မဲခေါင်၊ နိုဝင်ဘာ ၂၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားသမ္မတ မာဂျူရိုကို ဖမ်းမိလျှင် ဆုတော်ငွေ ဒေါ်လာ သန်း ၅၀ ပေးမည်ဟု ထုတ်ပြန်ထားသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖုန်းဆက်သွယ်ကာ စကား ပြောခဲ့သလို မကြာခင် နှစ်ဦးသား တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း သိရသည်။
New York Times ၏ဖော်ပြမှုတွင် ပြီးခဲ့သည့်တစ်ပတ်က ဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့သည် မာဂျူရိုနှင့် လျှို့ဝှက်ဖုန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း ဖော်ပြသွားခဲ့သည်။
မာဂျူရိုသည် ယခုရက်ပိုင်းအတွင်း စစ်တပ်အား လက်နက်ကြီးများ၊ RPG များဖြင့် စမ်းသပ်ပစ်ခတ်မှု များလုပ်ဆောင်ကာ ပင်လယ်ပြင်တွင် စစ်သင်္ဘောများစွာဖြင့် ဝိုင်းထားသည့် အမေရိကန်ကို အံတုမည့် လှုပ်ရှားမှုမျိုးလုပ်ဆောင်ခဲ့သည်။
ထရမ့်နှင့် ဖုန်းပြောဆိုမှုတွင် မာဂျူရိုသည် ရင်းမြစ်ကြွယ်၀လှသော ဗင်နီဇွဲလားရေနံထုတ်လုပ်မှုမှ အမေရိကန်အတွက် အကျိုးအမြတ်များစွာ ဖြစ်စေရမည်ဟု ကတိပြုကာ မိမိ အစိုးရအုပ်ချုပ်မှုစနစ်ကိုမူ ဆက်လက် ခွင့်ပြုပေးရန် ကမ်းလှမ်းခဲ့သည်ဟုလည်း သိရသည်။
သို့သော် ဒေါ်နယ်ထရမ့်က မာဂျူကို ဆက်လက်အုပ်ချုပ်ရေးကို ခွင့်မပြုဘဲ မကြာမီ မှာပင် ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ ကုန်းတွင် တိုက်ပွဲ ဖော်ဆောင်တော့မည်ဟု နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်ပြောဆိုခဲ့သည်။
လက်ရှိတွင် ဗင်နီဇွဲလားနိုင်ငံ ကမ်းလွန် ကာရစ်ဘီယံ ပင်လယ်ပြင်တွင် အမေရိကန်တပ်များသည် ဒက္ခိဏလှံ မူးယစ်စစ်ဆင်ရေး ဆင်နွှဲနေသည်ဟု ထုတ်ပြန်ကာ မူးယစ်လှေ ၂၁ စီးကို တိုက်ခိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#မာဂျူရို
#ဒေါ်နယ်ထရမ့်








