ကမ္ဘာ့သတင်း

တရုတ်ကို ရင်ဆိုင်ရန် ၂ နှစ်အသွင်း ကာကွယ်ရေးအသုံးစားရိတ် ပေါင် ၃၀ ဒသမ ၆ ဘီလီယံ ထိုင်ဝမ် သုံးစွဲမည်

မဲခေါင် 28 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၈ တတိယ ကမ္ဘာစစ်ဖြစ်သွားနိုင်လောက်သည်အထိ အန္တရာယ်ရှိသော စိန်ခေါ်စကားသံအဖြစ် ထိုင်ဝမ် သမ္မတ လိုင်ချင်းတီသည် တရုတ်ကျူးကျော်လာပါက အသင့်ဖြစ်နေစေရေး ၂ နှစ်အတွင်း ကာကွယ် အရေးအသုံးစားရိတ် ပေါင် ၃၀ ဒသမ ၆ ဘီလီယံ သုံးစွဲသွားမည်ဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။ လိုင်ချင်းတီက တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မိမိတို့ ထိုင်ဝမ်းကျွန်းအား ကျူးကျော်သိမ်းပိုက်ရန် စစ်ရေးပြင်ဆင်မှုအသုံးစားရိတ်များ မြှင့်တင်နေသည်ကို တွေ့ရှိရကြောင်းနှင့် တင်းမာမူများသည် ရေဆူမှတ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ခန့်မှန်းထားသလို ၂၀၂၇ ခုနှစ်တွင် တရုတ်မှ ကျူးကျော် လာပါက အသင့်ဖြစ်နေစေရေး ၂ နှစ်အတွင်း ကာကွယ်ရေးအသုံးစားရိတ် ပေါင် ၃၀ ဒသမ ၆ ဘီလီယံအထိ

မဲခေါင်၊ နိုဝင်ဘာ ၂၈

တတိယ ကမ္ဘာစစ်ဖြစ်သွားနိုင်လောက်သည်အထိ အန္တရာယ်ရှိသော စိန်ခေါ်စကားသံအဖြစ် ထိုင်ဝမ် သမ္မတ လိုင်ချင်းတီသည် တရုတ်ကျူးကျော်လာပါက အသင့်ဖြစ်နေစေရေး ၂ နှစ်အတွင်း ကာကွယ် အရေးအသုံးစားရိတ် ပေါင် ၃၀ ဒသမ ၆ ဘီလီယံ သုံးစွဲသွားမည်ဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

လိုင်ချင်းတီက တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မိမိတို့ ထိုင်ဝမ်းကျွန်းအား ကျူးကျော်သိမ်းပိုက်ရန် စစ်ရေးပြင်ဆင်မှုအသုံးစားရိတ်များ မြှင့်တင်နေသည်ကို တွေ့ရှိရကြောင်းနှင့် တင်းမာမူများသည် ရေဆူမှတ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ခန့်မှန်းထားသလို ၂၀၂၇ ခုနှစ်တွင် တရုတ်မှ ကျူးကျော် လာပါက အသင့်ဖြစ်နေစေရေး ၂ နှစ်အတွင်း ကာကွယ်ရေးအသုံးစားရိတ် ပေါင် ၃၀ ဒသမ ၆ ဘီလီယံအထိ သုံးစွဲပြင်ဆင်မည်ဟုဆိုကာ လက်တွေ့ စစ်ရေးလေ့ကျင့်မှုများကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်နေခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အား မိမိတို့အပိုင်နယ်မြေအဖြစ် ထာ၀ရသတ်မှတ်ထားပြီး အချိန်မရွေး ကျူးကျော်သိမ်းပိုက်နိုင်ကြောင်း သမ္မတရှီကျင့်ဖျင်ကိုယ်တိုင် ဖွင့်ပြောထားကာ မကြာသေးမီက တောင်တရုတ်ပင်လယ်အတွင်း တရုတ်တပ်အင်အားများစွာဖြင့် ကမ်းတက်တိုက်ပွဲအသွင် ဝတ်စုံပြည့် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။

ရှီကျင့်ဖျင်သည် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြောစဉ် ထိုင်ဝမ်သည် မိမိတို့နှင့်တစ်နိုင်ငံတည်း (one country) ဖြစ်ကော မတူညီသော စနစ် ၂ မျိုး two systems) ဖြင့်ကျင့်သုံးကာ အုပ်ချုပ်လိုသည်ဟု ပြောဆိုခဲ့သေးသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ထိုင်ဝမ်အား အမေရိကန်အစိုးရအဆက်ဆက် စစ်ရေး ထောက်ပံ့မှုများ အဓိကပေးခဲ့ခြင်းမှာ ရပ်ဆိုင်းသွားနိုင်ပြီး ကိုယ်တိုင် ကိုယ့်စစ်အင်အားကို ဖြည့်ရမည် ဟု သတိပေးပြောဆိုထားသဖြင့် လိုင်ချင်းတီက “အန္တိမ ရည်မှန်းချက်ကတော့ ဒိုမိုကရေစီစနစ်နဲ့ ထိုင်ဝမ်နိုင်ငံကို ထာ၀ရ ကာကွယ်သွားနိုင်ရေးပါ။ ပေကျင်းအစိုးရဟာ မကြာသေးမီကာလတွေမှာ ဒီမိုကရေစီနည်းနဲ့ သီးခြားရပ်တည်နေတဲ့ ထိုင်ဝမ်ကို တရုတ်-ထိုင်ဝမ်ဖြစ်စေဖို့ ဖိအားပေးနေခဲ့တယ်။ ထိုင်ဝမ်ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို အကြီးအကျယ်ခြိမ်းခြောက်နေတယ်။ ဒါကြောင့် စစ်ရေး အသုံး စားရိတ်မြှင့်တင်ပြီး ၂ နှစ်အတွင်း ကာကွယ်ရေးလုပ်ငန်းစဉ်အတွက် ငွေသုံးသွားမှာပါ” ဟုပြောသွားခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်အား ဆက်လက်ထောက်ပံ့ရန် မရေရာသော စကားမျိုး ဒေါ်နယ်ထရမ့်မှ ပြောနေခဲ့သော်လည်း မကြာသေးမီကပင် ထရမ့်သည် ထိုင်ဝမ်အား လက်နက်များဝယ်ယူနိုင်ရေး ‌ဒေါ်လာ သန်း ၃၀၀ တန် သဘောတူစာချုပ် ချုပ်ဆိုအတည်ပြုပေးခဲ့သည်။

လက်ရှိတွင် ထိုင်ဝမ်သည် စုစုပေါင်း ပြည်တွင်းထုတ်ကုန်ဝင်ငွေ GDP ၏ ၃ ရာခိုင်နှုန်းကိုသာ စစ်ရေးအသုံးစားရိတ်အဖြစ် သုံးနေသော်လည်း လာမည့်နှစ်မစတင်ပြီး ၃ ရာခိုင်နှုန်းကျော်စသုံးကာ ၂၀၃၀ ပြည့်နှစ်တွင် ၅ ရာခိုင်နှုန်းအထိ သုံးစွဲရန် သမ္မတ လိုင်ချင်းတီက လျာထားကြောင်း သိရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ထိုင်ဝမ်
#တရုတ်နိုင်ငံ
#စစ်အသုံးစရိတ်
#ရှီကျင်းဖျင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now