ကမ္ဘာ့သတင်း

အရန်တပ်သားများကို ယူရို ၁၀၀၀၀ ပေးမည်ဟု ပြင်သစ်သမ္မတ မက်လုံးပေးကာ အင်အားတိုးမြှင့်

မဲခေါင် 28 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၈ ရုရှား၏ တတိယကမ္ဘာစစ်ရန်ကြောင့် နေတိုးအဖွဲ့ဝင်ဥရောပ နိုင်ငံများစွာ စစ်ရေးအင်အားတိုးမြှင့်မှုများ လုပ်ဆောင်နေရာတွင် ပြင်သစ်သည်လည်း စစ်သည်အင်အားတိုးမြှင့်ရေးအတွက် ယခင် စစ်မှုထမ်း (စစ်သင်တန်း) ပေးမှု ၄ ပတ်အစား ၁၀ လ အရန်တပ်သားအဖြစ် စစ်မှုထမ်းခိုင်းမည်ဖြစ်ကာ ပါဝင်သူ များကို ယူရို ၁၀၀၀၀ အထိ ပေးသွားမည်ဟု မက်လုံးပေးမည်ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် စစ်မှုမထမ်းမနေရဥပဒေကို ၁၉၉၆ ခုနှစ်၌ ဖျက်သိမ်းခဲ့ပြီး ပုံမှန်အားဖြင့် အရန်တပ် သားအဖြစ် စစ်သင်တန်းတက်သူများကို ၄ ပတ်သာ စစ်မှုထမ်းခိုင်းသည်။ သို့သော် ကိုလိုနီခေတ်က ထိပ်တန်းနယ်ချဲ့နိုင်ငံကြီးဖြစ်ခဲ့သော ပြင်သစ်သည် တစ်နှစ်လျှင် အရန် စစ်သား ၅၀၀၀၀ တိုးမြှင့်ရရှိ ရေးရည်ရွယ်ကာ

မဲခေါင်၊ နိုဝင်ဘာ ၂၈

ရုရှား၏ တတိယကမ္ဘာစစ်ရန်ကြောင့် နေတိုးအဖွဲ့ဝင်ဥရောပ နိုင်ငံများစွာ စစ်ရေးအင်အားတိုးမြှင့်မှုများ လုပ်ဆောင်နေရာတွင် ပြင်သစ်သည်လည်း စစ်သည်အင်အားတိုးမြှင့်ရေးအတွက် ယခင် စစ်မှုထမ်း (စစ်သင်တန်း) ပေးမှု ၄ ပတ်အစား ၁၀ လ အရန်တပ်သားအဖြစ် စစ်မှုထမ်းခိုင်းမည်ဖြစ်ကာ ပါဝင်သူ များကို ယူရို ၁၀၀၀၀ အထိ ပေးသွားမည်ဟု မက်လုံးပေးမည်ဖြစ်သည်။

ပြင်သစ်နိုင်ငံသည် စစ်မှုမထမ်းမနေရဥပဒေကို ၁၉၉၆ ခုနှစ်၌ ဖျက်သိမ်းခဲ့ပြီး ပုံမှန်အားဖြင့် အရန်တပ် သားအဖြစ် စစ်သင်တန်းတက်သူများကို ၄ ပတ်သာ စစ်မှုထမ်းခိုင်းသည်။

သို့သော် ကိုလိုနီခေတ်က ထိပ်တန်းနယ်ချဲ့နိုင်ငံကြီးဖြစ်ခဲ့သော ပြင်သစ်သည် တစ်နှစ်လျှင် အရန် စစ်သား ၅၀၀၀၀ တိုးမြှင့်ရရှိ ရေးရည်ရွယ်ကာ စစ်မှုထမ်း ၁၀ တာဝန်ထမ်းဆောင်မည့်သူများကို ပေါင် ၈၈၀၀ (ယူရို ၁၀၀၀၀) အထိ ပေးသွားမည်ဟု သမ္မတ မက်ခရွန်က ယခုရက်အတွင်း ကြေညာသွားတော့မည်ဟု ခိုင်လုံသည့် ပြင်သစ် သတင်းရင်းမြစ်များက ဖော်ပြနေကြသည်။

ယခုလို အရန်တပ်သားများ များပြားလာစေရန် မက်လုံးပေးပြီး စစ်မှုထမ်း ၁၀ လသက်တမ်းသတ်မှတ် ရန်အစီအစဉ်သည် စစ်သည်များကို ယူကရိန်းသို့ စေလွှတ်ပြီး ရုရှားအား တိုက်ခိုက်စေရန် လုံး၀ မရည် ရွယ်ကြောင်း၊ လက်ရှိအချိန်တွင် စစ်အင်အားတိုးမြှင့်ရန်မှာ မဖြစ်မနေလိုအပ်နေသဖြင့် တိုင်းပြည်ကို ကာကွယ်ရန်အတွက်သာ ရည်ရွယ်ကြောင်း သမ္မတ မက်ခရွန်က ဆိုသည်။

မေလအတွင်းကလည်း မက်ခရွန်းက အမေရိကန်ဆက်လက်ပြီး နေတိုးဘက်မှ မပါဝင်တော့လျှင် လည်း ဥရောပ တပ်များအနေဖြင့် အသင့်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း ပြောခဲ့သေးသည်။

ရုရှား သည် ၂၀၃၀ တွင် နေတိုးပိုင် ဥရောပနိုင်ငံများအတွင်းအထိ ကျူးကျော်တိုက်ခိုက်ရန် အစီအစဉ်များ ဆွဲထားသည်ဟု သတင်းများထွက်ပေါ်နေရာ ဂျာမနီသည် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်ဘက်ဆိုင်ရာ စစ်ဆေးမှုများ ခံယူရမည်ဟု မကြာသေးမီကပင် ထုတ်ပြန်ကာ နေတိုးမဟာမိတ်အင်အားစုအလိုရှိ နေသော စစ်သည် ၂၆၀၀၀၀ ရရှိရေး နောက်ထပ် ပရော်ဖက်ရှင်နယ် စစ်သည်စစ်စစ် ၈၀၀၀၀ ထပ်မံ စုဆောင်းအားဖြည့်ရဦးမည်ဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ပြင်သစ်
#အရန်တပ်သား
#တတိယကမ္ဘာစစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now