မဲခေါင်၊ နိုဝင်ဘာ ၃၀
ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်များတွင်ပြီးခဲ့သည့် တစ်ပတ်အတွင်း ရေကြီးရေလျံမှုများကြောင့် အရေးပေါ် အခြေအနေထုတ်ပြန်ထားရချိန် အမှတ် (၂) ဘူတာရုံအနီး ရထားလမ်းပေါ် ရပ်ထားရသည့် ကွန်တိန်နာ ၄ လုံးထဲမှ ဘီယာများကို ဖောက်ထွင်းခိုးယူသွားခဲ့သော သံသယတရားခံ ၆ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်းတွင် လူတစ်စုက ယင်းကွန်တိန်နာတွဲများ ဆီရောက်လာကာ ကွန်တိန်နာအတွင်းသို့ ဖြတ်စက်များအသုံးပြုဝင်ရောက်ပြီး ဘီယာဖာပေါင်း ၆၀ ကျော်ကို သယ်ဆောင်သွားကြခြင်းဖြစ်သည်။
ထို့ကြောင့် ရေကျသွားပြီးချိန် တောင်ပိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ချာလမ်ဆရီက သံသယတရားခံ ၆ ဦးအား ဖမ်းဆီးစစ်ဆေးနေပြီး ခိုးယူကြောင်း ဝန်ခံခဲ့ သည်ဟု ထုတ်ပြန်သွားသည်။
ခိုးယူသူများမှာ ၎င်းတို့ ၆ ဦးသာမက အနီးအနားရှိသူများစွာလည်း ပါဝင်နေသဖြင့် ဆက်လက်စုံစမ်း ဖော်ထုတ်သွားမည်ဟု ချာလမ်ဆရီက ဆိုသည်။
ခိုးယူခံရသည့် ဘီယာများတန်ကြေးသည် ဘတ် ၄ သန်းဝန်းကျင်တန်ဖိုးရှိသည်ဟု လည်း သိရသည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းတောင်ပိုင်း
#ဟက်ရိုင်ခရိုင်
#ဘီယာ
#သူခိုး








