် စက်ရုံတည်ရှိရာ ချွန်ဘူရီခရိုင် အလုပ်သမားသမဂ္ဂနှင့် Daikin စက်ရုံ အလုပ်သမားသမဂ္ဂတို့ စက်ရုံတာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကာ ဒီဇင်ဘာ ၄ ရက် ဆွေးနွေးမှုတွင်လည်း ညှိနှိုင်းမှုအဆင်မပြေသောကြောင့် စက်ရုံဘက်မှ ယခုလို စက်ရုံပိတ်ရန် ဆုံးဖြတ်ကြေညာခဲ့ခြင်း ဖြစ်သည်။

စက်ရုံဘက်မှ နောက်ဆုံးဆွေးနွေးမှုအပြီး နှစ်ပတ်လည်ဘောနပ်စ်အဖြစ် ၆ လစာ + ဘတ် ၁၂၀၀၀ ပေးမည်ဟု လက်ခံခဲ့သော်လည်း အလုပ်သမားများဘက်က ၈ လစာ + ဘတ် ၂၄၀၀၀ တောင်းဆိုထားသဖြင့် ယခုလို စက်ရုံသော့ပိတ်ရခြင်းဖြစ်ကာ ရွှေစျေး အလွန်မြင့်တက်ခြင်းကြောင့်လည်း လုပ်သက်ရင့်သူများအတွက် စက်ရုံထုံးစံအရ ရွှေသားဆုပေးခြင်းတွင်လည်း လျှော့ကျသွားသဖြင့် အလုပ်သမားများဘက်မှ လက်မခံနိုင်ခဲ့ခြင်းဖြစ်သည်။

ယခင် ၁၀ နှစ်အထက် လုပ်သက်ရှိဝန်ထမ်းများကို ရွှေသားအလေးချိန် ၃ ဘတ်ပေးကာ လုပ်သက် ၅ နှစ်အတွင်း အလုပ်တစ်ရက်မှ မပျက်သူများကို ရွေသားအလေးချိန် ၁ ဘတ်ပေးသော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက ရွှေစျေးသည် ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်ကာ လက်ရှိပေါက်စျေးတွင် ရွှေ ၃ ဘတ် တန်ကြေးသည် ဘတ် ၁၉၂၀၀၀ ရှိနေပြီဖြစ်သည်။

ထို့ကြောင့် စက်ရုံဘက်မှ ရွှေ ၃ ဘတ် ပေးရမည့် ဝန်ထမ်းကြီးများကို ဘတ် ၄၀၀၀၀ သာပေးမည်ဟု ပြောင်းလဲသတ်မှတ်ခြင်းအပေါ်တွင်လည်း မကျေနပ်မှုများဖြစ်ခဲ့သောကြောင့် ယခုလို စက်ရုံသော့ပိတ်ရကာ နောက်လာမည် ဆွေးနွေးမှုအား ဒီဇင်ဘာ ၈ ရက်တွင် ပြန်လည်စတင်မည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ ၁၉၇၅ အလုပ်သမားဆက်ဆံရေး ဥပဒေတွင် အလုပ်သမားများနှင့် အလုပ်ရှင်အကြား ညှိနှိုင်းမှု မပြေလည်ပါက စက်ရုံသော့ပိတ် (lockout) လုပ်ခွင့်ရှိသည်ဟု သတ်မှတ်ထားကာ ထိုသို့ lockout လုပ်ခြင်းသည် အလုပ်သမားများကို ထုတ်ပယ်ခြင်းမမည်သလို နောက်ထပ် ဆွေးနွေးမှုများအကြား သဘောတူညီချက်ရပါက အလုပ်ပြန်ဆင်းရမည်ဖြစ်သည်။ သို့သော် ပိတ်ထားသည့်ကာလများအတွင်း လစာခံစားခွင့်ကိုမူ ရရှိမည်မဟုတ်ဟု ဆိုသည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ရွှေ့ပြောင်းလုပ်သား
#စက်ရုံပိတ်
#အလုပ်သမားသမဂ္ဂ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now