မဲခေါင်၊ ဒီဇင်ဘာ ၅
နိုဝင်ဘာ ၂၇ ရက်နေ့က ဟောင်ကောင် တိုင်ပိုရပ်ရှိ အထပ်မြင့် လူနေတာဝါ ၇ လုံး ဆိုးရွားစွာ မီးလောင် ခဲ့မှုတွင် လူပေါင်း ၁၅၉ ယောက်သေဆုံးကာ ခန့်မှန်းချေ ၃၁ ယောက် ယခုထိပျောက်ဆုံးနေမှုအတွက် ဖာ့ခ်တရားရုံးက တိုက်သစ်များဆောက်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းလုပ်ငန်းများတွင် အဆောက်အအုံ အပြင်မှ ကာရန်ထားသည့် လုံခြုံရေးဆန်ခါများသည် မီးဘေး လုံခြုံမှုအာမခံချက်မရှိသဖြင့် အားလုံး ထိုဆန်ခါပိုက်များကို မတပ်ဆင်ရဟု အမိန့် ထုတ်ပြန်လိုက်သည်။
မီးကူးဆက်လောင်ကျွမ်းမှုတွင် အဆိုပါ လုံခြုံရေးဆန်ခါများကြောင့် အလျှင်အမြန်ကူးစက်သွားခြင်း ဖြစ်ကာ မီးလုံခြုံရေးအဆင့်အတန်းနှင့်မညီညွတ်သောကြောင့် ဒီဇင်ဘာ ၆ ရက်မှ စတင်ကာ ဟောင်ကောင်ရှိ ဆောက်လက်စ အဆောက်အအုံများ၊ ပြန်လည် မွမ်းမံပြင်ဆင်နေသည့် အဆောက်အအုံ အားလုံး၌ ထိုဆန်ခါများ ဖြုတ်ချရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တောင်တရုတ်မနက်ခင်းသတင်းတွင် ဖော်ပြမှုအရ လက်ရှိဟောင်ကောင်၌ ပုဂ္ဂလိက လူနေတိုက်ခန်း များတည်ဆောက်နေသည်မှာ အလုံး ၂၀၀ ဝန်းကျင်ရှိကာ အစိုးရပိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီး ၁၀ ခုရှိနေရာ အဆောက်အအုံ ၃၀၀ နီးပါး လုံခြုံရေးဆန်ခါပိုက်များ ဖြုတ်သိမ်းရမည်ဟု သိရှိရသည်။
ကိုကလင်း
Ref: Matichon
#MeKongNews
#ဟောင်ကောင်
#မီးလောင်
#လူနေတာဝါ
#ဆောက်လုပ်ရေး








