ကမ္ဘာ့သတင်း

ဘရတ်ပစ်ဟုဆိုကာ ချစ်ဟန်ဆောင်လိမ်လည်မှု ဆွစ်ဇာလန်သူ ပေါင် ၉၀၀၀၀ ဆုံးရှုံးရပြန်

မဲခေါင် 27 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၇ ကမ္ဘာတစ်ဝန်းနည်းမျိုးစုံဖြင့် လူသားများထံမှ ငွေကြေးဘီလီယံချီကာ လိမ်လည်နေသည့် ကျားဖြန့် ဒဏ်ကြောင့် ဆွစ်ဇာလန်သူ ပင်စင်စားအမျိုးသမီးကြီးတစ်ဦးသည် ပင်ပန်းခက်ခဲစွာ စုဆောင်းခဲ့ရသော ပေါင် ၉၀၀၀၀ ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ ပက်ထရစ်ရှာဆိုသည့် အမျိုးသမီးသည် ၂၀၂၄ ခုနှစ်တွင် ဘရတ်ပစ်၏ အင်စတာဂရမ် အကောင့်တုအား အစစ်မှတ်ပြီး Follow လုပ်ခဲ့ရာမှ ပြဿနာစတင်ခဲ့ပြီး ထိုအကောင့်အား ထိန်းချုပ်သည်ဟုဆိုသော ဘရတ်ပစ်၏ မန်နေဂျာဆိုသူက ဘရတ်ပစ်ကိုယ်တိုင်နှင့် တိုက်ရိုက်ဆက်သွယ်ချင်သလားဟု ပထမဆုံး ကမ်းလှမ်းလာကြောင်း၊ ဘရတ်ပစ်ကို အသည်းစွဲကြိုက်သူဖြစ်သောကြောင့် အားချင်းသဘောတူလက်ခံခဲ့ကြောင်း သိရသည်။ ယင်းနောက် ဘရတ်ပစ်ကိုယ်တိုင်က မိမိအား အလွန် နူးညံ့သိမ်မွေ့စွာဖြင့် ပြောဆိုဖေးမကြင်နာမှုစကားများဖြင့် အသည်းကြွေစေခဲ့ကြောင်း၊ အချစ်ရေ

မဲခေါင်၊ နိုဝင်ဘာ ၂၇

ကမ္ဘာတစ်ဝန်းနည်းမျိုးစုံဖြင့် လူသားများထံမှ ငွေကြေးဘီလီယံချီကာ လိမ်လည်နေသည့် ကျားဖြန့် ဒဏ်ကြောင့် ဆွစ်ဇာလန်သူ ပင်စင်စားအမျိုးသမီးကြီးတစ်ဦးသည် ပင်ပန်းခက်ခဲစွာ စုဆောင်းခဲ့ရသော ပေါင် ၉၀၀၀၀ ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

ပက်ထရစ်ရှာဆိုသည့် အမျိုးသမီးသည် ၂၀၂၄ ခုနှစ်တွင် ဘရတ်ပစ်၏ အင်စတာဂရမ် အကောင့်တုအား အစစ်မှတ်ပြီး Follow လုပ်ခဲ့ရာမှ ပြဿနာစတင်ခဲ့ပြီး ထိုအကောင့်အား ထိန်းချုပ်သည်ဟုဆိုသော ဘရတ်ပစ်၏ မန်နေဂျာဆိုသူက ဘရတ်ပစ်ကိုယ်တိုင်နှင့် တိုက်ရိုက်ဆက်သွယ်ချင်သလားဟု ပထမဆုံး ကမ်းလှမ်းလာကြောင်း၊ ဘရတ်ပစ်ကို အသည်းစွဲကြိုက်သူဖြစ်သောကြောင့် အားချင်းသဘောတူလက်ခံခဲ့ကြောင်း သိရသည်။

ယင်းနောက် ဘရတ်ပစ်ကိုယ်တိုင်က မိမိအား အလွန် နူးညံ့သိမ်မွေ့စွာဖြင့် ပြောဆိုဖေးမကြင်နာမှုစကားများဖြင့် အသည်းကြွေစေခဲ့ကြောင်း၊ အချစ်ရေ . . . ငါ့အတွက် အရာရာဟာမင်းပါပဲ၊ ထာ၀ရပါဟု ဆိုသော စာသားများလည်း ပို့ခဲ့ကြောင်း၊ သို့သော် ကမ္ဘာကျော်မင်းသားဖြစ် သောကြောင့် အခြားလူများအား အသိမပေးဘဲ လျှို့ဝှက်ထားရန်လည်း မှာကြားကြောင်း၊ တစ်ရက်တွင် လော့စ်အိန်းဂျလိစ်၌ လူချင်းတွေ့ကြမည်ဟု ချိန်းဆိုခဲ့ရာ မည်သူ့ကိုမျှ မခွဲခြားသော စျေးနှုန်းဖြစ်သည့် ဒေါ်လာ ၅၀၀၀၀ ပေးမှသာ စီစဉ်ရမည်များကို စီစဉ်ကာ အချိန်ပေးနိုင်မည်ဟု ကျားဖြန့်သမား ဘရတ်ပစ်က တုံ့ပြန်လာကြောင်း သိရသည်။

ကနဦးစဉ်းစားသေးပြီး နောက်မှ တရားဝင်ချစ်သူဖြစ်ရမည်ဆိုသော မျှော်လင့်ချက်ဖြင့် ဒေါ်လာ ၅၀၀၀၀ လွှဲပေးကာ လော့စ်အိန်းဂျလိစ်သို့သွားပြီး ချိန်းထားသည့် ဟိုတယ်တစ်ခုတွင် ၃ ပတ်ကြာ စောင့်နေခဲ့ သော်လည်း ပေါ်မလာခဲ့သဖြင့် နောက်ထပ် ဒေါ်လာ ၃ သောင်းကုန်ခဲ့ရကြောင်း ပက်ထရစ်ရှာက Mise Au Point ရုပ်သံ အစီအစဉ်တွင် ဝန်ခံပြောကြားသွားခဲ့သည်။

ပက်ထရစ်ရှာသည် ဘရတ်ပစ်ဟု ကျားဖြန့်သမားများက လိမ်လည်ကာ ငွေများစွာ ရယူခံရသည့် ပထမဆုံးအမျိုးသမီးမဟုတ်ဘဲ ပြင်သစ်မီလျံနာတစ်ဦး၏ ဇနီးအဖြစ်မှကွာရှင်းရာတွင် နစ်နာကြေးများစွာ ရရှိခဲ့သည့် ပြင်သစ်သူ အန်နီ (၅၃ နှစ်) သည်လည်း ဆေးရုံတွင် ကင်ဆာဝေဒနာခံစားရပြီး ဇနီးဟောင်း အိန်ဂျလီနာဂျိုလီနှင့်ကွာရှင်းမှု စာရွက်စာတမ်းမပြီးပြတ်ခြင်းကြောင့် ငွေများ ထုတ်သုံးမရဟုဆိုကာ AI ဖြင့် ဆေးရုံကုတင်ပေါ်မှ ဘရတ်ပစ်ပုံနှင့် ဗီဒီယိုများဖန်တီးပြီး ချစ်ဟန်ဆောင် လိမ်လည်မှုလည်း ၂၀၂၄ ခုနှစ်က ရှိခဲ့သေးသည်။

ထိုစဉ်က အန်နီသည် ချစ်လွန်းသလို နေမကောင်းသဖြင့် ကရုဏာလည်း သက်ရပြီး ကျားဖြန့်ဘရတ်ပစ်အား ပေါင် ၇၀၀၀၀၀ အထိ ပေးခဲ့ကာ လိမ်လည်ခံခဲ့ရသေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ကျားဖြန့်
#ဘရတ်ပစ်
#ဆွစ်ဇာလန်
#လိမ်လည်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now