မဲခေါင်၊ ဒီဇင်ဘာ ၅
ဒီဇင်ဘာ ၁ ရက်နေ့က ဒီနီပရိုမြို့ စက်မှုဇုန်အတွင်း ရုရှားဘက်မှ ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့ယူကရိန်းပြည်သူ ၄ ဦးသေဆုံးကာ အယောက် ၄၀ ကျော် ဒဏ်ရာရပြီးနောက် ဒီဇင်ဘာ ၂ ရက်တွင် ယူကရိန်းဘက်မှ လက်စားချေတိုက်ခိုက်မှုအဖြစ် ရုရှားထောက်လှမ်းရေး FSB ရုံး နှင့် ပူတင်၏ ခရိုနီစစ်တပ်ဖြစ်သော ချေချင်းညာစစ်ဌာနချုပ်သို့ ဒရုန်းများစွာဖြင့် ပြန်လည် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်။
၄ နှစ်ကြာခဲ့ပြီဖြစ်သည့် ရုရှားနှင့် ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးရစေရန် မော်စကိုတွင် ဒီဇင်ဘာ ၃ ရက်၌ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ခေါ့ဖ်နှင့် ဒေါ်နယ်ထရမ့်၏သားမက် ဂျာရတ်ကက်ရှ်နာတို့သည် ရုရှားကိုယ်စားလှယ်များတွင့် တွေ့ဆုံဆွေးနွေးမှုမလုပ်မီ ယူကရိန်းဘက်က အက်ရှ်ခွိုင်းမာတင်ဒေသရှိ FSB ရုံးကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ လူမှုကွန်ရက်ပေါ် မြင်တွေ့ရသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်း များအရ ပြတင်းပေါက်များ၊ အမိုးများ ပေါက်ကွဲလွင့်စင်သွားသည်ကို တွေ့ရှိရသည်။
တစ်ပြိုင်တည်းမှာပင် ယူကရိန်းကျူးကျော်စစ်၌ ရုရှားဘက်မှ ဦးဆောင်တိုက်ခိုက်ပေးနေသော ပူတင်၏ လက်ရုံး ကိုယ်ပိုင်လွတ်လပ်ခွင့်ရ ချေချင်းညာဒေသမှ အထူးတပ်ဖွဲ့ စစ်ရုံးချုပ်နေရာကိုလည်း ယူကရိန်းဒရုန်းများစွာဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကြီးမားသည့် မီးလောင်ပေါက်ကွဲ မှုများဖြစ်ပွားခဲ့သည်။
ပူတင်၏ ခရိုနီ ချေချင်းညာစစ်ခေါင်းဆောင် ကာဒီရော့ဗ်၏ ဂူဒါမက်စ်ရှိ အက္ခမတ်စစ်ရုံးချုပ်သည် မီးလုံးကြီးအဖြစ် ပေါက်ကွဲသွားသည့် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာပြီး ရုရှားနိုင်ငံအတွင်းပိုင်းအထိ ယခုလို ယူကရိန်းဘက်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှု အောင်မြင်ခဲ့သဖြင့် ပူတင်အတွက် ဒေါသထွက်ပေါက်ကွဲစရာဖြစ်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ချေချင်းညာ
#ယူကရိန်း
#ဒရုန်း








